Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူလဝကရုံးမှာ ပျူရွာတွေကမဟုတ်ရင် မှတ်ပုံတင်လုပ်မပေး

မကွေးတိုင်း၊ ပခုက္ကူမြို့က စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)ရုံးမှာ ကျေးရွာတွေက မှတ်ပုံတင်လာလုပ်သူတွေကို ပျူစောထီးရွာတွေကမဟုတ်ရင် လုပ်မပေးကြောင်း ဒေသခံတွေက ပြောပါတယ်။

ပခုက္ကူလဝကရုံးအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

နိုဝင်ဘာ-၂၇၊၂၀၂၅။ဇေအောင်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့က စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)ရုံးမှာ ကျေးရွာတွေက မှတ်ပုံတင်လာလုပ်သူတွေကို ပျူစောထီးရွာတွေကမဟုတ်ရင် လုပ်မပေးကြောင်း ဒေသခံတွေက ပြောပါတယ်။

ပခုက္ကူခရိုင်ထဲမှာပါတဲ့ ပေါက်နဲ့ မြိုင်မြို့နယ်က ပြည်သူတွေဟာ ၎င်းတို့ရဲ့မြို့တွေမှာ လဝကရုံးတွေပိတ်ထားတဲ့အတွက် ပခုက္ကူမြို့က ခရိုင်လဝကရုံးမှာ မှတ်ပုံတင်သွားလုပ်ရကြောင်း၊ ဒါပေမဲ့ ပျူစောထီးရွာတွေကမဟုတ်ရင် မှတ်ပုံတင်လုပ်မပေးတာတွေ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဘယ်ရွာကလဲမေးတယ်။ ပျူရွာတွေက မဟုတ်ရင် လုံးဝလုပ်မပေးဘူး။”လို့ ပေါက်မြို့နယ်၊ ကျေးရွာတစ်ရွာက မှတ်ပုံတင်သွားလုပ်ခဲ့တဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင်ရေစကြိုနဲ့ ဆိပ်ဖြူမြို့နယ်တွေမှာလည်း ရုံးဖွင့်ထားပေမဲ့ တော်လှန်ရေးအားကောင်းတဲ့ရွာတွေကဆိုရင်လုပ်မပေးတာ၊ ငွေသိန်းချီတောင်းတာတွေ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေဟာ အလုပ်ကိစ္စအရ နယ်ဝေးသွားချင်ရင် မှတ်ပုံတင်မပါရင် စစ်တပ်ဂိတ်တွေက ခြိမ်းခြောက်ငွေညှစ်တာတွေ၊ အလုပ်ရဖို့ခက်ခဲတာတွေ ဖြစ်လေ့ရှိတဲ့အတွက် မှတ်ပုံတင်ရအောင် ကြိုးစားနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းကာလအတွင်း ငွေဝင်ကောင်းနေတဲ့ဌာနတွေထဲ လဝကရုံးတွေလည်း ပါဝင်နေပြီး မှတ်ပုံတင်ရဖို့ ငွေသိန်းချီတောင်းယူနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အမှတ်(၂၅၂)ခြေလျင်တပ်ရင်း ခလရ-၂၅၂ရဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတပ်သားသစ် တစ်ဦး ပခုက္ကူအခြေစိုက် COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်လာခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းထိုးလို့ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးငွေညှစ်နေကြောင်း ပခုက္ကူလူထုတိုက်ပွဲကော်မတီက အသိပေးပါတယ်။