-နေ့သစ်/People’s Spring
အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲပထမပိုင်းပြုလုပ်မယ်လို့ ကြေညာထားတဲ့ ဒီဇင်ဘာလအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်မှုတွေဟာ အရှိန်မလျော့ဘဲ ဆက်တိုက်ကျူးလွန်နေပါတယ်။ ဒီဇင်ဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၂၁ ရက်အတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး ပြည်သူ ၁၃၆ ဦးသေဆုံးခဲ့ပြီး အနည်းဆုံး ၁၈၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ဒါကြောင့် ဒီဇင်ဘာလမှာ အကြမ်းဖျင်းပျမ်းမျှတွက်ချက်ရင် စစ်တပ်က တစ်ရက်ကို ပြည်သူ၆ ဦးကျော် သေဆုံးပြီး ၉ ဦးကျော် ဒဏ်ရာရအောင် ဗုံးကြဲအကြမ်းဖက်နေတာဖြစ်ပါတယ်။ဒီစာရင်းမှာ အချက်အလက်မရသေးတာကြောင့် မပါဝင်သေးတဲ့ ဗုံးကြဲသတ်ဖြတ်မှုတွေကျန်ရှိနိုင်ပါသေးတယ်။
ဒီဇင်ဘာလအတွင်း စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကို ကြည့်ရင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတွေ ပါဝင်ပါတယ်။ အကြိမ်အရေအတွက်အများဆုံးက စစ်ကိုင်းတိုင်းဖြစ်ပြီး အစုလိုက်အပြုံလိုက် သေဆုံးမှုအများဆုံးကတော့ ရခိုင်ပြည်နယ် ဖြစ်တာတွေ့ရပါတယ်။
စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေမှာ တိုက်လေယာဥ်တွေ ၊ A-5 , Y-12 စတဲ့ လေယာဥ်တွေကဗုံးကြဲတာ ၊စက်တပ်လေထီး ၊ Gyrocopter ၊ ဒရုန်း တွေကနေ ဗုံးကြဲတိုက်ခိုက်မှုတွေအကုန်ပါဝင်ပါတယ် ။စစ်တပ်က ဒီဇင်ဘာလမှာရွေးကောက်ပွဲလုပ်မယ့်ကြေညာပြီး လက်တွေ့မြေပြင်မှာ နေ့စဥ်ရက်ဆက်ဗုံးကြဲတိုက်ခိုက်တာတွေများလွန်းတာကြောင့်လူထိခိုက်သေဆုံးမှု သတင်းမရတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုတော့ စာရင်းကချန်လှပ်ထားပါတယ် ။

Public Service Announcement
အာဏာသိမ်းစစ်တပ်ဟာ ဆေးရုံတွေကိုပါ မချန် ဗုံးကြဲတိုက်ခိုက်ခဲ့သလို လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲ သံဃာတော်၊ လသားအရွယ်ကလေးငယ်၊အမျိုးသမီး၊CDM ဆရာဝန်၊ စစ်ရှောင်သက်ကြီးရွယ်အိုတွေအထိပါဝင်ခဲ့ပါတယ်။
●ဒီဇင်ဘာ ၁ရက်
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ပြည်သူ ၅ဦး သေဆုံး
●ဒီဇင်ဘာ ၂ရက်
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်မှာ ပြည်သူ ၁ဦးသေဆုံး၊ ၄ဦးထိခိုက်
●ဒီဇင်ဘာ ၄ရက်
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ ပြည်သူ ၅ဦးသေဆုံး၊ ၈ဦးထိခိုက်
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ပြည်သူ ၂ဦးသေဆုံး၊ ၂ဦးထိခိုက်
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ပြည်သူ ၁ဦးသေဆုံး၊ ၄ဦးထိခိုက်
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ပြည်သူ ၂ဦးသေဆုံး
●ဒီဇင်ဘာ ၅ရက်
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပြည်သူ ၃ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ပြည်သူ ၁၉ဦးသေဆုံး၊ ၄၀ကျော်ထိခိုက်
●ဒီဇင်ဘာ ၆ရက်
ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်မှာ ပြည်သူ ၁၁ဦးသေဆုံး
●ဒီဇင်ဘာ ၇ရက်
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ပြည်သူ ၁ဦးသေဆုံး၊ ၅ဦးထိခိုက်
●ဒီဇင်ဘာ ၈ရက်
ကချင်ပြည်နယ်၊ ဖားကန့်မှာ ပြည်သူ ၃ဦးသေဆုံး
မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ ပြည်သူ ၁ဦးသေဆုံး၊ ၂ဦးထိခိုက်
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ ပြည်သူ ၁ဦးသေဆုံး၊ ၂ဦးထိခိုက်
●ဒီဇင်ဘာ ၉ရက်
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ပြည်သူ ၂ဦးထိခိုက်
(ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အနီးနဲ့ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဆဒုံးမြို့တို့ကို လေကြောင်းတိုက်ခိုက်)
●ဒီဇင်ဘာ ၁၀ရက်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပြည်သူ့ဆေးရုံ ပြည်သူ ၃၄ဦးသေဆုံး၊ ၇၅ဦးထိခိုက်
●ဒီဇင်ဘာ ၁၁ရက်
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ ပြည်သူ ၁ဦးသေဆုံး၊ ၅ဦးထိခိုက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ ပြည်သူ ၈ဦးသေဆုံး၊ ၁၀ဦးခန့်ထိခိုက်
(ရခိုင်ပြည်နယ်၊ ဂွမြို့ကို လေကြောင်းတိုက်ခိုက်)
●ဒီဇင်ဘာ ၁၂ရက်
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ ပြည်သူ ၁ဦးသေဆုံး၊ ၂ဦးထိခိုက်
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ပြည်သူ ၂ဦးသေဆုံး၊ ၁ဦးထိခိုက်
(ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို လေကြောင်းတိုက်ခိုက်)
●ဒီဇင်ဘာ ၁၃ရက်
(စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ကို လေကြောင်းတိုက်ခိုက်)
●ဒီဇင်ဘာ ၁၄ရက်
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ပြည်သူ ၁ဦးသေဆုံး
●ဒီဇင်ဘာ ၁၅ရက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ကနီမြို့နယ်မှာ ၇ဦးသေဆုံး
●ဒီဇင်ဘာ ၁၆ရက်
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပြည်သူ ၄ဦးသေဆုံး
●ဒီဇင်ဘာ ၁၇ရက်
မန္တလေးတိုင်း သပိတ်ကျင်းနဲ့ စစ်ကိုင်းတိုင်း ခင်ဦးနယ်အစပ်မှာ ပြည်သူ ၇ဦးခန့်သေဆုံး၊ ၁၅ဦးခန့်ထိခိုက်
ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်မှာ ပြည်သူ ၂ဦးသေဆုံး
●ဒီဇင်ဘာ ၁၈ရက်
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ပြည်သူ ၆ဦးထက်မနည်းသေဆုံး၊
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ပြည်သူ ၄ဦးသေဆုံး၊
●ဒီဇင်ဘာ ၁၉ရက်
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ပြည်သူ ၃ဦး ထိခိုက်
●ဒီဇင်ဘာ ၂၁ရက်
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ပြည်သူ ၁ဦးသေဆုံး၊ ၂ဦးထိခိုက်
(မှတ်ချက် -သတင်းမရလို့ ကျန်ရှိနေသေးတဲ့ဖြစ်ရပ်တွေရှိနိုင်ပါသေးတယ် ။ပြည်သူတွေအနေနဲ့ အချက်အလက်တွေ ပို့ပေးနိုင်ပါတယ်)

















































