Connect with us

Hi, what are you looking for?

သတင်း

မြောင်မြို့ပေါ်ကို တော်လှန်ရေးရဲဘော်တွေ ဝင်ရောက်ပြီး စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်

ကိုင်းတိုင်း၊ မြောင်မြို့ပေါ်ကို တော်လှန်ရေးရဲဘော်တွေ ဝင်ရောက်ပြီး စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ တိုက်တွန်းလှုံ့ဆော်မှုပြုလုပ်သွားပါတယ်။

မြောင်မြို့ပေါ်တွင် ရွေးကောက်ပွဲဆန့်ကျင်ဖို့ အသိပေးကြေညာစာရွက်များ ကပ်ထားစဥ်။ ဓာတ်ပုံ-ရဲဘော်စမာ

ဒီဇင်ဘာ-၁၈၊ ၂၀၂၅ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်ကို တော်လှန်ရေးရဲဘော်တွေ ဝင်ရောက်ပြီး စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ တိုက်တွန်းလှုံ့ဆော်မှုပြုလုပ်သွားပါတယ်။

မနေ့က ဒီဇင်ဘာ ၁၇ ရက် ညနေ ၃ နာရီကျော်မှာ မြောင်မြို့ပေါ်က ဗိုလ်ချုပ်ကြေးရုပ်အပါအဝင် မြို့ပေါ်နေရာတွေကို တော်လှန်ရေးရဲဘော်တွေ ဝင်ရောက်လာပြီး အားလုံးမပါဝင်နိုင်တဲ့၊ မတရားတဲ့ ရွေးကောက်ပွဲ အလိုမရှိ၊ ဗုံးကြဲသတ်ဖြတ်နေတဲ့ စကစရွေးကောက်ပွဲ အလိုမရှိ စတဲ့စာသားပါ စာရွက်တွေကို လိုက်လံ ကပ်သွားခဲ့ကြောင်း CDSOMဗိုလ်စကြာစစ်ကြောင်းက ရဲဘော်စမာက ပြောပါတယ်။

“ရွေးကောက်ပွဲမဲမထည့်ဖို့နဲ့ အသိပေးစာတွေကြဲခဲ့တာပါ။ ခါတိုင်းစကစလာပြီး ကင်းပုန်းဝပ်တဲ့နေရာကို။ ပြည်သူကိုထင်တိုင်းကြဲ ဗုံးကြဲသတ်ဖျက်နေပြီးရွေးကောက်ပွဲ လုပ်ပြီးနာမည်ကောင်းလိုချင်နေတဲ့စကစကိုမလိုမရှိလို့ လုပ်ခဲ့ဖြစ်တာပါ”လို့ ရဲဘော်စမာက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြောင်မြို့ပေါ်မှာလည်း အာဏာသိမ်းစစ်အုပ်တွေ စစ်ဆေးတင်းကြပ်လေ့ရှိပြီး ဖမ်းဆီးနှိပ်စက်ငွေညှစ်တာတွေ မကြာခဏ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်းထဲက မုံရွာနဲ့ ရွှေဘိုမြို့ပေါ်တွေကို တော်လှန်ရေးအဖွဲ့တွေဝင်ရောက်ပြီး စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ ဗီနိုင်းတွေထောင်တာ၊ လက်ကမ်းစာရွက်တွေဝေတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။