Connect with us

Hi, what are you looking for?

သတင်း

ရွေးကောက်ပွဲကမ်ပိန်းမပူးပေါင်းလို့ဆိုကာ စစ်အုပ်စုက ဖွေးဖွေးကိုဖမ်းဆီး

အလင်း​ရောင် ပါအဖမ်းခံရဟုသတင်း​ထွက်​နေ

ဓာတ်ပုံ - Phway Phway's Facebook

နိုဝင်ဘာ-၆၊၂၀၂၅။ တေဇ/People’s Spring

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဝါဒဖြန်ချီ​ရေးအတွက် မပူးပေါင်းလို့ဆိုပြိး သရုပ်ဆောင်ဖွေးဖွေးကို စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ အနုပညာအသိုင်းအဝိုင်းကနေ သိရပါတယ်။

ပြင်ဦးလွင်မြို့မှာ ဇာတ်ကားရိုက်နေတဲ့ ဖွေးဖွေးကို စစ်ကောင်စီဘက်က လာရောက်ဖမ်းဆီးသွားတာလို့ အနုပညာလောကသားအချို့က People’s Spring ကို အတည်ပြုပါတယ်။

“​ဖွေး​ဖွေးအဖမ်းခံရတာ​တော့​သေချာတယ်။ အလင်း​ရောင်ကို​တော့အတည်မပြုနိုင်​သေးဘူး”လို့ အနုပညာ​လောကသားတဦးက​ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအားပေးတဲ့ တယ်လီဂရန် ချန်နယ်တွေမှာလည်း “ရွေးကောက်ပွဲ လှူံ့ဆော်ရေးအတွက် ခေါ်နေတာ မလာတဲ့ အကယ်ဒမီများရှင်မင်းသမီးလေးပြင်ဦးလွင်မှာ အခေါ်ခံလိုက်ရပါပြီ” လို့ရေးသားပြီး နိုဝင်ဘာ ၆ ရက်မှာ ဝါဒဖြန့်ချီနေတာတွေ့ရပါတယ်။ ဒါအပြင်စစ်တပ်တယ်လီဂရန်ချန်နယ်တွေမှာတော့ စစ်ကောင်စီဘက်က ခေါ်ယူစစ်ဆေးပြီး ကမ်ပိန်းမှာပူးပေါင်းပါဝင်ပေးဖို့ စည်းရုံးနေတာလို့ဆိုပါတယ်။

စစ်အုပ်စုက အနုပညာရှင်တွေကို ရွေးကောက်ပွဲ ဝါဒဖြန့် ကမ်ပိန်းတွေမှာနိုဝင်ဘာ ၅ ရက်နောက်ဆုံးထားပါဝင်ဖို့ ညွှန်ကြားထားပြီး လူသိများတဲ့ အနုပညာရှင်တွေထဲက အလင်းရောင် နဲ့ ဖွေးဖွေးက နိုဝင်ဘာ ၅ ရက် ညနေအထိ ဆက်သွယ်မရဘူးလို့ စစ်တပ်​အမာခံထောက်ခံတဲ့ကျော်မျိုးမင်းက လည်းပြောထားပါတယ်။

ကမ်ပိန်းမှာမပါဝင်တဲ့အနုပညာရှင်တွေကိုအာဏာသိမ်းကာလစတင်ချိန်ကပါဝင်ခဲ့တဲ့အကြောင်းပြချက်အပါအဝင် အခြားကိစ္စတွေနဲ့ စစ်အုပ်စုက အရေးယူမှာဖြစ်တယ်လို့ ကျော်မျိုးမင်းက ခြိမ်းခြောက်ပြောဆိုထားပါတယ်။

စစ်အုပ်စုက သူတို့စိတ်တိုင်းကျလုပ်ဖို့ပြင်​နေတဲ့ရွေးကောက်ပွဲ အတွက အနုပညာလောက က နာမည်ကြီးသရုပ်ဆောင်တွေကိုသုံးထားတဲ့ ဝါဒဖြန့်ဇာတ်ကား ကို အောက်တိုဘာ နောက်​ဆုံးပတ်မှာ ထုတ်လွှင့်ခဲ့ပေမယ့် ပြည်သူတွေဘက်က အနုပညာရှင်တွေကို ​​ဝေဖန်ပြစ်တင်မှုတွေနဲ့အတူသပိတ်​မှောက်တာ( Boycott)နဲ့ လူမှု​ရေးပြစ်ဒဏ်ခတ်တာ( Social Punishment )​တွေလုပ်လာကြပါတယ်။

ဒါကြောင့် ​စစ်တပ်လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ မှာ အနုပညာရှင်အားလုံးကို အရေးပေါ် အစည်းအဝေးခေါ်ပြီး ရွေးကောက်ပွဲ ကမ်ပိန်းအတွက်မဖြစ်မ​နေပါဝင်ပေးဖို့ နဲ့ မပါဝင်ရင်အရေးယူမယ့်အကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။

စစ်ကောင်စိီက သူတို့ရဲ့ ဝါဒဖြန့်ဇာတ်ကားကို ဝေဖန်လို့ ၊ ဝေဖန်တဲ့ အကြောင်းအရာတွေကို ထောက်ခံလို့ဆိုတဲ့ အကြောင်းပြချက်နဲ့လည်းစစ်တပ်က ဒါရိုက်တာ သုံးဦးနဲ့ သရုပ်ဆောင်နှစ်ဦးကို မတရားဖမ်းဆီးထားပါသေးတယ်။

ဒီ​နေ့ည ၈ နာရီခွဲမှာ စစ်တပ်​ထောက်ခံတဲ့ သတင်းဌာနတစ်ခုမှာတော့ ဖွေးဖွေး ပြန်လွတ်ပြီး အလင်းရောင် ထပ်အဖမ်းခံရတယ်လို့ သတင်းဖော်ပြထားပါတယ် ။ဒါ​ပေမယ့် အဲဒီအချက်အလက်​တွေကို လူထုနွေဦးအနေနဲ့ သီးသန့် အတည်ပြုနိုင်ခြင်းမရှိ​သေးပါဘူး။

အကျဥ်းကျရာက​နေပြန်လွတ်လာပြီး ဇာတ်ကား​တွေမရိုက်​တော့တဲ့အနုပညာရှင်​တွေအပါအဝင် အနုပညာရှင်​တွေ အားလုံးကို စစ်တပ်က ဝါဒဖြန့်ဖို့ရိုက်ကူးမ​ပေးရင် အ​ရေးယူမယ်လို့ခြိမ်း​ခြောက်ပြီး​နောက်မှာဒါရိုက်တာ ဝိုင်း ၊မီးပွား ၊မင်းလွင်ထက် ၊သြရသ ၊ အိန္ဒြာ​ကျော်ဇင် ၊​ပြေတီဦးစတဲ့ နမည်ကြီးအနုပညာရှင်​တွေပါ ရိုက်ကူး​ပေး​နေရတယ်လို့ စုံစမ်းသိရပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။