Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတိုင်းမှာ စစ်ကောင်စီက တိုက်လေယာဉ်အနိမ့်ပျံသန်းပြီး ပြည်သူကို ထပ်မံခြိမ်းခြောက်

ဧရာဝတီတိုင်းက လေးမျက်နှာနဲ့သာပေါင်းမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေစဉ် ဇလွန်နဲ့ ဟင်္သာတမြို့နယ်တွေမှာ စစ်ကောင်စီက တိုက်လေယာဉ်အနိမ့်ပျံပြီး လူထုကို ထပ်မံခြမ်းခြောက်သွားပါတယ်။

ဒီဇင်ဘာ-၉၊၂၀၂၅။မိထက်/People’s Spring

ဧရာဝတီတိုင်းက လေးမျက်နှာနဲ့သာပေါင်းမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေစဉ် ဇလွန်နဲ့ ဟင်္သာတမြို့နယ်တွေမှာ စစ်ကောင်စီက တိုက်လေယာဉ်အနိမ့်ပျံပြီး လူထုကို ထပ်မံခြမ်းခြောက်သွားပါတယ်။

တိုက်လေယာဉ်တစ်စီးဟာ ဒီနေ့(ဒီဇင်ဘာ ၉ရက်) မနက် ၁၀နာရီ ၅၅ မိနစ်ခန့်မှာ ထင်ထင်ရှားရှားမြင်ရတဲ့အထိ အနိမ့်ပ်ိုင်းကနေ ပတ်ပျံသွားတယ်လို့ ဟင်္သာတမြို့ခံ မြို့တစ်ဦးက ပြောပါတယ်။

” တစ်နေရာရာကို ဗုံးသွားကြဲတာမျိုးမဟုတ်ဘူး။ ဗုံးသွားကြဲရင်ဟိုးအမြင်ပိုင်းကနေအသံကြားရတယ်။ အခုက နိမ့်နိမ့်လေးကနေပျံတာ။ လူတွေရော၊ ခွေးတွေရော၊ အိမ်မွေးတိရစ္ဆာန်တွေအကုန်ကြောက်လန့်ကုန်တာ”လို့ ဟင်္သာတမြို့၊ ကုန်းကြီးရပ်က ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

နောက်ထပ်ဒသခံတစ်ဦးက “တိုက်လေယာဉ်ကို ယိမ်းပြသွားသေးတယ်။ ပါဝါပြတာ။ ခြိမ်းခြောက်တာ။ ပိုင်းလော့က ဟင်္သာတသားမို့လာပြီး အစွမ်းပြတာလားမသိဘူ” လို့ ပြောပါတယ်။

ဇလွန်၊ဟင်္သာတနဲ့ ဓနုဖြူမြို့နယ်တို့မှာ ပြီးခဲ့တဲ့သြဂုတ်နဲ့ စက်တင်ဘာကလည်း ဒီနေ့လိုပဲ တိုက်လေယာဉ်အနိမ့်ပိုင်းကနေ ပတ်ပျံသွားလို့ ဒေသခံပြည်သူတွေ စိုးရိမ်ထိန့်လန့်ခဲ့ကြဖူးပါတယ်။

စစ်ကောင်စီက ဧရာဝတီတိုင်းမှာ ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းကနေခြိမ်းခြောက်တာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ဇလွန်၊ဟင်္သာတ၊ ဓနုဖြူမြို့တို့နဲ့ (၁၀)မိုင်ကနေ မိုင်(၂၀)ကြား ဝေးတဲ့ လေးမျက်‌နှာမြို့နယ်မှာ အာရက္ခတပ်တော်(AA)၊PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကို စစ်ကောင်စီက လေကြောင်းကနေ မကြာခဏဗုံးကြဲနေပါတယ်။

စစ်ကောင်စီက တိုက်လေယာဉ်အနိမ့်ပျံပြီး ဒေသခံပြည်သူတွေကို ခြိမ်းခြောက်နေတဲ့လုပ်ရပ်ဟာ သက်ဆိုင်ရာမြို့နယ်တွေမှာ နေထိုင်ကြတဲ့ စစ်ကောင်စီလေတပ်က အရာရှိတွေရဲ့မိသားစုဝင်တွေအပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိနေပါတယ်။

” လေကြောင်းကနေတိုက်ခိုက်လို့ လူတွေသေတဲ့သတင်းတွေထွက်တဲ့ရက်တွေ၊ အခုလို ဂျက်ဖိုက်တာတွေပျံပြပြီး ခြိမ်းခြောက်တဲ့ရက်တွေမှာဆို စစ်တပ်ကကောင်တွေရဲ့ သားသမီးတွေ ကျောင်းလာမတတ်ကြဘူး။ သူတို့ကိုလည်းအတန်းထဲမှာ တခြားကျောင်းသားတွေက အခေါ်အပြောမလုပ်ကြဘူး”လို့ ဇလွန်မြို့က အထက်တန်းကျောင်းသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့မေလ၁၂ရက်က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က အိုးတိမ်ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာမှာ ကျောင်းသားတွေနဲ့ဆရာ၊ ဆရာမတွေအပါအဝင် ၂၄ဦးသေဆုံးခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဟင်္သာတမြို့နယ်ဇာတ်ိ လေတပ်အရာရှိက ကျူးလွန်ခဲ့ကြောင်းသတင်းတွေထွက်ပေါ်လာပြီးတဲ့နောက် အဲဒီလေတပ်အရာရှိရဲ့ ဆွေမျိုးတွေက သူတို့ကလေးတွေ တက်နေတဲ့ကျောင်းတွေကနေ နှုတ်ထွက်ခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း နဲ့ ရခိုင်ပြည်နယ်နယ်စပ်ဒေသတွေဖြစ်တဲ့ငါးသိုင်းချောင်း၊ရေကြည်နဲ့ သာပေါင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ခဲယမ်းပေါက်ကွဲသံတွေကို မြို့ပေါ်တွေကနေကြားနေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ဧရာဝတီတိုင်းမှာ ရေကာတာတွေ ရေယိုစိမ့်နေတာကို လူမှုကွန်ရက်ပေါ်တင် ဖြန့်ဝေသူကို အရေးယူမယ်လို့ စစ်တပ်လက်အောက်ခံဌာနဆိုင်ရာတွေက ဒေသခံတွေကို ဖိအားပေး ခြိမ်းခြောက်ထားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။