Connect with us

Hi, what are you looking for?

သတင်း

ရွေးကောက်ပွဲကို နိုင်ငံတကာအသိအမှတ်ပြု ၊ မပြု နားမလည်ဘူးလို့ စစ်ခေါင်းဆောင်ပြော

ရွေးကောက်ပွဲ ကို နိုင်ငံတကာက အသိအမှတ်ပြု ၊ မပြု နားမလည်ဘူးလို့ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်က ဒီနေ့ (ဇန်နဝါရီလ ၂၅ ရက် )မှာ မန္တလေးက မဲရုံတွေကိုလိုက်လံကြည့်ရှုချိန်မှာပြောသွားပါတယ်။

ဇန်နဝါရီ – ၂၅ ၊ ၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring

ရွေးကောက်ပွဲ ကို နိုင်ငံတကာက အသိအမှတ်ပြု ၊ မပြု နားမလည်ဘူးလို့ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်က ဒီနေ့ (ဇန်နဝါရီလ ၂၅ ရက် )မှာ မန္တလေးက မဲရုံတွေကိုလိုက်လံကြည့်ရှုချိန်မှာပြောသွားပါတယ်။

“နိုင်ငံခြားက အသိအမှတ်ပြုတာ၊ မပြုတာ ကျွန်တော်တို့ နားမလည်ဘူး ပြည်သူက မဲပေးတာ ကျွန်တော်တို့ အသိအမှတ်ပြုမယ် ၊ဒီလိုပဲသွား ရမယ်” လို့ အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်ကပြောခဲ့တာပါ။

မဲလာမပေးတဲ့သူတွေဟာ ရွေးကောက်ပွဲမှာ သူတို့ကြိုက်တဲ့သူမပါတာနဲ့ လုံခြုံရေးအခြေ အနေအရ မဲရုံဆီမလာနိုင်ကြသူတွေ ပဲဖြစ်တယ်လို့ စစ်ကောင်စီခေါင်းဆောင်က ထည့်ပြောသွားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို အာဆီယံက အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့ ရက်ပိုင်းကပြောထားသလို အာဆီယံရဲ့အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံကခန့်အပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအာဆီ​ယံအထူးကိုယ်စားလှယ်ဖြစ်သူဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မထောက်ခံဘူးလို့ ရိုက်တာသတင်းဌာန နဲ့အင်တာဗျုးမှာသဘောထားပေးထားပါတယ်။

စစ်ကောင်စီကတော့သူတို့ ကျင်းပတဲ့ ရွေးကောက်ပွဲ ကိုနိုင်ငံတကာက အသိအမှတ်မပြုလည်းဂရုမစိုက်ဟန်ပြောဆိုထားတာရှိပါတယ်။

ရွေးကောက်ပွဲကမြန်မာလူထုကိုဗဟိုပြုတဲ့ရွေးကောက်ပွဲဖြစ်ပြီး နိုင်ငံ တကာကကျေနပ်တာ ၊ မကျေနပ်တာက အရေးမဟုတ်ဘူးလို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းပြောထားတာလည်းရှိပါတယ်။

လူထုကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကိုထပ်မံ ရွေးကောက်တင်မြှောက်တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို စစ်တပ်က မဲမသမာမှု ရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ လက်မခံဘဲ အာဏာသိမ်းခဲ့တာပါ။

အဲဒီနောက်ငါးနှစ်အကြာမှာစစ်ကောင်စီကရွေးကောက်ပွဲကို အပိုင်း (၃) ပိုင်းခွဲပြီး ကျင်းပနေတာပဲဖြစ်ပါတယ်။

နိုင်ငံတကာနဲ့ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီရဲ့ရွေးကောက်ပွဲ ဟာ စစ်တပ်ကျောထောက်နောက်ခံပါတီ ကြံခိုင်ရေးပါတီသာ အနိုင်ရမှာဖြစ်ပြီး ဟန်ပြကျင်းပတဲ့ အတုအယောင်ရွေးကောက်ပွဲသာဖြစ်တယ်လို့ ထုတ်ပြန် ပြောဆိုထားတာတွေရှိပါတယ်။

ဓာတ်ပုံ – စစ်ကောင်စီပြန်ကြားရေး

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရေဘေးလာရောက်ကြည့်ရှု့ခဲ့တဲ့ ဟင်္သာတမြို့နယ်က လဟာပကျေးရွာဟာ ဒီနေ့သြဂုတ် ၁၇ရက် ညပိုင်းမှာ ရေတွေရုတ်တရက်ဝင်ရောက်လာလို့ လူ ၁ဦး ရေနစ်သေဆုံးပြီး ၁၀၀ ကျော် ပိတ်မိနေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။