Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲ ပူးပေါင်းဆောင်ရွက်သူ ၉ဦးကို ပါတီဝင်အဖြစ်က NLD ထပ်မံ ထုတ်ပယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းထားတဲ့ စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တာ၊ ပူးပေါင်းဆောင်ရွက်တာ လုပ်ဆောင်တဲ့သူ ၉ဦးကို ပါတီဝင်အဖြစ်က ထပ်မံ ထုတ်ပယ်လိုက်ကြောင်း NLDက ထုတ်ပြန်ပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲမှာ တွေ့ရတဲ့ NLDပါတီ အလံ။ ဓာတ်ပုံ - Getty Images

ဒီဇင်ဘာ-၂၈၊ ၂၀၂၅။ ဟန်နွေ/People’s Spring

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းထားတဲ့ စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တာ၊ ပူးပေါင်းဆောင်ရွက်တာ လုပ်ဆောင်တဲ့သူ ၉ဦးကို ပါတီဝင်အဖြစ်က ထပ်မံ ထုတ်ပယ်လိုက်ကြောင်း NLDက ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂၅ရက်က ပါတီဝင် အဖြစ်က ထုတ်ပယ်ခဲ့သူ ၂၀ဦးရဲ့ အမည်စာရင်းကို ကြေညာခဲ့ပြီး နောက်ထပ် ၉ဦးကိုလည်းပါတီဝင်အဖြစ်က ထပ်မံ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ အရင် ထုတ်ပယ်ထားတဲ့ ၂၀ဦးထဲက ပဲခူးတိုင်းဒိုက်ဦးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသန်းထိုက်အောင် အားပါတီဝင်အဖြစ်မှထုတ်ပယ်ခြင်းကို ပယ်ဖျက်ကြောင်းလည်း ယနေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်က ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ကို ငြင်းဆန်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်နိုင်ငံ အကြီးအကဲများကို မတရားဖမ်းဆီးခဲ့ပြီး အာဏာလု စစ်ကောင်စီ နိုင်ငံရေးတရားဝင်မှု ရှိစေဖို့ အတုအယောင်ရွေးကောက်ပွဲ ကျင်းပဖို့ ကြံစည်နေတာကို ပူးပေါင်းဆာင်ရွက်တာ မလုပ်ဖို့ NLD က တားမြစ်ထားပေမယ့် မျက်ကွယ်ပြုပြီး စစ်တပ်ရဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်တာ၊ အားပေးကူညီတာ ပြုလုပ်နေလို့ အခုလို ပါတီဝင် အဖြစ်ကနေ ထုတ်ပယ်ခဲ့တာလို့ ရှင်းပြထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီသူတွေဟာ ပြည်သူ့ဆန္ဒကို ဆန့်ကျင်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရဲ့ ဆုံးဖြတ်ချက်တွေ ၊ စည်းမျဥ်းစည်းကမ်းတွေကိုလိုက်နာခြင်းမရှိသူ အဖြစ်သတ်မှတ်ကာ ပါတီဝင်အဖြစ်က ထုတ်ပယ်လိုက်တာလို့ ဖော်ပြထားပါတယ်။

အခုNLDက ထပ်မံ ထုတ်ပယ်လိုက်တဲ့ သူတွေက ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ခင်ညို၊ လင်းခေးမြို့နယ်က ပါတီဝင် စိုင်းဆေဟန်၊ ဧရာ၀တီတိုင်း ရေကြည်မြို့နယ် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မင်း၊ မြောင်းမြမြို့နယ် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသန့်ဇော်ဝင်း ၊ မအူပင်မြို့နယ်က ပါတီဝင် ဒေါ်ခင်မျိုးသက်၊ လသာမြို့နယ်က ယခင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်ဖြစ်သူ ဦးဝင်းမြင့်သန်း၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် က မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သလို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်ဖြစ်သူ ဦးသူရအောင် ၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်ရပ်ကွက် (၂၁)အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးနေဝင်းထွန်းနဲ့ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် ရှမ်းတဲကြီးရပ်ကွက် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး တို့ ဖြစ်ပါတယ်။

NLDဟာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်ပါတယ်။

အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ် စုစုပေါင်း ၁,၁၇၁ အနက် ၁,၁၁၇ နယ် ကျင်းပခဲ့ရာ NLDက မဲဆန္ဒနယ်အားလုံးရဲ့ ၈၂ရာခိုင်နှုန်းကျော် အနိုင်ရကာ လွှတ်တော်ကိုယ်စားလှယ် ၉၂၀ ဦး ရွေးချယ်တင်မြှောက်ခံခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းတင်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

သမ္မတဦးဝင်းမြင့်ကို မိသားစုနဲ့တွေ့ဆုံစေတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို နေရာရွှေ့ပြောင်းတာ တွေဟာ စစ်အုပ်စုရဲ့နိုင်ငံရေးလှည့်စားချက်ဟု ထုတ်ပြန်

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ ဒီနေ့မှာလည်း ဘာသတင်းအချက်အလက်မှ မရရှိသေးဘူးလို့ NLD ပါတီဗဟိုအလုပ်အမှု​ဆောင်အဖွဲ့ဝင်တဦးကပြောပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။