Connect with us

Hi, what are you looking for?

သတင်း

ရွှေဝါရောင်တော်လှန်ရေးတွင်သံဃာတော်များနှင့် ပြည်သူများ၏ စွန့်လွှတ်အနစ်နာခံမှုများကို အလဟဿမဖြစ်ရန်အတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သံဃသမဂ္ဂ(မန္တလေး) ထုတ်ပြန်

ရွှေဝါရောင်တော်လှန်ရေးတွင်သံဃာတော်များနှင့် ပြည်သူများ၏ စွန့်လွှတ်အနစ်နာခံမှုများကို အလဟဿမဖြစ်စေရန်အတွက် တရားမျှတမှုနှင့် လွတ်လပ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သံဃသမဂ္ဂ(မန္တလေး)က ထုတ်ပြန်သည်။

​ရွှေဝါ​ရောင်​တော်လှန်​ရေးတွင်သံဃာ​တော်များ လမ်း​လျှောက်ကြွချီ​မေတ္တာပို့စဥ်။ဓါတ်ပုံ-AP

စက်တင်ဘာ-၂၆၊၂၀၂၅။ဇေအောင်/People’s Spring

ရွှေဝါရောင်တော်လှန်ရေးတွင်သံဃာတော်များနှင့် ပြည်သူများ၏ စွန့်လွှတ်အနစ်နာခံမှုများကို အလဟဿမဖြစ်စေရန်အတွက် တရားမျှတမှုနှင့် လွတ်လပ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သံဃသမဂ္ဂ(မန္တလေး)က ထုတ်ပြန်သည်။

ရွှေဝါရောင်တော်လှန်ရေး ၁၈ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သံဃသမဂ္ဂ(မန္တလေး)စက်တင်ဘာလ ၂၅ ရက်တွင် သဘောထားကြေညာချက်တစောင်ထုတ်ပြန်ခဲ့သည်။

သံဃသမဂ္ဂ (မန္တလေး) အဖွဲ့သည် ၂၀၀၇ ခုနှစ်က သံဃာတော်များနှင့် ပြည်သူလူထုတို့၏ ရဲဝံ့သော စိတ်ဓာတ်နှင့် စွန့်လွှတ်အနစ်နာခံမှုများကို ဂုဏ်ပြုအမှတ်ရကြောင်း၊ ဤတော်လှန်ရေးသည် မြန်မာ့သမိုင်းတွင် တရားမျှတမှု၊ လွတ်လပ်မှုနှင့် ဒီမိုကရေစီဆန္ဒတို့ကို ပြတ်သားစွာ ထုတ်ဖော်ခဲ့သော မီးရှူးတန်ဆောင်တစ်ခုဖြစ်ကြောင်း၊ သံဃာတော်များနှင့် ပြည်သူများ၏ စည်းလုံးညီညွတ်မှုသည် စစ်အာဏာရှင်စနစ်၏ ဖိနှိပ်မှုများကို ဆန့်ကျင်ရာတွင် မယိမ်းမယိုင် ရပ်တည်ခဲ့ပုံကို သက်သေပြခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် စီးပွားရေးအကြပ်အတည်းနှင့် မတရားဖိနှိပ်မှုများကို ဆန့်ကျင်သည့်အနေဖြင့် သံဃာတော်များက ဦးဆောင်ကာ ပြည်သူထောင်ပေါင်းများစွာနှင့်အတူပခုက္ကူ၊ မန္တလေး၊ ရန်ကုန်နှင့် အခြားမြို့ကြီးများတွင် ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။

သံဃာတော်များ၏ ဦးဆောင်မှုသည် မြန်မာ့လူ့အဖွဲ့အစည်းတွင် သံဃာတော်များ၏ နိုင်ငံရေးအရ အရေးပါသော အခန်းကဏ္ဍကို ထင်ရှားစေခဲ့ကြောင်း၊သို့သော်စစ်အာဏာရှင်အဖွဲ့၏ အကြမ်းဖက်ဖြိုခွဲမှုကြောင့် သံဃာတော်များနှင့် ပြည်သူများ အသက်ဆုံးရှုံးခဲ့ရပြီး၊ ထောင်ပေါင်းများစွာ ဖမ်းဆီးခံခဲ့ရကြောင်း၊ ဤဖြစ်ရပ်များသည် မိမိတို့ စိတ်နှလုံးထဲတွင် နက်ရှိုင်းစွာ စွဲထင်နေဆဲဖြစ်ကြောင်းသံဃသမဂ္ဂ(မန္တလေး)ကအသိပေးသည်။

ယခုအခါ နွေဦးတော်လှန်ရေးသည် မြန်မာပြည်သူများ၏ လွတ်လပ်ရေးနှင့် တရားမျှတမှုအတွက် ဆက်လက်တိုက်ပွဲဝင်နေသော မီးရှူးတန်ဆောင်တစ်ခုဖြစ်ကြောင်း၊ ရွှေဝါရောင်တော်လှန်ရေး၏ စိတ်ဓာတ်သည် ကျွန်ုပ်တို့၏ ယုံကြည်ချက်နှင့် စည်းလုံးမှုကို ဆက်လက်လှုံ့ဆော်ပေးနေကြောင်း သံဃသမဂ္ဂ (မန္တလေး)ကဆိုသည်။

သံဃသမဂ္ဂ (မန္တလေး) အဖွဲ့အနေဖြင့် ရွှေဝါရောင်စိတ်ဓာတ်ကို ဆုပ်ကိုင်ထားရင်းနွေဦးတော်လှန်ရေး၏ အောင်မြင်မှုအတွက် အောက်ပါအတိုင်း ကတိပြုကြောင်း ဖော်ပြသည်။

ကတိပြုသည့် အချက် ၄ ချက်မှာ

  • ၁။တရားမျှတမှုနှင့် လွတ်လပ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ရန်။
    ရွှေဝါရောင်တော်လှန်ရေးတွင် သံဃာတော်များနှင့် ပြည်သူများ၏ စွန့်လွှတ်အနစ်နာခံမှုများကို အလဟဿမဖြစ်စေရန်၊ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ပြီး ဒီမိုကရေစီအစိုးရတစ်ရပ် ထူထောင်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားပါမည်။
  • ၂။သံဃာတော်များ၏ ဦးဆောင်မှုကို ဆက်လက်ထိန်းသိမ်းရန်။
    မြန်မာ့လူ့အဖွဲ့အစည်းတွင် သံဃာတော်များ၏ ခေတ်အဆက်ဆက် နိုင်ငံရေးအရဦးဆောင်မှုကို ဂုဏ်ယူစွာဖြင့် ဆက်လက်ထိန်းသိမ်းကာ ပြည်သူများနှင့်အတူ တစ်သားတည်း ရပ်တည်သွားပါမည်။
  • ၃။ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးကို မြှင့်တင်ရန်။
    ရွှေဝါရောင်တော်လှန်ရေးက ပြသခဲ့သော စည်းလုံးညီညွတ်မှုကို အခြေခံ၍ လူမျိုးဘာသာမခွဲခြားဘဲ ပြည်သူအားလုံးနှင့်အတူ ငြိမ်းချမ်းစွာ တော်လှန်ရေးကို ဆက်လက်တည်ဆောက်သွားပါမည်။
  • ၄။နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို တောင်းဆိုရန်။
    ရွှေဝါရောင်တော်လှန်ရေးကို ကမ္ဘာ့အသိုင်းအဝိုင်းက အားပေးထောက်ခံခဲ့၏။ ယခု နွေဦးတော်လှန်ရေး တွင်လည်း နိုင်ငံတကာအသိုင်းအဝိုင်း၏ ထိရောက်သော ဖိအားပေးမှုနှင့် ပံ့ပိုးမှုများကို ဆက်လက် တောင်းဆိုပါသည်ဟု ရေးသားထားသည်။

သံဃသမဂ္ဂ (မန္တလေး) အဖွဲ့သည် ရွှေဝါရောင်တော်လှန်ရေး၏ စိတ်ဓာတ်ကို ဆုပ်ကိုင်ထားရင်း၊ နွေဦးတော်လှန်ရေး၏ အောင်မြင်မှုအတွက် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊၂၀၀၇ ခုနှစ်က အသက်ပေးသွားခဲ့ရသော သံဃာတော်များနှင့် ပြည်သူများအား အောက်မေ့ဂုဏ်ပြုကာ၊ သူတို့၏ စွန့်လွှတ်မှုများသည် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု၏ အုတ်မြစ်အဖြစ် ထာဝရရှိနေမည်ဖြစ်ကြောင်း အလေးအနက်ဖြင့် ကတိပြုပါသည်ဟု သံဃသမဂ္ဂ(မန္တလေး)က ထုတ်ပြန်ထားသည်။

ရွှေဝါရောင်တော်လှန်ရေးသည်၂၀၀၇ ခုနှစ်သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စစ်တပ်ကအုပ်ချုပ်ထားသည့် ယင်းကာလတွင် လောင်စာဆီများ စျေးနူန်းမြင့်တက်လာ၍ ပခုက္ကူမြို့မှ သံဃာတော်များက စတင်ကာ ဆန္ဒပြခဲ့ကြသည်။ ထို့နောက် တနိုင်ငံလုံးရှိ သံဃာထုပါ ပါဝင်လာခဲ့ကြသည်။

ကန့်ကွက်ဆန္ဒပြမှုများကိုစက်တင်ဘာ ၂၆ ရက်နေ့တွင် အုပ်ချုပ်နေသည့်စစ်တပ်က အကြမ်းဖက်ပစ်ခတ်နှိမ်နင်းမှုကြောင့် သံဃာတော်များအပါအဝင် ပြည်သူများစွာ​သေဆုံးထိခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။