Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ်က BRP တပ်စခန်း စီးနင်းခံရ

မကွေးတိုင်း၊မြိုင်မြို့နယ်က Burma Revolution Rangers(BRR)ရဲ့ တပ်စခန်းစီးနင်းခံရတယ်လို့ အဲဒီတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကိုဒီမိုက လူထုနွေဦးကို ပြောပါတယ်။

စစ်တပ်ဝင်စီးပြီးနောက်တွေ့ရတဲ့ BRRတပ်စခန်း။ ဓာတ်ပုံ - BRP

ဒီဇင်ဘာ-၉၊၂၀၂၅၊ မိုမို/People’s Spring

မကွေးတိုင်း၊မြိုင်မြို့နယ်က Burma Revolution Rangers(BRR)ရဲ့ တပ်စခန်းစီးနင်းခံရတယ်လို့ အဲဒီတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကိုဒီမိုက လူထုနွေဦးကို ပြောပါတယ်။

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)စစ်ကြောင်းဟာ ဒီဇင်ဘာ ၈ရက် မနက်ပိုင်းမှာ ကင်းကျေးရွာ အနီးက BRR တပ်စခန်းကို စီးနင်းခဲ့တာလို့ ဆိုပါတယ်။

အင်အားမမျှတာနဲ့ ကျည်မလုံလောက်တာကြောင့် ဆုတ်ခွာခဲ့ရပြီး မိုင်းလုပ်တဲ့ပစ္စည်းတွေ၊ခဲယမ်းတွေနဲ့ ကား၊ ဆိုင်ကယ်တွေဆုံးရှုံးခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ပစ်အားမသာတော့ ရဲဘော်တွေ ဆုတ်ခဲ့ရတယ်။ဒဏ်ရာရရဲဘော်တွေ ရှိတယ်။ညပိုင်းစခန်း ကို ပြန်ထောက်ချိန်မှာ စခန်းကိုမီးရှို့သွားတယ်။ကျဆုံးရဲဘော် တွေရဲ့ ဂူဗိမ္မာန်နှစ်ခုကိုပါ ဖျက်ဆီးခဲ့တယ်”လို့ ကိုဒီမိုက ပြောပါတယ်။

စစ်တပ်ဝင်စီးပြီးနောက်တွေ့ရတဲ့ BRRတပ်စခန်း။ ဓာတ်ပုံ – BRP

အခုလို စခန်းစီးနင်းခံရမှုက ၂၀၂၃ ဇူလိုင်က တစ်ကြိမ်ဖြစ်ခဲ့ဖူးပြီး စစ်ကောင်စီမြေပြင် သတင်းပေးသူရှိတာ ဒါမှမဟုတ် စစ်ကောင်စီထံခိုလှုံသွားသူတချို့ကြောင့်လို့ သူက ဆိုပါတယ်။

Burma Revolution Rangers(BRR)တပ်ဟာ ​ ပခုက္ကူ နဲ့ မြိုင် ဒေသမှာ စစ်ရေးလှုပ်ရှားနေတာဖြစ်ပြီး အခုနှစ် ဧပြီက ပခုက္ကူ PDFနဲ့ ပူးပေါင်းပြီး စစ်တပ်ရဲ့ ပါရာမော်တာတစ်စီးကို ပထမဆုံးဖျက်ဆီးနိုင်ခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် အဓမ္မစုဆောင်းခံရတဲ့ လူငယ် ၃၀ဝန်းကျင်ကို ပခုက္ကူအခြေစိုက်စစ်တပ်စခန်းတွေကနေ ကယ်ထုတ်ခဲ့တယ်လို့ Burma Revolution Rangers(BRR)တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

၂၀၂၁ နိုဝင်ဘာမှာ တပ်စတင်ထူထောင်ပြီး စခန်းစီးနင်းခံရမှုတွေရှိပေမယ့် အာဏာရှင်စနစ် ပျောက်ကွယ်ဖို့ တိုက်ပွဲဆက်ဝင်မယ်လို့လည်း BRR တာဝန်ရှိသူက အသိပေးပါတယ်။

စခန်းဆုံးရှုံးခဲ့တဲ့အတွက် ပြန်လည်တည်ထောင်ရေး တက်အားသရွေ့ ပူးပေါင်းပါဝင်ပေးကြဖို့လည်း BRRတပ်ဖွဲ့က တိုက်တွန်းပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်တပ်က ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ပခုက္ကူခရိုင် အမှတ်(၆) တပ်ရင်း - Myaing Villages Revolution Frontက ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က နေ့ညမပြတ် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။