Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူခရိုင်ထဲက ကပစသုံးခုရဲ့ ဓါတ်အားလိုင်း​​တွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်

လေယာဉ်ဗုံးတွေထုတ်လုပ်နေတဲ့ အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၁)အပါအဝင်ပခုက္ကူခရိုင်ထဲမှာရှိတဲ့ ကပစ စက်ရုံ၃ ရုံကိုပို့နေတဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေကို တော်လှန်ရေးတပ်တွေက ဖျက်ဆီးပြီး လျှပ်စစ်ဓာတ်အား ဖြတ်တောက်လိုက်ပါတယ်။

ကပစ (၂၄)စက်ရုံကို​ Google Earth မှာ တွေ့ရစဥ်

ဒီဇင်ဘာ-၂၅၊၂၀၂၅။အိမ်သွင်/People’s Spring

လေယာဉ်ဗုံးတွေထုတ်လုပ်နေတဲ့ အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၁)အပါအဝင်ပခုက္ကူခရိုင်ထဲမှာရှိတဲ့ ကပစ စက်ရုံ၃ ရုံကိုပို့နေတဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေကို တော်လှန်ရေးတပ်တွေက ဖျက်ဆီးပြီး လျှပ်စစ်ဓာတ်အား ဖြတ်တောက်လိုက်ပါတယ်။

ပေါက်မြို့နယ်က ကပစ(၂၄)၊ဆိပ်ဖြူမြို့နယ်က ကပစ(၂၁)နဲ့ ကပစ(၂၂)ဆီ ပို့နေတဲ့ လျှပ်စစ်ဓာတ်အားလိုင်း သုံးနေရာကို တော်လှန်ရေးတပ်တွေက မိုင်းခွဲဖျက်ဆီးလိုက်တာပါ။

“အခုရက်ထဲမှာ ဖောက်ခွဲဖျက်ဆီးလိုက်တာပါ။ကပစတွေဆီ လျှပ်စစ်ဓာတ်အားဖြတ်တောက်တာပါ။ သူတို့ ပြင်ဆင်ဖို့ ကြိုးပမ်းနေပေမယ့် မရသေးပါဘူး”လို့ ဒေသတွင်းက ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ကပစ(၂၁) နဲ့ ကပစ(၂၂)ကိုစလင်းမြို့နယ်ကတညောင်တအားခွဲရုံကနေလျှပ်စစ်ဓာတ်အားပို့ဆောင်နေတာပါ။

လေယာဉ်ဗုံးတွေထုတ်တဲ့ ကပစ(၂၁)ဟာဆိပ်ဖြူမြို့နယ်၊ကန်စွန်းမကျေးရွာအနီး၌တည်ရှိပါတယ်။ ကပစ (၂၁)မှာClusterအမျိုးအစားလေယာဉ်ဗုံး ထုတ်လုပ်တယ်လို့လည်းသိရပါတယ်။

ကပစ(၂၁)ဟာ ဆိပ်ဖြူမြို့နယ်၊ ရွှေပို့ကျွန်းရွာမှာရှိပြီး ရိုင်ဖယ်အမျိုးအစားလက်နက်ငယ်တွေထုတ်ပါတယ်။ ကပစ(၂၄)ကတော့ ပေါက်မြို့နယ်ရဲ့ အနောက်တောင်ဘက်မှာတည်ရှိပြီးအရည်ကျိုစက်ရုံအဖြစ်လည်ပတ်နေသလို လက်နက်ကြီးကျည် ၆၀ မမ၊၈၀ မမ နှင့် ၁၂၀ မမ တို့ကို အဓိကထုတ်လုပ်နေတာပါ။

လေယာဉ်ဗုံးနဲ့လက်နက်တွေထုတ်လုပ်ပြီး လူထုကို သတ်ဖြတ်မှုတွေကျူးလွန်နေလို့ အရေးကြီးတဲ့နေရာကိုဦးတည်ပြီးစစ်ဆင်ရေးလုပ်တာလို့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။ ဒေသခံပြည်သူလူထုအနေနဲ့ စစ်ရေးအခြေအနေကို သူက နားလည်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

“စစ်တပ်ရဲ့စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးနေရာတွေကို ဖြတ်တောက်ဖို့လိုလို့ လုပ်တာပါ။ပြည်သူကိုခက်ခဲစေချင်တာမဟုတ်ဘူး။ အသက်သေဆုံးတာထက်စာရင်လျှပ်စစ်မီးနဲ့ပဲရန်သူက စက်လက်နက်ပစ္စည်းတွေထုတ်လုပ်နေတာမို့လို့ ဒါကိုဖြတ်တောက်နိုင်မှ ပြည်သူရဲ့အသက်အိုးအိမ်စည်းစိမ်နဲ့ဆုံးရှုံးမှုအားပိုနည်းမှာမို့လို့လုပ်တာပါ”လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအနှံ့မှာကပစစက်ရုံ၂၅ ရုံရှိပြီးမကွေးတိုင်းထဲမှာ ၁၅ခုအထိ ရှိနေတာဖြစ်ပါတယ်။ စစ်ကောင်စီကိုအပြီးသတ် ဖြိုချနိုင်ဖို့အတွက် ကပစတွေကို အထိနာအောင်တိုက်ခိုက်ဖို့လိုအပ်တယ်လို့ တော်လှန်ရေးတပ်တွေကထုတ်ဖော်ပြောကြားထားပါတယ်။ပဲခူးတိုင်းထဲမှာရှိနေတဲ့ကပစတွေကိုလည်း တော်လှန်ရေးတပ်တွေက ပစ်မှတ်ထားပြီးတိုက်ခိုက်နေတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က တပ်မ ၄ခုအထိသုံးပြီး မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်က ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ) တွေကို အင်အားထပ်ဖြည့်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆောင်းပါး

အထူးသဖြင့် မကွေးတိုင်း ရဲ့ ပဲခူးတိုင်းဆက်စပ်ဒေသတွေမှာရှိတဲ့ ကပစတွေအနီးအထိ AAနဲ့မဟာမိတ်‌တွေ ခြေချပြီးသားဖြစ်နေပြီး စစ်ရှိန်မြှင့်နေပြီဖြစ်ပါတယ်။

သတင်း

အညာမြေတပ်ပေါင်းစုထံ ပခုက္ကူခရိုင်မှာ အခြေစိုက်တဲ့ GOD OF MYAING တပ်ဖွဲ့နဲ့ EAGLE FIGHTERတပ်ဖွဲ့တို့က ဒီကနေ့ (ဒီဇင်ဘာ၂ရက်)မှာ ထပ်မံပေါင်းစည်းလိုက်တယ်လို့ သတင်းရပါတယ်။

သတင်း

မကွေးတိုင်း နဲ့ ပဲခူးတိုင်းမှာ စစ်တပ်ရဲ့ ကာကွယ်​ရေးပစ္စည်းထုတ်လုပ်စက်ရုံ (ကပစ) သုံးခုအနီးမှာစစ်တပ်နဲ့ ​တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ပွဲအပြင်းအထန်ဖြစ်နေ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။