Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်က စစ်ကောင်စီဂိတ်တိုက်ခိုက်ခံရ၊ စစ်သားတစ်ဦးသေ နှစ်ဦးဒဏ်ရာရဟု ဝရဇိန်အဖွဲ့‌ ပြော

နေပြည်တော် လယ်ဝေးမြို့နယ် အောင်ချမ်းသာကျေးရွာက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပြောက်ကျားဝင်တိုက်ခဲ့တာ စစ်သား တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရတယ်လို့ ဝရဇိန်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဇန်နဝါရီ-၁၂၊၂၀၂၆။သတိုး/People’s Spring

နေပြည်တော် လယ်ဝေးမြို့နယ် အောင်ချမ်းသာကျေးရွာက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပြောက်ကျားဝင်တိုက်ခဲ့တာ စစ်သား တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရတယ်လို့ ဝရဇိန်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ပြောက်ကျားဝင်ပစ်တာပါ။ ထိတွေ့မှုက ၁၀မိနစ်ကျော်ပဲ ကြာပါတယ်။ တစ်ယောက်သေ ၊ နှစ်ယောက် ဒဏ်ရာရတယ်။ နေပြည်တော်ကုတင်တစ်ထောင်ကို ပို့လိုက်တယ်” လို့ စစ်ဆင် ရေးနဲ့ ပတ်သက်ပြီး ပြောပါတယ်။

အဲဒီစစ်ဆင်ရေးကို ဇန်နဝါရီ ၁၀ရက် ည ၇နာရီလောက်မှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူတွေရဲ့ တိုင်ကြားမှုတွေကြောင့် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“အကြောင်းမဲ့စစ်ဆေးတာ။ လူသုံးကုန်အနည်းငယ် မိသားစုအတွက်သယ်ယူတာလောက်တောင် ဟိုတောင်း ဒီတောင်း လုပ်တာ။ အခန့်မသင့်ရင် အကြောင်းမဲ့ဖမ်းထားတာတွေလုပ်ပါတယ်။ ဒီကောင်တွေ အရက်မူးရင် ပိုဆိုးပါတယ်”လို့ စစ်ကောင်စီဂိတ်ရဲ့ ရမ်းကားမှုတွေကို ဝရဇိန်တပ်ဖွဲ့က ရှင်းပြပါတယ်။

အဲဒီဖြစ်စဉ်မှာ စစ်ကောင်စီဘက်က ထိခိုက်မှုနဲ့ ပတ်သက်ပြီး လူထုနွေဦးအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

ဝရဇိန်တပ်ဖွဲ့အနေနဲ့ ထပ်မံလုပ်ဆောင်မယ့် စစ်ဆင်ရေးတွေအတွက် အချိန်ယူကာပြင်ဆင်မှုတွေပြုလုပ်နေပြီး ပြည်သူတွေအနေနဲ့လည်း ယုံယုံကြည်ကြည်ထောက်ပို့ပေးဖို့ တောင်းဆိုထားပါတယ်။

“ပြည်သူရဲ့ လူနေမှုဘဝ လုံခြုံအေးချမ်းဖို့ ဆောင်ရွက်နေပါတယ်”လို့ ဝရဇိန်အဖွဲ့က ပြည်သူတွေကို သတင်းစကားပါးပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အဲဒီနေ့ကတောင်ညိုလမ်းမှာမိုးတွေအုံ့နေခဲ့တယ်။ မှိုင်းပျပျ မိုးသားနောက်ခံနဲ့အတူ ဝါးလုံးစိမ်းတွေအပြည့်တင်ဆောင်လာတဲ့ကားတစ်စီးဟာ ချောက်ထဲထိုးကျနေခဲ့တယ်။ ဝါးတွေဟာ ပြန့်ကျဲနေသလို ချောက်ထဲမှာလည်း လူတွေဟာ ပိုးလိုးပက်လက် လဲကျနေခဲ့တယ်။

သတင်း

နေပြည်တော်မှာ ဝါးတွေတင်ဆောင်လာတဲ့ကားမှောက်လို့ ဝါးခုတ်တောင်သူ ၁၆ဦးသေဆုံးခဲ့ရတယ်လို့ လူမှုကယ်ဆယ်ရေး ပရဟိတ အသင်းအဖွဲ့ဝင်တစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

သတင်း

နေပြည်တော် နဲ့ မိတ္တိလာမြို့အပါအဝင်မန္တလေးတိုင်းအတွင်းရှိ ​ဒေသအချို့မှာ ဒီနေ့ညနေပိုင်းလေပြင်း ရုတ်တရက်တိုက်ခတ်ပြီးထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

သတင်း

နေပြည်တော်ကို ဗဟိုပြုပြီး ဒီ‌နေ့ မတ်လ ၂၃ရက် ညနေပိုင်းမှာ လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၄ ဒဿမ၄အဆင့် ငလျင်ဟာ လှုပ်ရှားမှုပြင်းထန်ပြီး ဒေသခံတွေ လမ်းပေါ် ပြေးထွက်ခဲ့ကြရပါတယ်။