Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်မြို့နယ်ကို စစ်တပ်လေကြောင်းတိုက်ခိုက်၊ ကိုရင် တစ်ပါးနဲ့ ပြည်သူ ၅ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ လေကြောင်း တိုက်ခိုက်ခံရပြီး ကိုရင်တစ်ပါးအပါအဝင် အရပ်သားတွေ ထိခိုက်သေဆုံးမှုများတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။​

ဖေဖော်ဝါရီ-၅၊၂၀၂၆၊မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ လေကြောင်း တိုက်ခိုက်ခံရပြီး ကိုရင်တစ်ပါးအပါအဝင် အရပ်သားတွေ ထိခိုက်သေဆုံးမှုများတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။​

ဒီကနေ့(ဖေဖော်ဝါရီ ၅ရက်)မနက် ၁၀နာရီဝန်းကျင်က မြို့မြောက်ခြမ်းက သစ္စေးကုန်းကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ရွာဘုန်ကြီးကျောင်းကို ကြဲတာ။ဂျက်ဖိုက်တာ ၂စီးနဲ့ ကိုရင်လေးတစ်ပါး၊ ပြည်သူ၅ဦး သေတယ်။ထိခိုက်တာတွေက များတယ်”လို့ ဖြစ်စဥ်ကို သိရှိသူက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဘုန်ကြီးကျောင်းဆောင်တွေ အားလုံးနီးပါးပျက်စီးသွားပြီး ကျောင်းဝင်းအတွင်းရှိတဲ့ ကားဝပ်ရှော့က ကားတွေလည်း ပျက်စီးခဲ့တယ်လို့ သူက အသိပေးပါတယ်။

“ဘာပွဲလမ်းသဘင်မှလည်း မရှိဘူး။သံဃာတွေနဲ့ အရပ်သားတွေ ရှိတဲ့နေရာကို အကြောင်းမဲ့ လာသတ်တာ”လို့ တန့်ဆည်မြို့နယ်စစ်ရှောင်အရေးကူညီနေသူက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို စစ်တပ်ရဲ့ဝါဒဖြန့် တယ်လီဂရမ်အကောင့်တွေက ဗန်းမော်မြို့ကို စစ်ကူသွားမယ့်ယာဥ်တန်းကို တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

တန့်ဆည်မြို့နယ်ကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ မကြာခဏလုပ်နေပြီး ပြီးခဲ့တဲ့ ရက်ပိုင်း ဖေဖော်ဝါရီ ၂ ရက်ကလည်း တန့်ဆည်မြို့နယ်အ​​နောက်ခြမ်းက ​ကော်တတ်ကျေးရွာကို တိုက်ခိုက်ခဲ့ပါသေးတယ်။

စစ်​ရေးပစ်မှတ်မဟုတ်တဲ့ ​ကျေးရွာ​တွေ၊နေအိမ်​တွေ ဦးတည်လေ​ကြောင်းတိုက်ခိုက်မှု​တွေ ဆက်တိုက်ပြုလုပ်​လာတာ​ကြောင့် ဗုံးခိုကျင်းတွေ တူးထားဖို့နဲ့ လေကြောင်း သတိပေးချက်တွေကို ဂရုစိုက်ဖို့ လည်း ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook