Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်ကြီးမြို့မ ပြည်သူ့စစ်က လူငယ်တွေကိုပေါ်တာဆွဲကာ ငွေနဲ့ပြန်ရွေးခိုင်း

မန္တလေးမြို့မှာ ပုသိမ်ကြီးမြို့မ ပြည်သူ့စစ်အဖွဲ့က စစ်မှုထမ်းကြေး ထည့်ထားတဲ့ ရပ်ကွက်အတွင်းဝင်ရောက် ပေါ်တာဆွဲတာကြောင့် လူငယ်၂၅ဦး ပေါ်တာဆွဲခံရပြီး ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုသိမ်ကြီးမြို့မ ပြည်သူ့စစ်အဖွဲ့ကို တွေ့ရစဉ်

ဒီဇင်ဘာ-၁၉၊ ၂၀၂၅။ နေ့သစ်/People’s Spring

မန္တလေးမြို့မှာ ပုသိမ်ကြီးမြို့မ ပြည်သူ့စစ်အဖွဲ့က စစ်မှုထမ်းကြေး ထည့်ထားတဲ့ ရပ်ကွက်အတွင်းဝင်ရောက် ပေါ်တာဆွဲတာကြောင့် လူငယ်၂၅ဦး ပေါ်တာဆွဲခံရပြီး ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာနောက်ဆုံးပတ်မှာ စစ်မှုထမ်းကြေး ဆိုပြီး တအိမ်ကို တသောင်းကျပ် အုပ်ချုပ်ရေးမှူးက တောင်းပြီး အိမ်အားလုံးထည့်ဝင်ပြီးချိန်မှာ အခုလို ပေါ်တာဆွဲခဲ့တာလို့ သိရပါတယ်။

“ဆွဲတာက ဒီလ ၇ရက်၊၈ရက်လို့ ပြောတယ်။ အလုပ်အပြန် ညနေဆိုရေမြောင်းဘေး အရက်ထိုင်သောက်ကြ၊ ရေချိုးကြတဲ့ ကလေးတွေရော အကုန်ပါတာတဲ့။ အခု တဲကုန်းနဲ့ ပုသိမ်ကြီးမြို့ကြားထဲက သူတို့နေတဲ့ ခြံတဝန်းထဲ ဖမ်းထားတယ်လို့ ပြောတယ်။ ငွေညစ်ဖို့လား။ သူတို့အဖွဲ့ထဲ ထည့်ဖို့လားမသိဘူး။ မိဘတွေကတော့ ငိုကြ ပေါ့”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကုန်းတန်းရွာက ပြည်သူအများစုဟာ အခြေခံလူတန်းစားများကြပြီး အခုပေါ်တာဆွဲခံရသူတွေကို မြို့မပြည်သူ့စစ်အဖွဲ့က ငွေကျပ်သိန်း ၁၅၀နဲ့ ရွေးခိုင်းနေတယ်လို့ သိရပါတယ်။

မြို့မပြည်သူ့စစ်အဖွဲ့ဟာ အောက်တိုဘာ ၂၇ ရက်က အချင်းချင်း လုပ်ကြံခံခဲ့ရပြီး သေဆုံးခဲ့သူ ပုသိမ်ကြီးမြို့က ကို‌အောင်ခန့်က စတင် တည်ထောင်ခဲ့တာလို့ ဆိုပါတယ်။ ကိုအောင်ခန့်သေပြီးနောက် မင်းသားကြီးဒူးရှည်ဆိုတဲ့ ကိုဝေယံဆိုသူက ဦး ဆောင်‌နေတာလို့ သိရပါတယ်။

သူတို့ဟာ ပုသိမ်ကြီးမြို့ အနောက်ဘက် YGWမိဘမဲ့ ပရဟိတဂေဟာအနီးမှာ ခြံဝန်းကျယ်တခုမှာ စုပေါင်းနေထိုင်ကြပြီး ဂျင်နဲ့ လောင်းကစားဝိုင်းတွေ အကြီးအကျယ်ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

လက်ရှိ အဲဒီအဖွဲ့ကို ဦးဆောင်နေသူဟာလည်း ပုသိမ်ကြီးမြို့တွင်း နာရီစင်မှာ မိန်းကလေးတစ်ဦးကို ကားနဲ့တိုက်ကာ ထွက်ပြေးခဲ့ပြီး ကားအောက်ကို လူကပ်ပါသွားတာကို ဒဏ်ရာတွေနဲ့ ကန်ကောက် အရှေ့ရပ်ကွက်မှာစွန့်ပစ်သွားတဲ့ ကားပိုင်ရှင်ဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းနဲ့ ကချင်ကြားအငြင်းပွားမှုပိုတိုးစေဖို့ စစ်တပ်ကပြဿနာတွေ ဖန်တီး​နေ

သတင်း

ပူတာအိုဒေသမှာ စစ်တပ်နဲ့ ပြည်သူ့စစ်က စစ်မှုထမ်းလူ ၂၅၀၀ ပြည့်မီအောင် နည်းမျိုးစုံနဲ့ စုဆောင်းဖို့ လုပ်နေဟုဆို

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ပြည်သူ့စစ်တွေအသတ်ခံရပြီးနောက် စစ်တပ်အင်အား၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုး

Facebook