Connect with us

Hi, what are you looking for?

သတင်း

ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေကို မေ့မထားကြဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

ဒုက္ခဆိုးတွေ ကြုံနေရတဲ့ မြန်မာပြည်သူတွေကို မေ့မထားကြဖို့ ပုပ်ရဟန်းမင်းကြီး လီယိုက တိုက်တွန်း ပြောကြားခဲ့ပါတယ်။

ဓါတ်ပုံ-The Guardian

နိုဝင်ဘာ-၆၊၂၀၂၅။People’s Spring

ဒုက္ခဆိုးတွေ ကြုံနေရတဲ့ မြန်မာပြည်သူတွေကို မေ့မထားကြဖို့ ပုပ်ရဟန်းမင်းကြီး လီယိုက တိုက်တွန်း ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့တုန်းက ဗာတီကန်မှာ ဝတ်ပြုသူတွေနဲ့ တွေ့ဆုံခဲ့တဲ့ ဆုတောင်းပွဲ အစီအစဉ် အပြီးသတ်ခါနီးမှာ ပုပ်ရဟန်းမင်းကြီးက သူနဲ့အတူ မြန်မာ အပါအဝင် ကမ္ဘာတလွှားက ပဋိပက္ခဒဏ်ခံ ပြည်သူတွေအတွက် ဆုတောင်းပေးကြဖို့ ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာဝင်တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ စစ်တပ်က မတရား အာဏာသိမ်းခဲ့တဲ့နောက်ပိုင်းပြည်တွင်းစစ်မီးတောက်လောင်နေရာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း ပုပ်ရဟန်း

Public Service Announcement

Public Service Announcement

မင်းကြီးက အထူးအလေးပေး ဆုတောင်းပေးခဲ့ပါတယ်။နောက်ပြီးနိုင်ငံတကာအသိုက်အဝန်း အနေနဲ့ မြန်မာပြည်သူတွေကို မေ့ဖျောက်မထားဖို့၊ လိုအပ်တဲ့ လူသားချင်း စာနာမှု အကူအညီတွေ ပေးပို့ကြဖို့ တိုက်တွန်းသွားပါတယ်။

မြန်မာဟာ လက်ရှိ ကမ္ဘာတလွှားမှာ လူသားချင်း စာနာမှုဆိုင်ရာ အကြီးမားဆုံး ကပ်ဘေးသင့်မှု ကြုံနေတဲ့ နိုင်ငံတစ်ခု ဖြစ်လာနေချိန်မှာ ပုပ်ရဟန်းမင်းက မြန်မာပြည်သူတွေကို မေ့မထားကြဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

၅ နှစ်လောက်ရှည်ကြာခဲ့ပြီးဖြစ်တဲ့ ပြည်တွင်းစစ်ကြောင့် လူပေါင်း ၃ သန်းကျော်နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ပြည်သူအများအပြားဟာ ငတ်မွတ်မှု၊ ဆင်းရဲနွမ်းပါးမှုနဲ့ ပဋိပက္ခနောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားနေရပါတယ်။

အာဏာတည်မြဲရေး တစ်ခုတည်းကိုပဲ တွေးထားတဲ့ စစ်တပ်ဟာ တော်လှန်ရေးအားကောင်းရာ နယ်မြေတွေမှာ လူနေရပ်ရွာတွေကိုပါ ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာ၊ လူသားချင်း စာနာမှု ထောက်ပံ့ရေး လမ်းကြောင်းတွေကို တားဆီးပိတ်ပင်တာတွေ ကျူးလွန်နေတာကြောင့် ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေက ပိုမို ကြီးထွားလာခဲ့ပါတယ်။

ပထမဆုံး အမေရိကန်နိုင်ငံသား ပုပ်ရဟန်းမင်းကြီးဖြစ်တဲ့ ပုပ်လီယိုဟာ အရင်ကလည်း ဝတ်ပြုဆုတောင်းမှု အစီအစဉ်တွေမှာ မြန်မာနိုင်ငံက စစ်ဘေးသင့်ပြည်သူတွေအကြောင်းအခါအားလျော်စွာ ထည့်သွင်း ရည်ညွှန်း ပြောဆိုခဲ့ဖူးပါတယ်။

သူဟာ အရင် ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ် ကွယ်လွန်ခဲ့တဲ့နောက် မေလကစပြီး ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အကြီးအမှူး တာဝန်တွေကို စတင်ထမ်းဆောင်နေခဲ့တာလည်း ဖြစ်ပါတယ်။

ကိုးကား-Vatican News

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

အတွေးအမြင်

မုန်တိုင်းဘေးသင့်ခဲ့​ပေမယ့် ကံ​ကောင်းခဲ့တဲ့ အောင်ချင်းငှက်နှစ်ကောင်အကြောင်းကို ဩစတေးလျသံရုံးက ဒီနေ့ထုတ်ပြန်လာပါတယ်။

သတင်း

စက်သုံးဆီ‌ချွေတာဖို့နဲ့ စက်သုံးဆီအခက်အခဲကြောင့် ရုန်းကန်နေရတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေတာကို ပြသတဲ့အနေနဲ့ စက်ဘီးနဲ့သွား‌ရုံးတက်နေတယ်လို့ နယ်သာလန်သံရုံးရဲ့ ဒုတိယအကြီးအကဲ မစ္စတာ ၀င်းမ်ဗန်ဒွေါန်က ပြောပါတယ်။

နိုင်ငံတကာ

ကိုယ့်သဘောနဲ့ကိုယ် ရွေးချယ်ထားတဲ့ စစ်ပွဲတွေမှာ ဘုရားသခင်ရဲ့ နာမတော်ကို အသုံးချနေတာဟာ မလျော်ကန်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက ဝေဖန်ခဲ့ပါတယ်။ ဘုရားသခင်ဟာ ဘယ်လို စစ်ရေး ပဋိပက္ခကိုမှ ကောင်းချီးမပေးဘူးလို့ ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အထွဋ်အခေါင် ပုဂ္ဂိုလ်ကြီးက လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။