Connect with us

Hi, what are you looking for?

သတင်း

ပြည်သူတွေ ဝေဝါးအောင် စစ်အုပ်စုသတင်းမှားဖြန့်ဝေနေတာတွေကို သတိပြုဖို့ NUG သတိပေး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ လုပ်ကြံခရတယ်၊ ဆေးကုသမှု ခံယူနေရတယ်ဆိုတဲ့ သတင်းမှားတွေ စစ်ကောင်စီ ဝါဒဖြန့်သူတွေက လုပ်ကြံဖန်တီး ဖြန့်ဝေနေလို့ သတင်းတု သတင်းမှားတွေ အထူးသတိပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သတိပေးပါတယ်။

ဇန်နဝါရီ-၂၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ လုပ်ကြံခရတယ်၊ ဆေးကုသမှု ခံယူနေရတယ်ဆိုတဲ့ သတင်းမှားတွေ စစ်ကောင်စီ ဝါဒဖြန့်သူတွေက လုပ်ကြံဖန်တီး ဖြန့်ဝေနေလို့ သတင်းတု သတင်းမှားတွေ အထူးသတိပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သတိပေးပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIO) ဌာနချုပ် လိုင်ဇာမြို့မှာ ယာယီသမ္မတ ဒူဝါလရှီးလ လိုက်ပါလာတဲ့ ကားနှစ်စီး ပစ်ခတ်ခံရလို့ ယာယီသမ္မတ ဒဏ်ရာရခဲ့တယ်ဆိုပြီး စစ်အုပ်စုလော်ဘီ အချို့က ဒီကနေ့ ဇန်နဝါရီ ၂၉ရက်မှာ ဝါဒဖြန့်လာတဲ့အပေါ် ဦးနေဘုန်းလတ်က အခုလို ရှင်းလင်းပြောကြားခဲ့တာပါ။

“ သတင်းတုသတင်းမှား ဖြန့်ပြီး ပြည်သူလူထုကို ဝေဝါးအောင် လုပ်တာက သူတို့ လုပ်နေကျပါပဲ။ ဘာကြောင့်လဲဆိုတာတော့ သူတို့ပဲ အတိအကျ သိပါလိမ့်မယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ယာယီသမ္မတ ဒူဝါလရှီးလအနေနဲ့လည်း ဘေးကင်းကျန်းမာစွာ ရှိကြောင်း ဦးနေဘုန်းလတ်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်က တဆင့်လည်း အသိပေးထားပါတယ်။

စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေအချင်းချင်းအကြား၊ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူလူထုအကြား သွေးကွဲအောင် အမြင်မှားအောင် နည်းမျိုးစုံနဲ့ ဝါဒဖြန့်နေတာတွေကို သတင်းတု သတင်းမှားတွေ သုံးပြီး လုပ်ဆောင်နေကြောင်း တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ သတင်းတု သတင်းမှားတွေနဲ့ ဝါဒဖြန့်ချိရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် အောင်အောင်မြင်မြင် လုပ်နိုင်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြောင်း ၂၀၂၅ နိုဝင်ဘာမှာ ထုတ်ပြန်ခဲ့တဲ့ အသံအဖွဲ့ရဲ့ စာတမ်းတခုမှာ ဖော်ပြထားပါတယ်။

စစ်တပ်ဟာ လူထုတွေရဲ့ အမြင်တွေကို ဝေဝါးပြီး ပြောင်းလဲစေဖို့ တော်လှန်ရေး၊ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ လူထုရဲ့ ခံယူချက် ယူဆချက်တွေ ယိုင်နဲ့လာအောင် လုပ်ဆောင်ဖို့ ဝါဒဖြန့်မှုတွေ လုပ်ဆောင် နေတာ ဖြစ်ကြောင်း အသံအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook