Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့မှာ စစ်တပ်က အိမ်စီးကားတစ်စီးလိုက်လံပစ်ခတ်ရာ ပြည်သူ ၃ဦးထက်မနည်း ထိမှန် သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်တပ်က အိမ်စီးကားတစ်စီးကို လိုက်လံပစ်ခတ်ရာ လမ်းဘေးကပြည်သူတွေပါ ထိခိုက်သေဆုံးမှုတွေရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

မုံရွာမြို့မှာ စစ်တပ်က ဆန္ဒပြသူတွေကို တားဆီးပစ်ခတ်ဖို့ ကြိုးပမ်းနေတာကို ၂၀၂၁ဖေဖော်ဝါရီက တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဖေဖော်ဝါရီ-၄၊၂၀၂၆။ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်တပ်က အိမ်စီးကားတစ်စီးကို လိုက်လံပစ်ခတ်ရာ လမ်းဘေးကပြည်သူတွေပါ ထိခိုက်သေဆုံးမှုတွေရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

မနေ့က ဖေဖော်ဝါရီ ၃ရက် မနက်ပိုင်းက မုံရွာမြို့၊ သာစည်လမ်း၊ ပညာရေးတက္ကသိုလ်(TTC)အနီးမှာ အိမ်စီးကားတစ်စီးကို စစ်တပ်က လိုက်လံပစ်ခတ်ရာ အမှိုက်ပုံအနီးက အမှိုက်ကောက်တဲ့ကလေးတစ်ဦး၊ သုံးဘီးသမားတစ်ဦး အပါအဝင် ပြည်သူ ၄ဦးခန့် သေဆုံးကြောင်း ဒေသခံတွေက ပြောပါတယ်။

“စကစဘက်က သတင်းအရစောင့်နေတာ ပြောတယ်။ ကားကိုရပ်ခိုင်းတော့ မရပ်လို့ ရှေ့ဘီးပစ်လိုက်တာ။TTCကျောင်းကနေ သာစည်လမ်းမီးပွိုင့်ထိရောက်တယ်။ အဲ့မှာ ဆိုက်တွဲနဲ့ တိုက်ပြီး ကားက ရပ်သွားတာ။ ကားပေါ်ပါတဲ့ သူလို့ ယူဆရတယ် သူကတော့သေသွားတယ် ။ ဆိုက်တွဲသမားလည်း သေတယ် ပြောတယ်။”လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကားပေါ်ပါတဲ့သူတွေလည်း သေဆုံးတယ်လို့ဆိုပြီး ကားပေါ်ပါသူတွေဟာ PDFလို့ ပြောဆို​နေကြပေမဲ့ သီးခြားအတည်ပြုလို့ မရသေးပါဘူး။

“TTC အမှိုက်ပုံနားကတော့ မိုင်းကွဲပြီး အစ မှန်တာ ထင်တယ်။ သားအမိသားအဖ ၃ယောက် ရယ် လူတယောက်ရယ်။ ခြေသလုံး နဲ့ ကျောမှာ အစ မှန်ကြတယ်။ အဲ့ဒါကွဲပြီး ကားလိုက်ပစ်ကြတယ်လို့ အဲ့နားကတော့ ပြောတယ်။”လို့ အခြားဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်ဟာ သေဆုံးရုပ်အလောင်းတွေကို ပစ်ထားခဲ့ပြီး အဆိုပါလမ်းကိုလည်း ပိတ်ဆို့ထားတာကြောင့် သေဆုံးသူအရေအတွက်ကိုအတည်မပြုနိုင်သေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် မုံရွာမြို့မှာ ရှေ့နေတစ်ဦးနဲ့ အခြားပြည်သူတစ်ဦး ပြန်ပေးဆွဲခံရတဲ့ ဖြစ်စဥ်တစ်ခုလည်းဖြစ်ပွားခဲ့ပြီး ယခုဖြစ်စဥ်နဲ့ ဆက်စပ်မှု ရှိမရှိ မသိရသေးပါဘူး။

စစ်တပ်ဟာ မုံရွာမြို့ပေါ်မှာ မကြာခဏ ရမ်းကားပစ်ခတ်မှုတွေ ပြုလုပ်နေပြီး အိမ်စီးကားတွေနဲ့လည်းပတ်ကာ ပေါ်တာဆွဲနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းက မူကြိုကျောင်းတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။