Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်လို့ အာဏာသိမ်းစစ်တပ်ဆို

​​​ဒေါ်​အောင်ဆန်းစုကြည် ကျန်းမာ​ကြောင်း စစ်အုပ်စု ခိုင်မာတဲ့အ​ထောက်အထားမပြနိုင်

၂၀၂၀ အထွေထွေရွေးကောက်ပွဲအကြို ကာလက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရပုံ။ ဓာတ်ပုံ - Chair NLD/FB

ဒီဇင်ဘာ -၁၆ ၊၂၀၂၅ /People’s Spring

အာဏာသိမ်းချိန်ကတည်းကမတရားဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေး ကောင်း မွန်တယ်လို့ စစ်ကောင်စီကဒီနေ့ ( ဒီဇင်ဘာလ ၁၆ )မှာ ထုတ်ပြန်လာပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာမြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းထားတဲ့ ငါးနှစ်တာကာလအတွင်း တရားခွင်မှာ တွေ့ရတဲ့ သမ္မတ ဦးဝင်းမြင့် နဲ့အတူ ဓာတ်ပုံ တစ်ပုံကို ထုတ်ပြတာကလွဲရင်ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့သတင်းကိုအများပြည်သူမသိရအောင်အမှောင်ချထားတာပါ။

ဒါပေမယ့်ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်စရာ သတင်းတွေထွက်ပေါ်လာချိန်တိုင်းမှာတော့ စစ်ကောင်စီက ငြင်းဆိုလေ့ရှိပါတယ်။

Public Service Announcement

Public Service Announcement

အခုတစ်ကြိမ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကင်မ်အဲရစ် ခေါ် ကိုထိန်လင်းကမိခင်ဖြစ်သူကိုအဆက်အသွယ်မရတာကြောင့် ကွယ်လွန်သွားပြီလားပင် မသိဘူးလို့ ရိုက်တာသတင်းဌာနကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြေကြားထားတဲ့အပေါ် စစ်ကောင်စီက တုံ့ပြန်လာတာပါ။

အသက် ၈၀ အရွယ် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရချိန်အတွင်းနှလုံးရောဂါ၊အရိုးနဲ့ သွား ကျန်းမာ ရေးပြဿနာတွေကို ခံစားနေရတာတွေကိုတဆင့်စကားနဲ့ ကြားသိရတယ်လို့ ကိုထိန်လင်းက ​ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ရှေ့နေအဖွဲ့လည်းတွေ့ခွင့်မရဘူးလို့ ကိုထိန်လင်းကအသိပေးပါတယ်။

“ကျနော် သိရသလောက်တော့ အမေဟာ ကွယ်လွန်ပြီးတာမျိုးလည်း ဖြစ်နိုင်ပါတယ်” လို့ ကိုထိန်လင်းကရိုက်တာသတင်းဌာနကိုပြောထားပါတယ်။

စစ်ကောင်စီကတော့ကိုထိန်လင်းရဲ့ပြောဆိုချက်နဲ့ အဲဒီပြောဆိုချက်ကိုမီဒီယာတွေက သတင်းတု၊သတင်းမှားတွေနဲ့ ပုံကြီးချဲ့လှုံ့ဆော်ဝါဒဖြန့်နေတယ်လို့ ဒီနေ့မှာဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့သတင်းတွေနဲ့ မကြာခင်မှာကျင်းပမယ့်ရွေးကောက်ပွဲကိုနှောင့်ယှက်လိုတာကြောင့် အချိန်ကိုက် လုပ်ကြံဝါဒဖြန့်တာလို့ စစ်ကောင်စီက စွပ်စွဲပါတယ်။

​ဒါ​ပေမယ့် ​ဒေါ်​အောင်ဆန်းစုကြည် ကျန်းမာတယ်ဆိုတာ စစ်တပ်ကအ​ပြောသက်သက်သာဖြစ်ပါတယ်။

ဒေါ်​အောင်ဆန်းစုကြည်ကို ပြည်သူ​တွေ မမြင်​တွေ့ရတာက ၂၀၂၁ခုနှစ် ​ဖေ​ဖော်ဝါ ၁ ရက်က တည်းကဖြစ်ပါတယ်။

အခုနှစ် ဇွန်လ ၁၈ ရက်ကတော့ ဗြိတိန်အခြေစိုက် The Guardian သတင်းစာက မတရား ဖမ်းဆီးအကျဉ်းချထားတဲ့ သမ္မတ ဦးဝင်းမြင့် နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီ ရဲ့ တရားခွင်မှာတွေ့မြင်ရတဲ့ CCTV ရုပ်သံမှတ်တမ်း အချို့ဖော်ပြလာပါတယ်။

၁ မိနစ်နဲ့ ၁၂ စက္ကန့် ကြာမြင့်တဲ့ အဲဒီ ရုပ်သံမှတ်တမ်းမှာ အသံမပါဝင်ဘဲ ၂၀၂၂ ခုနှစ် ၊ သြဂုတ် ၂၂ရက် က တရားခွင်နဲ့ ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာ ၁၂ရက် က တရားခွင် မြင်ကွင်းအချို့ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာ​ကြောင်းစစ်ကောင်စီက မကြာခဏ ပြောပေမယ့် ခိုင်မာတဲ့အ​ထောက်အထားမပြနိုင်ပါဘူး။

ဒါ​ကြောင့် ​ဒေါ်​အောင်ဆန်းစုကြည် ရဲ့သားဖြစ်သူ ကိုထိန်လင်းနဲ့ ပြည်သူ​တွေက ​ဒေါ်​အောင်ဆန်းစုကြည် နဲ့ နိုင်ငံ​ရေးအကျဥ်းသားအားလုံး ပြန်လွှတ်​ပေး​ဖို့ နိုင်ငံ​ပေါင်း နှစ်ဆယ်ဝန်းကျင်မှာ ဆန္ဒပြ​နေကြပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ သောင်ပြိုကမ်းပြို ထပ်မံအနိုင်ရတဲ့ ရလဒ်ကို လက်မခံဘဲ ရွေးကောက်ပွဲရလဒ်အရလွှတ်တော်စခေါ်မယ့်ရက်မှာအာဏာသိမ်းခဲ့တာပါ။

အာဏာသိမ်းတဲ့၂၀၂၁ ခုနှစ် ၊ဖေဖော်ဝါရီလ ၁ ရက်မနက်အစောပိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့ပြီး အဲဒီနောက် ပုဒ်မမျိုးစုံတပ်ကာ ထောင်ဒဏ် နှစ် ၃၀ ကျော် ချထားပါတယ်။

ဖမ်းဆီးအကျဉ်းချထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာ ချုပ်နှောင်ထားတယ်ဆိုတာကို စစ်ကောင်စီက တရားဝင်ထုတ်ပြန် ပြောဆိုတာမရှိပါဘူး။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် (၈၁)နာရီကြာ ရေးဆွဲထားတဲ့ ပုံတူပန်းချီ ၂ ကားကို လေလံအစီအစဉ်ပြုလုပ်ပြီး ရရှိလာတဲ့ ငွေကို စစ်ဘေးဒုက္ခသည်တွေအတွက် ထောက်ပံ့ပေးသွားမယ်လို့ ပန်းချီဆရာမ နုယဉ်က အသိပေးထားပါတယ်။

သတင်း

လူထု‌ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ အမြန်ဆုံး ပြန်ဆုံတွေ့ပါစေလို့ အာရက္ခတပ်တော်(AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က မနေ့က ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ မှာ ဆုတောင်းပေးခဲ့ပါတယ်။