Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော် တပ်ကုန်းမှာဇာတ်အဖွဲ့ ကားချောက်ထဲကျလို့ အသေ အပျောက်များပြား

နေပြည်တော် ၊ တပ်ကုန်းမြို့နယ်ဆီ ဇာတ်ကဖို့သွားတဲ့ ဇော်လေးနိုင်ဇာတ်အဖွဲ့ကား တပ်ကုန်းမြို့နယ်ထဲက တောင်ညိုလမ်းပိုင်းမှာ မနေ့ (ဇန်နဝါရီလ ၂၈ ရက်) ညပိုင်း ၆ နာရီခန့်က ချောက်ထဲ ထိုးကျပြီး ဇာတ်အဖွဲ့ဝင်တွေထိခိုက်သေဆုံးကြတယ်လို့သိရပါတယ်။

ဇန်နဝါရီ – ၂၉ ၊၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring

နေပြည်တော် ၊ တပ်ကုန်းမြို့နယ်ဆီ ဇာတ်ကဖို့သွားတဲ့ ဇော်လေးနိုင်ဇာတ်အဖွဲ့ကား တပ်ကုန်းမြို့နယ်ထဲက တောင်ညိုလမ်းပိုင်းမှာ မနေ့ (ဇန်နဝါရီလ ၂၈ ရက်) ညပိုင်း ၆ နာရီခန့်က ချောက်ထဲ ထိုးကျပြီး ဇာတ်အဖွဲ့ဝင်တွေထိခိုက်သေဆုံးကြတယ်လို့သိရပါတယ်။

ချောက်ထဲထိုးကျသွားတဲ့ဇာတ်အဖွဲ့ကားကိုရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရာမှာဒီနေ့ (ဇန်နဝါရီလ ၂၉ ရက်)မနက်ပိုင်း၁၁ နာရီအထိ ရုပ်အလောင်း ခုနှစ်လောင်းတွေ့ရှိထားတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့ထံကသိရပါတယ်။

“ကျွန်တော်တို့တွေ့တဲ့စာရင်းကတော့အခုထိ(မနက် ၁၁နာရီ) ခုနှစ်ဦးပါ၊ကျန်တာကတော့ဆက်ရှာနေပါတယ်”လို့ နေပြည်တော်ကလူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ကနဦးတွေ့ရှိထားတဲ့ ရုပ်အလောင်း ခုနှစ်လောင်းမှာတော့ အမျိုးသား ငါး လောင်းနဲ့ အမျိုးသမီး နှစ်လောင်းတို့ဖြစ်ပါတယ်။

အဲဒီရုပ်အလောင်းတွေကို နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံဆီပို့ဆောင်ထားပါတယ်။

ဒဏ်ရာရသူဦးရေကလည်း ၁၆ ဦး ဝန်းကျင်ရှိပြီး အဲဒီဆေးရုံမှာပဲကုသနေတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံသဘင်အစည်းအရုံးဗဟိုကတော့ဇော်လေးနိုင်ဇာတ်အဖွဲ့ ကားမှာ၂၇ ဦးလိုက်ပါလာပြီး သေဆုံးသူ ၁၂ ဦး ရှိတယ်လို့ မနေ့ ညပိုင်းကသတင်းဖော်ပြထားပါတယ်။

ဓာတ်ပုံ – မွန်မြတ်သူလူမှုကူညီရေးအသင်း

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။