Connect with us

Hi, what are you looking for?

သတင်း

သီပေါမှာစစ်သား၂ဦးက အိမ်နှစ်လုံးကိုဓားပြတိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊သီပေါမြို့နယ်မိုးတေရွာအုပ်စု ကွန်စံလိတ်ကျေးရွာက ဒေသခံပြည်သူရဲ့ နေအိမ် (၂)အိမ်ကို စစ်သား၂ဦးကအိမ်ရှင်ကို သေနတ်ထောက် ဓားပြတိုက်သွားကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ထုတ်ပြန်ပါတယ်။

သီပေါမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် တွေ့ရသော စစ်ကောင်စီတပ်သားများ။ဓာတ်ပုံ - စကစ

ဒီဇင်ဘာ-၂၊ ၂၀၂၅။ ဆန်အောင်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊သီပေါမြို့နယ်မိုးတေရွာအုပ်စု ကွန်စံလိတ်ကျေးရွာက ဒေသခံပြည်သူရဲ့ နေအိမ် (၂)အိမ်ကို စစ်သား၂ဦးကအိမ်ရှင်ကို သေနတ်ထောက် ဓားပြတိုက်သွားကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၈ရက် မနက်အစောမှာ သေနတ်ကိုင်ထားတဲ့ စစ်သား ၂ဦးကကွန်စံလိတ်ရွာက နေအိမ် ၁အိမ်ကို ဓားပြတိုက်ပြီး နေအိမ်စျေးဆိုင်က ကျပ် ၇သိန်းတန်ဖိုးရှိ ကုန်ပစ္စည်းတွေနဲ့ ပိုက်ဆံတွေ ယူသွားတာလို့ ဖော်ပြပါတယ်။ဒ့ါအပြင် နောက်ထပ် နေအိမ်တအိမ်ကစျေးဆိုင် နဲ့ နေအိမ်အတွင်းရှိ ပစ္စည်းတွေ ကိုလည်း မွှေနှောက်ယူသွားတယ်လို့ ဆိုပါတယ်။

“အိမ်ရှင်လည်းစစ်သားဆိုတော့ တံခါးဖွင့်ပေးတာ အိမ်ထဲရောက်တာနဲ့ သေနတ်နဲ့ ထောက်ပြီး အိမ်ထဲ ဆိုင်ထဲက ပစ္စည်းတွေ မွှေတော့တာ။ ကုန်ပစ္စည်းတွေ ပိုက်ဆံတွေယူသွားတယ်။ နှစ်အိမ် စလုံး ဒီပုံစံ နဲ့ပဲ ဓါးပြတိုက်သွားတယ်”လို့ ဒေသခံရဲ့ ပြောကြားချက်ကို SSPP သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို ဓားပြတိုက်တဲ့ဖြစ်ရပ်ကို ရပ်ကျေးတာဝန်ရှိသူတွေက ဒေသတွင်း စစ်ကောင်စီ အရာရှိတွေကို တိုင်ကြားခဲ့ရာ ကျူးလွန်သူ တပ်သား ၂ဦး ယူသွားတဲ့ ဘက်ထရီနဲ့ ဆိုလာပြား အိမ်ရှင်ထံ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ကျန်စားသောက်ဖွယ်ရာနဲ့ ငွေကြေး အချို့ကိုလည်း တာဝန်ယူပေးမယ်လို့ ပြောဆိုပေမယ့် ပြန်လာမပေးသေးဟု SSPP က ဒေသခံကို ကိုးကားပြီး သတင်းဖော်ပြပါတယ်။

ကျုးလွန်သူ တပ်သားနှစ်ဦးကိုအရေးယူ၊မယူဆိုတာကိုလည်းမယ့်မသိရသေးဘူးလို့ ဆိုပါတယ်။

သီပေါမြို့နယ်ဟာ ၁၀၂၇ စစ်ဆင်​ရေးဒုတိယလှိုင်းမှာတအာင်းတပ်မတော်(TNLA) ဦး​ဆောင်ပြီးပူး​ပေါင်းတပ်​တွေနဲ့သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဒါ​ပေမယ့် စစ်တပ်ကတန်ပြန်ထိုးစစ်ဆင်ပြီး အောက်တိုဘာမှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါ။ လက်ရှိ မိုးတေကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်တွေ စိုးမိုးလှုပ်ရှားနေတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

စစ်ကောင်စီဟာ သီပေါအပြင် ကျောက်မဲနဲ့ နောင်ချိုမြို့စတဲ့ TNLA သိမ်းပိုက်မြို့တွေ ပြန်လည်ရယူထားနိုင်သလို မိုးကုတ်နဲ့ မိုးမိတ်မြို့ကိုလည်း TNLAနဲ့ အပစ်ရပ်စဲရေး သဘောတူညီချက်အရ ကျည်တချက်မ​ဖောက်ရပဲ TNLA ထံမှပြန်လည်ရယူနိုင်ခဲ့ပါတယ် ။အခုဆိုရင် စစ်တပ်ကထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတာပါ။

မိုးကုတ်နဲ့ မိုးမိတ်မြို့က TNLA ဆုတ်ခွာဖို့ သဘောတူညီချက်အရ စစ်သားတွေ ပြန်လည်ဝင်ရောက်နေပေမယ့် မိုးမိတ်နဲ့ မိုးကုတ်မြို့ကြားမှာ စစ်ကောင်စီတပ်ကို KIA/PDF ပူးပေါင်းတပ်က တိုက်ခိုက်နေသလို မိုးကုတ်မြို့ပြင်မှာလည်း ဒေသခံ PDF တွေက စစ်ကောင်စီကို တိုက်ခိုက်လို့ နိုဝင်ဘာ ၃၀ရက်မှာ တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ် ထန်းပင်ကုန်းကြီးရွာနဲ့ ညောင်အိုင်ရွာကြားမှာ လစာထုတ်ပြန်လာတဲ့ စစ်သား တပ်ကြပ်ရန်နိုင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၃) ငါးပြေမ တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်က မြို့သာစက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်သားတွေ မြို့သာဘီယာဆိုင် လာသောက်ချိန် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၄ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ -မြင်းခြံက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့အနီး တနေရာ ဒီနေ့ မေလ ၂၄ရက် ညနေပိုင်းက ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီး ပြင်းထန်တဲ့ပေါက်ကွဲမှု ၂ကြိမ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ မေလ ၁၉ရက် ညနေက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF က ဒရုန်းနဲ့ဗုံးကြဲလို့ အာဏာသိမ်းစစ်တပ်ကစစ်သား ၄ဦး သေဆုံးခဲ့ပြီး စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။