Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်မှာ စစ်ကောင်စီတပ်စစ်ကြောင်း မိုင်းဆွဲခံရ

မန္တလေးတိုင်း ၊ ငါန်းဇွန်မြို့နယ် ၊ မြို့သာစက်မှုဇုန်ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းက မိုင်းဆွဲခံလိုက်ရတယ်လို့ ဒေသခံအချို့က အသိပေးပါတယ်။

ဇန်နဝါရီ – ၂၆ ၊၂၀၂၆ ၊ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊ ငါန်းဇွန်မြို့နယ် ၊ မြို့သာစက်မှုဇုန်ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းက မိုင်းဆွဲခံလိုက်ရတယ်လို့ ဒေသခံအချို့က အသိပေးပါတယ်။

မြို့သာစက်မှုဇုန်ကနေ ထွက်လာတဲ့ အင်အား ၇၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ငါန်းဇွန်မြို့နယ် ထဲက ကျွဲဇိမ်ရွာ အနီး မှာ ဇန်နဝါရီလ ၁၉ ရက် မနက်ပိုင်း ၇ နာရီဝန်းကျင်က မိုင်းဆွဲခံလိုက်ရတာပါ။

အဲဒီနောက်မှာတော့ မိုင်းဆွဲခံရတဲ့ နေရာကနေ နှစ်မိုင်ခန့်အကွာမှာရှိတဲ့ ထန်းတပင်ရွာကို စစ်ကောင်စီတပ်က ဒရုန်းသုံးပြီး ဗုံးကြဲလို့ နေအိမ်နှစ်လုံးထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“လူတော့မထိဘူး”လို့ ဒရုန်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ငါန်းဇွန်မြို့နယ်အတွင်းက တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဒါဇင်နီးပါးထိခိုက်တယ်လို့ သိထားရပေမယ့် သီးခြားအတည်မပြုနိုင်ပါဘူး။

မြို့သာစက်မှုဇုန်ထဲမှာ အထိုင်ချထားတဲ့ စစ်တပ် စစ်ကြောင်းက မန္တလေး-မြို့သာ-မြင်းခြံလမ်းပိုင်းကို သွားလာနေတဲ့ ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာ၊ ပေါ်တာဆွဲတာ ၊ အနီးဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်တာတွေပြုလုပ်ထားပါတယ်။

စစ်ကောင်စီတပ်သုံး ထရပ်ကားတစ်စီးကိုတွေ့ရပုံ (ပုံဟောင်း)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊ကံသစ်ကျေးရွာမှာပြီးခဲ့တဲ့ရက်ပိုင်း မေလ ၂၂ ရက် မနက်ပိုင်းက စစ်ရှောင်မိသားစု ရွာကိုပြန်လည်ဝင်ရောက်ချိန်မှာ မိုင်းနင်းမိပြီး ကလေးငယ်အပါအဝင် သုံးဦးသေဆုံးခဲ့တယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က အင်းတော်မြို့နယ်မှာ အရပ်သားတွေရှိတဲ့ ကျေးရွာတွေအနီး မြေမြှုပ်မိုင်းတွေထောင်ထားတာကြောင့် ဒီရက်ပိုင်းမှာပဲ မိုင်းပေါက်ကွဲလို့ ဒေသခံတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာအပြင်းအထန်ရရှိသွားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့ မေလ ၇ရက် မနက်ပိုင်းမှာဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ထောင်ထားတဲ့မိုင်းပေါက်ကွဲလို့ (၂)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ အထူးကျော်ကြားတဲ့ မိုင်းရှာဖွေရေး ကြွက်ငယ်လေး တစ်ကောင်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ကမ္ဘောဒီးယားက ပုံတူရုပ်တု တစ်ခုကို ထုလုပ်ခဲ့ပါတယ်။