Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်၊ကသာနဲ့ အရာတော်က စစ်တပ်စခန်းတွေကို PDFတွေ တပြိုင်နက်ဝင်တိုက်နေ

ပြည်သူတွေကို အတင်းအကြပ် ဖိအားပေးပြုလုပ်နေတဲ့ ရွေးကောက်ပွဲနေ့မှာ စစ်ကိုင်းတိုင်းက ဘုတလင်၊ကသာနဲ့ အရာတော်မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊တပ်ဖွဲ့တွေက တပြိုင်နက်ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

ဘုတလင်ပကဖရဲဘော်တစ်ဦး။ ။ဓာတ်ပုံ- ဘုတလင်ပကဖ

ဒီဇင်ဘာ-၂၈၊၂၀၂၅။ကဖေး/People’s Spring

ပြည်သူတွေကို အတင်းအကြပ် ဖိအားပေးပြုလုပ်နေတဲ့ ရွေးကောက်ပွဲနေ့မှာ စစ်ကိုင်းတိုင်းက ဘုတလင်၊ကသာနဲ့ အရာတော်မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊တပ်ဖွဲ့တွေက တပြိုင်နက်ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

” ၃မြို့နယ်ကို ဝင်တိုက်နေတာ။ အခြေအနေကောင်းတယ်”လို့ စစ်ရေးအခြေအနေကိုသိတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

ဘုတလင်နဲ့ကသာမြို့ကို မြို့သိမ်းတိုက်ပွဲအထိ စစ်ရေးဖော်ဆောင်နေတာဖြစ်ပြီး အရာတော်မြို့ကိုတော့ မြို့အနီးကစခန်းတွေ တိုက်ခိုက်နေတာလို့ စစ်ရေးသတင်းရင်းမြစ်ကဆိုပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲမှာ အထိနာနေတဲ့စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

မကွေးတိုင်းမှာလည်း ဆင်ဖြူကျွန်းမြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေပြီး စစ်ကောင်စီက လေကြောင်းကနေ အင်အားအများအပြားဖြည့်တင်းနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဇူလိုင် ၂၆၊ ၂၀၂၆။People’s Spring ဘုတလင်မြို့နယ်မှာ ကျောင်းသားသမဂ္ဂရုံးခန်း စီးနင်းခံရပြီး ဗကသရဲဘော် ၃ဦး သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဥ် (၃)နှစ်ပြည့်အနေနဲ့ စစ် အာဏာရှင် စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၃ ဇူလိုင် ၂၈ ရက်နေ့ မနက်ပိုင်းက ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့...

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ အရာတော်မြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ကံရင်းရွာ စစ်တပ်က ဂျိုင်ရို ကော်ပတာ ၃ စီးနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် ကိုယ်ဝန်​ဆောင်အမျိုးသမီးနဲ့ဗိုက်ထဲ သမီးငယ် အပါအဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ငွေတွင်းပျူစောထီးရွာနဲ့ အမှတ်(၁၀)စစ်လေ့ကျင့်ရေးတပ် (စခတ-၁၀)ကြားမှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁၀ဦး ကျဆုံးခဲ့ရတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။