Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့မှာ ရွေးကောက်ပွဲမဲပေးမယ့်သူမရှိသလောက်နည်းပြီး တိတ်ဆိတ်ခြောက်ကပ်နေဟု လူထုတိုက်ပွဲဦးဆောင်ကော်မတီ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမဲပေးတဲ့နေ့မှာ အပြင်မထွက်သပိတ်မှာ ပြည်သူတွေပါဝင်ခဲ့လို့ လမ်းမတွေပေါ်မှာ တိတ်ဆိတ်ခြောက်ကပ်နေတယ်လို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ

ဒီဇင်ဘာ -၂၈ ၊၂၀၂၅/People’s Spring

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမဲပေးတဲ့နေ့မှာ အပြင်မထွက်သပိတ်မှာ ပြည်သူတွေပါဝင်ခဲ့လို့ လမ်းမတွေပေါ်မှာ တိတ်ဆိတ်ခြောက်ကပ်နေတယ်လို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။

စစ်အုပ်စုကရွေးကောက်ပွဲ ကျင်းပရန် ကြေညာထားသော်လည်း ကလေးမြို့ပေါ်ရှိ လူနေရပ်ကွက်တွေအတွင်း မဲပေးသူ မရှိသလောက် နည်းပါးခဲ့တယ်လို့ ဆိုပါတယ်။

ကလေးမြို့မှာ ပုံမှန် တနင်္ဂနွေနေ့များတွင် စည်ကားလေ့ရှိသော်လည်း ယနေ့မှာ မနက်ခင်းဈေးသွားဈေးလာ အချိန်ကစ၍ လမ်းမကြီးများ၊ လူစည်ကားရာနေရာတွေနဲ့ ရွေးကောက်ပွဲကျင်းပဖို့ သတ်မှတ်ထားတဲ့ နေရာတွေမှာ လူသူသွားလာခြင်းမရှိဘဲ တိတ်ဆိတ်ခြောက်ကပ်နေတယ်လို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်အပါအဝင် အာဏာရှင်မှန်သမျှ ကျဆုံးရေးအတွက် (၅) နှစ်တာကာလအတွင်း အထွေထွေဖိနှိပ်မှုများကြားမှ တော်လှန်ရေးရဲ့ တောင်းဆိုမှုအရပ်ရပ်အပေါ် တာဝန်ကျေပွန်ကြောင်း ပြသလျက်ရှိတဲ့ ကလေးမြို့ဒေသခံ ပြည်သူတစ်ရပ်လုံးရဲ့ ပူးပေါင်းပါဝင်မှုအပေါ် အလေးအနက် မှတ်တမ်းတင်အပ်ပါတယ်လို့ထပ်မံဖော်ပြထားပါတယ်။

ကလေးဒေသအခြေပြု တော်လှန်ရေးအဖွဲ့အစည်းအသီးသီးအနေနဲ့ ဒေသခံပြည်သူတစ်ရပ်လုံးရဲ့ အမြင့်မားဆုံးသော ပူးပေါင်းပါဝင်မှုကို အားပြုကာ၊ ညီညွတ်ခြင်းရဲ့ တပ်ဦးအလံကို အမြင့်ဆုံးလွင့်ထူလျက် ဘုံရန်သူစစ်အုပ်စု အမြစ်ပြတ်ကျဆုံးရေး အားသွန်ခွန်စိုက် တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။