Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ပုန်ကုန်ဆဲ ရန်ကုန်

ရန်ကုန်မြို့ပြည်သူတွေက တော်လှန်ရေးအင်အားစုတွေနဲ့အတူ စစ်အာဏာရှင်ကို တော်လှန်နေဆဲဖြစ်ကြောင်း အာဏာသိမ်း ၅နှစ်ပြည့်မှာ လူထုလှုပ်ရှားမှုပြုခဲ့ပါတယ်။

ဖေဖော်ဝါရီ-၁၊၂၀၂၆။သတိုး/People’s Spring

ရန်ကုန်မြို့ပြည်သူတွေက တော်လှန်ရေးအင်အားစုတွေနဲ့အတူ စစ်အာဏာရှင်ကို တော်လှန်နေဆဲဖြစ်ကြောင်း အာဏာသိမ်း ၅နှစ်ပြည့်မှာ လူထုလှုပ်ရှားမှုပြုခဲ့ပါတယ်။

“ရန်ကုန်ဟာ တော်လှန်ဆဲ ပုန်ကန်ဆဲ” ဆိုတဲ့စကားကို ရန်ကုန်မြို့ပေါ်ကနေရာတော်တော်များများမှာ သပိတ်ရဲဘော်တွေနဲ့ ပြည်သူတွေက ပြောဆိုပြီး လှုပ်ရှားမှုမှာပါဝင်ခဲ့ကြတာပါ။

“လူထု၏ ဘုံရည်မှန်းချက်ဖြစ်သော စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး နှင့် တရားမျှတမှုပြန်လည်ရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေမည်ဖြစ်ကြောင်း ယခုရန်ကုန်လူထုလှုပ်ရှားဖြင့် သက်သေထူလိုက်သည်။” လို့ ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့ (Yangon 4Brothers) က သတင်းထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် လေးဖွဲ့နဲ့အတူ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ၊Yangon Drone ၊ MLA ၊ CTUM နဲ့ တော်လှန်ပြည်သူတွေပါဝင်ခဲ့ကြတာပါ။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။