Connect with us

Hi, what are you looking for?

သတင်း

စစ်ပြီးခေတ် လုံခြုံရေး အာမခံချက်အတွက် အမေရိကန်နဲ့ ဆွေးနွေးမှုတွေ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီလို့ ယူကရိန်း သမ္မတပြော

ရုရှားနဲ့ စစ်ပွဲပြီးဆုံးရင် နိုင်ငံရဲ့ လုံခြုံရေး ကဏ္ဍနဲ့ ပတ်သက်လို့ အမေရိကန်က အာမခံပေးမယ့်ကိစ္စ ဆွေးနွေးမှုတွေ ၁၀၀ ရာခိုင်နှုန်း ပြီးပြတ်နေပြီလို့ ယူကရိန်း သမ္မတက ပြောကြားခဲ့ပါတယ်။

ရုရှားနဲ့ စစ်ပွဲပြီးဆုံးရင် နိုင်ငံရဲ့ လုံခြုံရေး ကဏ္ဍနဲ့ ပတ်သက်လို့ အမေရိကန်က အာမခံပေးမယ့်ကိစ္စ ဆွေးနွေးမှုတွေ ၁၀၀ ရာခိုင်နှုန်း ပြီးပြတ်နေပြီလို့ ယူကရိန်း သမ္မတက ပြောကြားခဲ့ပါတယ်။

ယူကရိန်းရဲ့ စစ်ပြီးခေတ် အနာဂတ် လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ညှိနှိုင်းထားမှုတွေကို သဘောတူ လက်မှတ်ရေးထိုးနိုင်ဖို့ ၁၀၀ ရာခိုင်နှုန်း ညှိနှိုင်းပြီးစီးနေပြီလို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဆိုပါတယ်။

အမေရိကန် အစိုးရဟာ ရုရှားနဲ့ ယူကရိန်းကြား ၄ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်တဲ့ စစ်ပွဲကို ရပ်ဆိုင်းစေဖို့ အားတက်သရော ဝင်ညှိနှိုင်းပေးနေပြီး အဲဒီ ဆွေးနွေးမှုတွေမှာ စစ်ပြီးကာလ ယူကရိန်းရဲ့ လုံခြုံရေးအပေါ် အမေရိကန်နဲ့ အနောက်ဥရောပ နိုင်ငံတွေက အာမခံ ပေးဖို့ ဆိုတာကလည်း အရေးကြီးတဲ့ ကဏ္ဍတစ်ခု ဖြစ်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗော့စ်မြို့မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ တွေ့ဆုံခဲ့တဲ့ ဇီလန်စကီးက အခုဆိုရင် ယူကရိန်းရဲ့ လုံခြုံရေး အာမခံချက်ဆိုင်ရာ စာရွက်စာတမ်းတွေဟာ ၁၀၀ ရာခိုင်နှုန်း အသင့်ဖြစ်နေပြီး လက်မှတ်ရေးထိုးဖို့သာ ကျန်တော့တယ်လို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူက ယူကရိန်းဟာ NATO စစ်မဟာမိတ် အဖွဲ့ထဲ ဝင်ရောက်ခွင့်ကို ရုရှားဖက်က တောင်းဆိုထားတဲ့အတိုင်း လက်လျှော့ပေးမှာ ဖြစ်ပေမယ့်၂၀၂၇ မှာတော့ ဥရောပ သမဂ္ဂ (EU) အဖွဲ့ထဲ ဝင်ရောက်နိုင်ရေးအတွက် ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။ အဲဒီခြေလှမ်းဟာ ယူကရိန်းရဲ့ စီးပွားရေး လုံခြုံမှု အာမခံချက်တစ်ခုလို့ သူယူဆကြောင်း ဇီလန်စကီးက ပြောပါတယ်။

အမေရိကန်မှာ ထရမ့် သမ္မတဖြစ်လာတဲ့နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် အမေရိကန်၊ ရုရှားနဲ့ ယူကရိန်း ကိုယ်စားလှယ် အဖွဲ့တွေ သုံးပွင့်ဆိုင် တွေ့ဆုံတဲ့ ဆွေးနွေးပွဲကိုလည်း ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့မှာ ပြုလုပ်နိုင်ခဲ့ပါတယ်။ အဲဒီ တွေ့ဆုံမှုမှာ သံတမန်တွေသာ မကဘဲ နိုင်ငံသုံးခုစလုံးရဲ့ စစ်ဘက် အရာရှိတွေပါ တက်ရောက်ခဲ့ပါတယ်။

ဇီလန်စကီးကတော့ ဒီတွေ့ဆုံပွဲကနေ ငြိမ်းချမ်းရေး သဘောတူညီချက် တစ်ခုခု ထွက်ပေါ်မလာခဲ့ပေမယ့် ဆွေးနွေးမှုတွေက အပြုသဘော ဆောင်ခဲ့ကြောင်းနဲ့ နောက်ထပ် ညှိနှိုင်းမှုတွေ ရှိလာဦးမှာဖြစ်ကြောင်း ဆိုပါတယ်။

ရုရှားနဲ့ စစ်ရပ်စဲရေး ရည်မှန်းချက်မှာ ကိစ္စအများစုက အဆင်ပြေနေပေမယ့် ထိန်းချုပ်နယ်မြေ ပိုင်းခြားသတ်မှတ်ရေးဟာ အကြီးမားဆုံး ကျော်ဖြတ်ရမယ့် အတားအဆီးအဖြစ် ဆက်ရှိနေဆဲလို့ အစောပိုင်းမှာ ဇီလန်စကီးက ဝန်ခံထားဖူးပါတယ်။

ရုရှားဟာ စစ်ရပ်စဲရေးအတွက် ကြီးမားကျယ်ပြန့်တဲ့ ဒွန်းဘက်စ် ဒေသအပါအဝင် ယူကရိန်း အရှေ့ပိုင်းဒေသ တစ်ခုလုံးနီးပါးကို တောင်းဆိုထားပါတယ်။ လက်ရှိ အခြေအနေအရ ရုရှားဟာ ယူကရိန်းရဲ့ စုစုပေါင်း အကျယ်အဝန်းရဲ့ ငါးပုံတစ်ပုံလောက်နဲ့ ညီမျှတဲ့ နယ်မြေတွေကိုလည်း ထိန်းချုပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Facebook