Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့ပေါ် မဲရုံစောင့် ပြည်သူ့စစ်တစ်ဦးကို လက်နက်နဲ့အတူ ဖမ်းမိ

မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်က မဲရုံစောင့် ပြည်သူ့ စစ်တစ်ဦးကို လက်နက်နဲ့အတူ ဖမ်းမိတယ်လို့ မြင်းခြံခရိုင်အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၁ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ-၂၄၊ ၂၀၂၆။ ဇော်ဝင်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်က မဲရုံစောင့် ပြည်သူ့ စစ်တစ်ဦးကို လက်နက်နဲ့အတူ ဖမ်းမိတယ်လို့ မြင်းခြံခရိုင်အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၁ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

အဲဒီ့ပြည်သူ့စစ်ကို မြို့ပေါ်ထိ တက်ရောက်ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး စစ်အုပ်စုတပ်သားတွေ အနေနဲ့ သတိထားဖို့ ဖော်ပြပါတယ်။

ဖမ်းဆီးမှုအတွင်း ကာဘိုင်သေနတ်တစ်လက်နဲ့ကျည်၊ကျည်ဘောက်အချို့သိမ်းဆည်းရမိတာတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

မြင်းခြံခရိုင်အမှတ် ၂ တပ်ရင်း၊တပ်ခွဲ ၁ ဖြစ်တဲ့ Myingyan Twenty one Guerilla Force နဲ့ TFM ၊TLK ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၅ ရက်မှာ စစ်တပ်လုပ်မယ့် ရွေး ကောက်ပွဲ တတိယပိုင်းမှာ မြင်းခြံမြို့ပါဝင်ပေမယ့် တစ်မြို့နယ်လုံးအတိုင်းအတာနဲ့ မဲစာရင်းမကောက်နိုင်ဘူးလို့ သိရပါတယ်။

“မြို့ပေါ်ရပ်ကွက်တွေ(ရပ်ကွက် ၂၀) နဲ့ မြို့နားတဝိုက်က ကျေးရွာအုပ်စုလေးခုလောက်မှာပဲ ရွေးကောက်ပွဲလုပ်မှာ”လို့ မြင်းခြံမြို့နေသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မြင်းခြံခရိုင်ထဲက မြင်းခြံ၊ နွားထိုးကြီး နဲ့တောင်သာမြို့နယ်တွေမှာ စစ်အုပ်စုနဲ့ တော်လှန် ရေးတပ်တွေမကြား မကြာခဏ တိုက်ပွဲတွေရှိနေတယ်လို့ သိရပါတယ်။

အခုလထဲမှာ စစ်တပ်ရဲ့အထိုင်စခန်းအချို့ကို တိုက်ခိုက်သိမ်းပိုက်ရခဲ့တာရှိတယ်လို့လည်း မြင်းခြံခရိုင်အမှတ် ၂ တပ်ရင်း၊တပ်ခွဲ ၁ က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

စစ်တပ်တပ်စွဲထားတဲ့ ကုက္ကိုလ်စုရွာကို ဒေသခံတော် လှန်ရေးအဖွဲ့တွေကဇွန်လ ၄ ရက်နေ့မှာ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။လက်နက်ခဲယမ်း​တွေသိမ်းဆည်းပြီး ပျူ​စောထီး​တွေ၊ ရဲ နဲ့စစ်သား စတဲ့ သုံ့ပန်းတွေကို စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ​ပေမယ့် စစ်ရာဇဝတ်မှုကျူးလွန်သူ​တွေကို​တော့ ဥပ​ဒေ နဲ့အညီ အ​ရေးယူမယ်လို့ အသိ​ပေးထားပါတယ် ။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ရောက်နေတဲ့ စစ်တပ်နဲ့ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းဟာ ဒီနေ့ ဇွန်လ ၄ရက် ညနေပိုင်းမှာ မိုးကြိုးပစ်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာကို ဆုံရွာက ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ကာ လုယက်မှုတွေပြုလုပ်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။