Connect with us

Hi, what are you looking for?

သတင်း

ကရင်နှစ်သစ်ကူးနေ့မှာ ထိုးစစ်ဆင်လာတာကြောင့် မြဝတီတောင်ဘက်မှာတိုက်ပွဲဖြစ်

ကရင်ပြည်နယ် ၊ မြ၀တီမြို့တောင်ဘက်က ရသေ့ဂူရွာနဲ့ ဖလူးလေးကျေးရွာကြားမှာ မနေ့ (ဒီဇင်ဘာ ၁၉) ကရင်နှစ်သစ်ကူးနေ့က စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတဲ့အတွက် KNU ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တယ် လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

ဓာတ်ပုံ - Google Earth

ဒီဇင်ဘာ – ၂၀ ၊၂၀၂၅ ၊နိုင်ပကောင်း /People’s Spring

ကရင်ပြည်နယ် ၊ မြ၀တီမြို့တောင်ဘက်က ရသေ့ဂူရွာနဲ့ ဖလူးလေးကျေးရွာကြားမှာ မနေ့ (ဒီဇင်ဘာ ၁၉) ကရင်နှစ်သစ်ကူးနေ့က စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတဲ့အတွက် KNU ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တယ် လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

မနေ့ မနက်အစောပိုင်းကစပြီး စစ်ကောင်စီတပ်က မြ၀တီမြို့တောင်ဘက် ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဖလူးလေး၊ ဖလူးကြီးကျေးရွာတွေဆီ ထိုးစစ်ဆင်လာတာကြောင့် ရသေ့ဂူနဲ့ ဖလူးလေးကျေးရွာကြားမှာ KNU ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။

“ရသေ့ဂူနဲ့ ဖလူးလေး ဖလူးကြီးကြားဘက်မှာ တိုက်ပွဲဖြစ်တယ်၊တိုက်ပွဲဖြစ်တာမကြာဘူး၊ (စစ်တပ်က) ဒရုန်းတော့ကြဲတယ်၊ (ဒီနေ့) တိုက်ပွဲမဖြစ်ဘူး တိတ်နေသေးတယ်” လို့ ကရင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဟာ လေးကေကော်မြို့အနီးဝန်းကျင်တဝိုက်မှာရှိတဲ့ မင်းလက်ပံ၊ ဖလူးလေး၊ ဖလူးကြီးတို့ကို သိမ်းယူနိုင်ဖို့အတွက် ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက အပြင်းအထန်ထိုးစစ်ဆင်ခဲ့ရာ မနေ့ ဒီဇင်ဘာလ ၁၉ ရက် အထိ တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။

KNU ပူးပေါင်းတပ်တွေအထိုင်ချရာနေရာတွေကိုစစ်ကြောင်းသုံး ကြောင်းနဲ့ ထိုးစစ်ဆင်နေသလို KNU ထိန်းချုပ်ထားတဲ့ မြဝတီမြို့တောင်ဘက်က မင်းလက်ပံရွာဘက်ကိုလည်း နေ့စဉ်ရက်ဆက် ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်နေ တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

လေးကေကော်မြို့သစ်ကိုတော့ စစ်တပ်က ပြီးခဲ့တဲ့အောက်တိုဘာလက သိမ်းပိုက်ခဲ့ပြီးတဲ့နောက် မြ၀တီ-ဝေါ်လေ ကားလမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့အတွက် လေးကေကော်မြို့အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေကို ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ အကူအညီနဲ့ ထိုးစစ်ဆင်နေတာပါ။

လေးကေကော်မြို့အနီး မင်းလက်ပံ၊ ရသေ့ဂူကျေးရွာတွေဘက်မှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေဆီ တိမ်းရှောင်နေခဲ့ရပြီး လူသားချင်းစာနာမှုအကူအညီတွေလည်း လိုအပ်နေဆဲလို့ ကရင်အရပ်ဖက်အဖွဲ့တွေဆီကနေ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းနဲ့ မြ၀တီ-ဝေါ်လေ-စုကလိလမ်းပိုင်းတွေကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ အာဏာသိမ်း စစ်တပ်က တန်ပြန်ထိုးစစ်ဆင်နေတာကြောင့် KNU ဦးဆောင်တဲ့ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ကရင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

အာဏာသိမ်းသစ်တပ်က ကရင်ပြည်နယ်၊ဘားအံမြို့နယ်ကသံလွင်မြစ်ကြောင်းမှာမြစ်တွင်းသွား တိုက်ရေယာဉ်တစ်စီးစစ်ရေးလေ့ကျင့်သွားမယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။