Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ရုံးလမ်းဝင်လာတဲ့ ဆိုင်ကယ်တွေကို စစ်တပ်က ဖမ်းဆီးငွေညှစ်နေ

မန္တလေးမြို့၊ ၇၃ လမ်းရှိ တရုတ်ကောင်စစ်ဝန်ရုံးအတွက် လုံခြုံရေးချထားတဲ့ စစ်ကောင်စီတပ်နဲ့ရဲတွေက ရုံးရှေ့ရလမ်းအတွင်း ဝင်လာတဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးငွေညှစ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့၊ ၇၃ လမ်းရှိ တရုတ်ကောင်စစ်ဝန်ရုံးအတွက် လုံခြုံရေးချထားတဲ့ စစ်ကောင်စီတပ်နဲ့ရဲတွေက ရုံးရှေ့ရလမ်းအတွင်း ဝင်လာတဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးငွေညှစ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

ဇန်နဝါရီ-၂၈၊ ၂၀၂၆ ​မေရီ/People’s Spring

မန္တလေးမြို့၊ ၇၃ လမ်းရှိ တရုတ်ကောင်စစ်ဝန်ရုံးအတွက် လုံခြုံရေးချထားတဲ့ စစ်ကောင်စီတပ်နဲ့ရဲတွေက ရုံးရှေ့ရလမ်းအတွင်း ဝင်လာတဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးငွေညှစ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း၊ သိပ္ပံလမ်းနဲ့ ငုရွှေဝါလမ်းကြားမှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးဟာ ပြီးခဲ့တဲ့ ၂၀၂၄ အောက်တိုဘာ ၁၈ရက်က ပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း စစ်တပ်၊ ရဲတွေနဲ့ လုံခြုံရေးပိုချထားခဲ့ပြီး ၎င်းရုံးရှေ့လမ်းကို ဆိုင်ကယ်ဖြတ်သန်းလာခွင့်ပါ ပိတ်ထားခဲ့ပါတယ်။

ယခုအခါ ဆိုင်ကယ်ဖြတ်သန်းခွင့်ပိတ်ထားတာကို မသိဘဲ ဝင်လာတဲ့ဆိုင်ကယ်တွေကို တရုတ်သံရုံးလုံခြုံရေး စစ်အုပ်စုဝင်တွေက နေ့စဥ် ဖမ်းဆီးကာ ကျပ်သိန်းချီတောင်းပြီး ငွေညှစ်နေကြောင်း မန္တလေးမြို့ခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ငါးသောင်းပေးလိုက်ရတယ်။ ဒါတောင် စာကပ်တာမြင်လို့တန်းကွေ့တာ။ အဲဒါတာကို ဝီစီမှုတ်လှမ်းခေါ်တောင်းတာ။ အတော်ကိုငတ်နေကြ​တာ”လို့ တရုတ်သံရုံးက စစ်အုပ်စုရဲ့ငွေညှစ်ခြင်းကို ခံလိုက်ရတဲ့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ငွေမပါရင်လည်း ဆိုင်ကယ်တွေ သိမ်းဆည်းလိုက်တာ၊ ပါလာတဲ့ပစ္စည်းကအစ ဒဏ်ကြေးအဖြစ် သိမ်းယူထားတာမျိုးတွေ ပြုလုပ်နေတယ်လို့ ဖမ်းဆီးခံရဖူးတဲ့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

“ကျနော့တုန်းက Shark တစ်ကတ်ပေးလိုက်ရတယ်”လို့ မန္တလေးမြို့ခံတစ်ဦးက ဆိုပါတယ်။

တရုတ်စစ်ကောင်စစ်ဝန်ရုံးနဲ့တောင်ဘက်မှာ မင်္ဂလာမန္တလေး စျေးဝယ်စင်တာတည်ရှိတာကြောင့် ရုံးမြောက်ဘက် သိပ္ပံလမ်းဘက်ကနေ လမ်းပိတ်ထားတာကိုမသိဘဲ ဝင်လာမိတဲ့ ဆိုင်ကယ်တွေဟာ နေ့စဥ် ဖမ်းဆီးငွေညှစ်ခံနေရတယ်လို့ သိရပါတယ်။

မန္တလေးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နေ့စဥ် အဖွဲ့ ၁၀ဖွဲ့ထက်မနည်း ဆိုင်ကယ်တွေကို လှည့်လည်စစ်ဆေးနေပြီး ဖုန်းတွေကိုပါစစ်ကာ ငွေညှစ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဝမ်ပေါင်က ကြေးနီတွေသယ်လာတဲ့ စစ်ယာဥ်တန်းတွေ ဖြတ်သန်းလာလို့ လုံခြုံရေးတင်းကြပ်ထားပြီး လမ်းပိတ်ဆို့မှုတွေပါ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ကလေးတစ်ဦးက ထိုင်ခုံမှာထိုင်ပြီး လုံခြုံရေးခါးပတ် ပတ်ထားဖို့ ငြင်းဆိုနေခဲ့တာကြောင့် ကနေဒါ လေကြောင်း ခရီးစဉ် တစ်ခုကို ရွှေ့ဆိုင်းခဲ့ခြင်းက အငြင်းပွားစရာ အခြေအနေတွေ ဖြစ်လာစေခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။