Connect with us

Hi, what are you looking for?

သတင်း

စစ်တပ် ခြယ်လှယ်မယ့် ရွေးကောက်ပွဲကို အသိအမှတ် မပြုဖို့ ထရမ့်အစိုးရကို အမေရိကန် အမတ်တွေ တောင်းဆို

အာဏာသိမ်း စစ်တပ်က ခြယ်လှယ်ပြီး ကျင်းပမယ့် မြန်မာ့ ရွေးကောက်ပွဲ ရလဒ်တွေကို အသိအမှတ် မပြုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို အမေရိကန် လွှတ်တော် နှစ်ရပ်ရဲ့ အမတ်တွေကတိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

နိုဝင်ဘာ ၂၇၊၂၀၂၅။ Peoplespring

အာဏာသိမ်း စစ်တပ်က ခြယ်လှယ်ပြီး ကျင်းပမယ့် မြန်မာ့ ရွေးကောက်ပွဲ ရလဒ်တွေကို အသိအမှတ် မပြုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို အမေရိကန် လွှတ်တော် နှစ်ရပ်ရဲ့ အမတ်တွေကတိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

ဒီဇင်ဘာ လကုန်ပိုင်းကစလို့ အပိုင်းလိုက်ခွဲပြီး ကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတမယ့် အခြေအနေ လုံးဝ မရှိဘူးလို့ ဘက်မလိုက် အင်အားစုတွေအဖြစ် စုစည်းထားတဲ့ အထက်နဲ့အောက် လွှတ်တော် အမတ်တွေက ပြောကြားခဲ့ပါတယ်။

လွှတ်တော် နှစ်ရပ်ရဲ့ နိုင်ငံခြား ဆက်ဆံရေး မူဝါဒတွေမှာ အဓိက ဦးဆောင်သူတွေဖြစ်တဲ့အထက်လွှတ်တော် အမတ် ဂျင်မ်ရစ်ရှ်၊ ဂျင်နီရှာဟင်နဲ့ အောက်လွှတ်တော်အမတ် ဘရိုင်ယန်မတ်စ်၊ ဂရီဂိုရီမိခ်စ်တို့ ဦးဆောင်ပြီး ကြေညာချက် ထုတ်ပြန်ရာမှာ ဒီဇင်ဘာ ၂၈ ရက်နေ့က စတင်ကျင်းပမယ့် မြန်မာ့ ရွေးကောက်ပွဲဟာ တရုတ်ရဲ့ ထောက်ပံ့မှုနဲ့ စစ်တပ်အလိုကျ လုပ်ဆောင်မယ့် ကိစ္စမျိုးလို့ ထောက်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံက ရွေးကောက်ပွဲ ဆိုတာဟာ အတုအယောင် တစ်ခုသာဖြစ်မယ်ဆိုတာ မြင်သာနေပြီးသားလို့ ဘက်မလိုက် လွှတ်တော်အမတ်တွေက ဝေဖန်ခဲ့ပါတယ်။ တစ်နည်းအားဖြင့် ၂၀၂၁ ခုနှစ်မှာ မတရား အာဏာသိမ်းခဲ့ပြီး တရုတ်က ကျောထောက်နောက်ခံ ပေးထားတဲ့ ၊ ပြည်သူလူထုအပေါ် အကြမ်းဖက်နေတဲ့ မြန်မာစစ်တပ်ရဲ့ အုပ်ချုပ်မှုကို တရားဝင် အသိအမှတ် ပြုပေးလိုက်တာနဲ့ အတူတူပဲဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အောက်လွှတ်တော်ရဲ့ နိုင်ငံခြားရေး ကော်မတီဟာ မကြာသေးခင်က မြန်မာ့ ရွေးကောက်ပွဲရဲ့ တရားဝင်မှု၊ မဝင်မှုကို ဆန်းစစ်တဲ့ ကြားနာမှုတစ်ခုကို လုပ်ဆောင်ခဲ့ပါသေးတယ်။ အမေရိကန် တန်ဖိုးထားတဲ့ ဒီမိုကရေစီ စံနှုန်းတွေ၊ နိုင်ငံတကာ လက်ခံထားတဲ့ လူ့အခွင့်အရေး စံတန်ဖိုးတွေအရ ထရမ့်အစိုးရော၊ အမေရိကန်ရဲ့ ဒီမိုကရေစီ မဟာမိတ်တွေ အားလုံးပါ မြန်မာရဲ့ မယုံကြည်ထိုက်တဲ့ ရွေးကောက်ပွဲနဲ့ ထွက်ပေါ်လာမယ့် ရလဒ်တွေကို ဆန့်ကျင်ကြဖို့လည်း အမေရိကန် လွှတ်တော် အမတ်တွေက တောင်းဆိုခဲ့ပါတယ်။ မြန်မာ ပြည်သူတွေက သူတို့ရဲ့ အစိုးရကို လွတ်လပ်စွာ၊ မျှတစွာ တင်မြှောက်ခွင့်ကနေ ပိတ်ပင်ထားတဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ် မှန်သမျှကိုလည်း ဆန့်ကျင်ကြဖို့ အမေရိကန် အမတ်တွေက တိုက်တွန်းခဲ့ပါတယ်။

မြန်မာပြည်သူတွေဟာ စစ်တပ်ရဲ့ သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ ညှင်းပန်းနှိပ်စက်မှုတွေကို ရဲရဲရင့်ရင့် အန်တုရင်း အာဏာရှင် အုပ်စိုးမှု၊ စစ်တပ်ရဲ့ အလုံးစုံ ထိန်းချုပ်မှုတွေကို ဆန့်ကျင် ဖီဆန်နေကြောင်း၊ စစ်တပ်ဟာ ၂၀၂၃ ခုနှစ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေး ပါတီတွေကို ဖျက်သိမ်းပြီး ဖိနှိပ်မှုတွေကိုလည်း ဆက်လက် အရှိန်မြှင့် ကျူးလွန်နေခဲ့ကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲမှာ လူထုဆန္ဒနဲ့အညီ အနိုင်ရခဲ့တဲ့ လွှတ်တော် အမတ်တွေ အများအပြားဟာ ပြည်ပကို ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ ဒီအချက်အလက်တွေကို ကြည့်ရုံနဲ့တင် ရွေးကောက်ပွဲဟာ လွတ်လပ်မှုနဲ့ တရားမျှတမှု ကင်းမဲ့တယ်ဆိုတာ မြင်သာစေကြောင်း အမေရိကန် အမတ်တွေက ပြောပါတယ်။

အဘက်ဘက်က အခြေအနေတွေကို လေ့လာ သုံးသပ်ကြည့်တဲ့အခါ အမေရိကန် အစိုးရဟာ မြန်မာစစ်တပ် ကြီးမှူးမယ့် ရွေးကောက်ပွဲကို ခြွင်းချက်မရှိ ကန့်ကွက်သင့်တယ်လို့လည်း အမေရိကန် လွှတ်တော်နှစ်ရပ်ရဲ့ ဘက်မလိုက် အမတ်တွေက တိုက်တွန်းထားခဲ့ပါတယ်။

တခြားတစ်ဖက်မှာတော့ မြန်မာနိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးရေး အခြေအနေ (TPS)နဲ့ အမေရိကန်မှာ နေထိုင်ခွင့် ပေးထားမှုကို ရုပ်သိမ်းမယ့်အကြောင်း ပြည်တွင်း လုံခြုံရေးဝန်ကြီး ခရစ္စတီနိုအမ်က အခုသီတင်းပတ် အစောပိုင်းမှာ ကြေညာခဲ့ရာမှာ မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ပိုတိုးတက်လာပြီမို့ TPSက ဆက်ပြီး မလိုအပ်တော့ဘူးလို့ ထည့်သွင်း ဖော်ပြထားပါတယ်။

နိုအမ်ရဲ့ ကြေညာချက်ထဲမှာတော့ ဒီဇင်ဘာလကျရင် မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်သလို အောင်မြင်တဲ့ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်း သဘောတူညီမှုတွေကိုလည်း မြင်လာရတာကြောင့် မြန်မာနိုင်ငံသားတွေ နေရပ်ကို ဘေးကင်းကင်းနဲ့ ပြန်နိုင်ပြီလို့ ယူဆကြောင်း ပါရှိခဲ့ပါတယ်။ TPS ရုပ်သိမ်းဖို့အတွက် အဲဒီလို လက်တွေ့မကျတဲ့ အကြောင်းပြချက်မျိုး ပေးခဲ့တဲ့အတွက် လူ့အခွင့်အရေး အင်အားစုတွေကလည်း အမေရိကန် ပြည်တွင်းလုံခြုံရေး ဝန်ကြီးအပေါ် ဝေဖန်နေကြပါတယ်။

စစ်တပ်က ကြီးမှူးမယ့် မြန်မာ့ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတယ်လို့ တကယ်ယူဆရင်တော့ နိုအမ်ဟာ အကြီးအကျယ် စိတ်ကစဉ့်ကလျားမှု၊ ထင်ယောင်ထင်မှားမှုတွေ ဖြစ်နေတာပဲလို့ အာရှ လူ့အခွင့်အရေးနဲ့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားမှုအဖွဲ့ ဒါရိုက်တာ ဖီးလ်ရောဘတ်ဆန်က ပြောပါတယ်။

နိုအမ်ကတော့ သူဟာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ပါ ညှိနှိုင်း တိုင်ပင်ပြီးမှ မြန်မာနိုင်ငံမှာ အခြေအနေတွေ တိုးတက်လာပြီး နိုင်ငံသားတွေ နေရပ်ပြန်နိုင်ပြီဆိုတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တာလို့ ကာကွယ် ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း သူ့စကားက အမြီးအမောက် မတည့်မှုအဖြစ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ နောက်ဆုံး ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမှာ သတ်ဖြတ်မှု၊ ဖျောက်ဖျက်မှု၊ ဖမ်းဆီးမှု၊ နှိပ်စက်ညှင်းပန်းမှု၊ လူမဆန်တဲ့ ရက်စက်မှု၊ ဆိုးရွားတဲ့ ဒဏ်ခတ်မှု စတာတွေ ဆက်လက် ဖြစ်ပေါ်နေကြောင်း ခိုင်လုံတဲ့ အထောက်အထားတွေ တွေ့ရှိရပြီး အမေရိကန် နိုင်ငံသားတွေ မသွားရောက်သင့်ဘူးလို့ သတိပေးထားပါတယ်။

ကိုးကား: News Max

ဆက်စပ်သတင်းများ

သတင်း

မိုးကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်တွ တိုက်ပွဲဆက်ဖြစ်နေပြီး ဒီကနေ့ (ဒီဇင်ဘာ၄ရက်) မနက်အစောပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်က ဆေးရုံနဲ့ ကျေးရွာထဲကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ CDM ဆရာဝန်တစ်ဦးအပါအဝင် ငါးဦးသေဆုံးပြီး အမျိုးသမီးတွေအပါအဝင် ရှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

မန္တ​လေးမြို့မှာ ဒီဇင်ဘာ ၃ ရက်မနက်မနက်ပိုင်းမှာ စစ်တပ်​ရွေး​ကောက်ပွဲ ဆန့်​ကျင်​ကြောင်းဆန္ဒပြသွားသလိုဒီ​နေ့ အာဏာသိမ်းခေါင်းဆောင်ပါ ရောက်လာတာ​ကြောင့် စစ်တပ်က မြို့တွင်းကို RPGထမ်းကာ ခြေလျင်ကင်းလှည့်ခဲ့တယ်လို့ မြို့ခံ တွေက​ပြောပါတယ်။

အတွေးအမြင်

အညစ်ပတ်ဆုံးရွေးကောက်ပွဲများလို့ခေါင်းစဉ်တပ်လိုက်တဲ့အခါ အတော်ခေါင်းစားရပါတယ်။ရေးစရာ မရှိလို့မဟုတ်ပါ။ရေးစရာများနေလို့ဖြစ်ပါတယ်။