Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးနယ်မှာ တိုက်ပွဲဖြစ်နိုင်တာကြောင့် ခရီးသွားတာတွေမလုပ်ဖို့ သံမဏိလိပ်ပြာတပ်သတိပေး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အချိန်မရွေးတိုက်ပွဲဖြစ်နိုင်တာကြောင့် ခရီးသွားတာတွေ မလုပ်ဖို့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Steel Butterfly Force

ဇန်နဝါရီ -၂၄ ၊၂၀၂၆။မိုမို/People’s Spring

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အချိန်မရွေးတိုက်ပွဲဖြစ်နိုင်တာကြောင့် ခရီးသွားတာတွေ မလုပ်ဖို့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ဒီကနေ့(ဇန်နဝါရီ ၂၄ ရက်)ကစလို့ နှစ်ရက်အတွင်း လောင်းလုံးမြို့ အနီးပတ်ဝန်းကျင်နဲ့ မြို့ပေါ် နေရာ တွေကို အသွားအလာရှောင်ကြဖို့ တိုက်တွန်းထားပါတယ်။

“နေရာမရွေး တိုက်ပွဲဖြစ်လာနိုင်တယ်။ကြိုတင်ပြီး သတိပေးရတာပါ”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ရွေးကောက်ပွဲအပိုင်း(၃)အတွက် လောင်းလုံးမြို့ပါဝင်ပြီး စစ်တပ်က ခရီးသွားယာဥ်တန်းတွေကို တားဆီးပြီး မဲပေးခိုင်းတာတွေ ရှိနေတယ်လို့လည်း သူက ပြောပါတယ်။

လက်ရှိစစ်ရေးအခြေအနေကြောင့် လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို သတိပြုကြဖို့၊ စစ်ရေးအသိနဲ့နေကြဖို့လည်း လောင်းလုံးသံမဏီလိပ်ပြာတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

လောင်းလုံးမြို့နယ်က မောင်းမကန်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီက အင်အားဖြည့်ပြီး မြို့နယ်တွင်း စစ်ကြောင်းထိုးတာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ဒီဇင်ဘာနဲ့ နိုဝင်ဘာက လောင်းလုံးမြို့နယ်တောင်ဘက်ခြမ်းက တိုက်ပွဲတွေမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။

လောင်းလုံးမြို့နယ်မှာ စစ်​ကောင်စီက ခမရ(၄၀၆)၊ (၄၀၉)နဲ့ ခလရ(၂၆၇)တပ်ရင်းတွေ နဲ့ လှုပ်ရှားနေတာ ဖြစ်ပါတယ်။အဲဒီတပ်ရင်းတွေထဲက တပ်သားတချို့က ကာကွယ်ရေးတပ်ဖွဲ့တွေဆီကို ဘက်ပြောင်းခိုလှုံတာတွေလည်းရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်မှာ နေအိမ်မီးမရှို့ဖို့တားတဲ့ အသက်(၉၀)ကျော်အရွယ်အဘိုးအို ၁ ဦးအပါအ၀င် အရပ်သား ၅ ဦးထက်မနည်းကို စစ်တပ်စစ်ကြောင်းက သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်ထဲမှာအခြေ စိုက်ထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းကအရပ်သားသားအဖနှစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့နေအိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးရမိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ပါတယ်။