Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းရန်ကာကွယ်ရေးတပ်က ဗိုလ်မှူးကြီးလာကြိုတဲ့ယာဉ်တန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်

စစ်တပ် ၁၆ဦးထက်မနည်းသေပြီး လက်နက် ၈လက်သိမ်းရဟု PDFပြော

ဓာတ်ပုံ - ပခုက္ကူခရိုင်အမှတ် (၁၉)တပ်ရင်း

ဇန်နဝါရီ-၁၊ ၂၀၂၆။ ဇော်ဝင်း/People’s Spring

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် လေကြောင်းရန်ကာကွယ်ရေးတပ် (လကတ-၂၀၃၆)တပ်မမှူး ဗိုလ်မှူးကြီးအံ့ကျော် မင်း လာကြိုတဲ့ယာဥ်တန်း တိုက်ခိုက်ခံရပြီး ၁၆ ဦးထက်မနည်းသေဆုံးကာ သေနတ် ၈လက် သိမ်းရတယ်လို့ PDFပခုက္ကူခရိုင်အမှတ် (၁၉) တပ်ရင်းတာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ရက်က လကတ (၂၀၃၆) တပ်ရင်းကထွက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ကားလေးစီးပါ ယာဉ်တန်းကို ဆိပ်ဖြူမြို့ပေါ်ကနေ သံပြားကာကား တစ်စီးနဲ့ အိမ်စီးကားတစ်စီးကလာကြိုခဲ့တာလို့ ဆိုပါတယ်။

အဲဒီလာကြိုတဲ့ စစ်ကောင်စီယာဉ်နှစ်စီးကို ပခုက္ကူခရိုင် စုဖွဲ့မှုစစ်ကြောင်း ၂ (PDF+ပကဖ+LDF)၊ ပခုက္ကူခရိုင် Commando တပ်ဖွဲ့၊ ပခုက္ကူခရိုင် အမှတ် (၄) ၊ (၁၁) ၊ (၁၉) တပ်ရင်းတွေ ပူးပေါင်းပြီး ခြုံခိုတိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ လကတက တပ်မမှူးပါတဲ့ ယာဉ်တန်းကို ဆိပ်ဖြူကနေလာကြိုတဲ့ ယာဉ်တန်းနှစ်စီးကို ခြုံခိုတိုက် တာပါ။အလက်(၈)လက်ရခဲ့တယ်။ကျွန်တော်တို့ဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်” လို့ အထက်ပါတာဝန်ရှိသူက တိုက်ပွဲဖြစ်စဥ်ကို ရှင်းပြပါတယ်။

လကတ (၂၀၃၆)တပ်မမှူး အံ့ကျော်မင်းဟာ ဆိပ်ဖြူမြို့နယ်အတွင်း စစ်ဆင်ရေးကို ဦးစီးရသူဖြစ်ပြီး ဆိပ်ဖြူမြို့ပေါ်ကို အထိုင်တပ်ကနေ တစ်ပတ်ကို တစ်ကြိမ် အသွားအပြန်လုပ်နေတာလို့ သူက ဆက်ပြောပါတယ်။

အဲဒီတပ်မမှူး လာကြိုတဲ့ တပ်သားတွေက ဆိပ် ဖြူမြို့နယ် အခြေစိုက်ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၁(နဲ့ (၂၂)ကတပ်သားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

“ အဲဒီ(လာကြိုတဲ့ယာဥ်တန်း)တိုက်ခံရလို့ သေတဲ့အထဲ ဗိုလ်အဆင့်ပါတယ်။အဲဒါကြောင့် အနီးနာက ရွာတွေကို လေကြောင်းကနေ ဗုံးကြဲသွားတာ။လကတ တပ်နဲ့ ဆိပ်ဖြူမြို့ပေါ်နဲ့က မိုင်(၂၀) လောက်ပဲ ဝေးတာ” လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ယာဥ်တန်းထံက 79 တစ်လက်၊ MA-1 လေးလက်၊ MA-3 သုံးလက်နဲ့ အခြားဆက်စပ်ပစ္စည်းတွေကို ပခုက္ကူခရိုင်စစ်ဌာနက သိမ်းဆည်းရရှိခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၅ ဒီဇင်ဘာ ၂၃ရက်က ဆိပ်ဖြူမြို့နယ် ကပစ (၂၂) သွယ်တန်းထားတဲ့ လျှပ်စစ်မဟာဓာတ်အားလိုင်း ဓာတ်တိုင်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တာအပြင် ကပစ(၂၂) တပ်အထိုင်ထဲကို ရော့ကတ်တွေနဲ့ ပစ်ခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၄ရက်မှာ ဆိပ်ဖြူမြို့နယ်၊ သံဇလုံကျေးရွာက စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်မှုမှာလည်း သုံးဦးသေပြီး ဒဏ်ရာရတဲ့သူရှိတယ်လို့ ပခုက္ကူခရိုင်စစ်ဌာနက ထုတ် ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်သား ၉ ဦးသေ၊ ​တော်လှန်​ရေးတပ်ကသေနတ် ၉ လက်နှင့် ခဲယမ်းများ​ရ

သတင်း

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ စစ်ကောင်စီ​၏ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်းများတင်ဆောင်လာသော ယာဥ်တန်းအား တိုက်ခိုက်ခဲ့ရာ ကားတစ်စီးပျက်စီးပြီး တစ်စီးမီးလောင်သွားကြောင်း ချင်းကာကွယ် ရေးတပ်-အရှို(CDF - Asho)မှ ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

သတင်း

မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ကောင်စီ၏ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း နွားထိုးကြီး Nayogyi People Defense Force အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

သတင်း

စစ်ကောင်စီတပ်မှ ဇွန်လအတွင်း လေကြောင်းဖြင့် (၃)ကြိမ် လာရောက် ဗုံးကြဲပစ်ခတ်ခဲ့ရာခရစ်ယာန် ဘုရားရှိခိုးကျောင်း တစ်ကျောင်း အနည်းငယ် ပျက်စီးခဲ့ပြီး ပြည်သူနေအိမ် နှစ်လုံး ပျက်စီးခဲ့သည်ဟု ဆိုသည်။