Connect with us

Hi, what are you looking for?

သတင်း

ဝိုင်းမော်မြို့နယ်ကို စစ်ကောင်စီ ဗုံးကြဲလို့ ပြည်သူတစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား သေဆုံးထိခိုက်မှု ရှိခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်အပြီး မြင်ကွင်း။ ဓာတ်ပုံ - Naw Tu Awng၊ Lung Jung LA N

▪️ဝပ်ရှော့နေအိမ်ထိမှန်ပြီး ကား ၁၅စီးနဲ့ ဆိုင်ကယ် ၁၅စီး မီးလောင်

ဖေဖော်ဝါရီ ၄၊ ၂၀၂၆။ ဆန်အောင်၊ကဖေး/People’s Spring

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား သေဆုံးထိခိုက်မှု ရှိခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

ဖေဖော်ဝါရီ ၂ရက် ညနေပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထားတဲ့ ခလရ(၃၂၁)တပ်ရင်းအနီးကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုကြောင့် ရွှေညောင်ပင်ကျေးရွာက ရွှေညီကို ကားဝပ်ရှော့ထိမှန်ကာ ပြည်သူ တစ်ဦးသေ၊ ၂ဦး ဒဏ်ရာပြင်းထန်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

“လိုင်ဇာကို ဆေးသွားကုတယ်”လို့ သတင်းရင်းမြစ်က ပြောပါတယ်။ လေကြောင်း တိုက်ခိုက်မှုကြောင့် ကားဝပ်ရှော့နေအိမ်က ကားကြီး ၁စီး၊ ကားသေး၊ ၁၄စီး၊ ဆိုင်ကယ် ၁၅စီး မီးလောင်ပျက်စီးခဲ့ကြောင်းလည်း သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ KIA တို့ဟာ ဝိုင်းမော်မြို့နယ်က လမြန်ဒေသ၊ မိုင်းနားဒေသတွေမှာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့ပါတယ်။

” ရွှေညောင်ပင်ရွာဆိုတာက လိုင်ဇာကို သွားတဲ့လမ်းမှာရှိတာ။ စားသောက်ဆိုင်တွေနဲ့လူအရမ်းစည်ကားတယ်။ အဲဒီနေရာကို ကြဲတာ။ကားဝပ်ရှော့ မီးလောင်သွားပါတယ်” လို့ ဝိုင်း‌မော်မြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။

ဖေဖော်ဝါရီ ၂ရက်နဲ့ ၃ရက်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်စခန်းနေရာအချို့ကို KIAက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်အင်အားဖြည့်လာတဲ့ စစ်ကြောင်းလည်း KIA ရဲ့ တိုက်ခိုက်မှုကြောင့် အထိနာခဲ့ပါတယ်။

တိုက်ပွဲမှာ အထိနာတဲ့ စစ်ကောင်စီတပ်ဟာ ဒီကနေ့မှာတော့ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ အရပ်သား ပြည်သူ နေထိုင်ရာ နေရာကို လေကြောင်းဗုံးကြဲခဲ့လို့ ပြည်သူထိခိုက်သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

ကချင်ပြည်နယ်မှာ ၂၀၂၆ အတွင်း အဆိုးရွားဆုံး လေကြောင်းတိုက်ခိုက်မှုအဖြစ် ဇန်နဝါရီ၂၂ရက်က ဗန်းမော်မြို့ ဧရာဝတီမြစ်အနောက်ဘက်ကမ်း၊ ကောင်ဂျာကျေးရွာအုပ်စု၊ ထီးလင်းကျောင်းရှေ့မှာပြုလုပ်နေတဲ့ဆုတောင်းပွဲကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာပါ။ ကလေးငယ်အချို့အပါအဝင် သေဆုံးသူ ၂၃ဦး သေဆုံးပြီး ၄၀ခန့်ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ဖားကန့်တိုက်ပွဲမှာလည်း အရာရှိတွေအပါအဝင် ထိခိုက်သေဆုံးမှုတွေရှိနေတဲ့ အခြေအနေမှာ လက်နက်ကြီးနဲ့ ရမ်းပစ်တာ၊ လေကြောင်း ဗုံးကြဲတာတွေ ပြုလုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။