Connect with us

Hi, what are you looking for?

သတင်း

မော်ချီးဒေသကို စစ်တပ် ဗုံးကြဲ

ကရင်နီပြည်နယ်၊မော်ချီးဒေသကို စစ်တပ်က ပေါင် ၅၀၀ဗုံးနဲ့ ကြဲတိုက်ခိုက်လို့ အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ သတင်းရရှိပါတယ်။

ဖေဖော်ဝါရီ -၅၊ ၂၀၂၆။ဇော်ဝင်း/People’s Spring

ကရင်နီပြည်နယ်၊မော်ချီးဒေသကို စစ်တပ်က ပေါင် ၅၀၀ဗုံးနဲ့ ကြဲတိုက်ခိုက်လို့ အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ သတင်းရရှိပါတယ်။

ဒီကနေ့(ဖေဖော်ဝါရီ ၅ ရက်) မနက်အစောပိုင်းကမော်ချီးဒေသက လိုလော်ထီးကျေးရွာကို စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)တာဝန်ရှိသူက အတည်ပြုပါတယ်။

“အသက် ၇၄ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး ဆုံးသွားတယ်။မော်ချီးနားကရွာက ဒေသခံတွေပါ”လို့ သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဗုံးဒဏ်ကြောင့် ထိခိုက်ခဲ့သူတွေက အမျိုးသမီးငယ်တစ်ဦးနဲ့ အမျိုးသားတစ်ဦးဖြစ်ပြီး နေအိမ် ၅လုံးလည်းပျက်စီးခဲ့ရတယ်လို့ ကရင်နီစစ်ရှောင်အရေးကူညီသူတစ်ဦးက အသိပေးပါတယ်။

“မနက် ၁နာရီမထိုးခင် ဗုံးလာကြဲတဲ့အချိန်ကိုကြည့်ရင် လူထုကိုသတ်ဖြတ်အတွက်ရည်ရွယ်ချက်ရှိရှိလုပ်တာ”လို့ သူက ပြောပါတယ်။

စစ်တပ်က မော်ချီးဒေသကို ပြီးခဲ့တဲ့နှစ်ကစပြီး လစဥ်နီးပါးဗုံးကြဲခဲ့လို့ ဒေသခံပြည်သူ ရာဂဏန်းဝန်းကျင် သေဆုံးထိခိုက်ခဲ့တာရှိပါတယ်။

ခဲသတ္တုလုပ်ကွက်တွေရှိတဲ့ မော်ချီး​ဒေသကို ကရင်နီတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး ဒေသတွင်းနဲ့ နီးစပ်ရာဒေသခံအများစုက သတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြတာ ရှိပါတယ်။

“ဖားဆောင်း ဘောလခဲဒါမှမဟုတ် ပြည်နယ်ထဲမှာ စစ်ကြောင်းထိတာ၊တိုက်ခံရပြီ ဆိုရင် မော်ချီးကို ဗုံးကြဲတော့တာပဲ။အဓိက​တော့ ပြည်သူတွေမနေရဲအောင် နဲ့ တပ်ဖွဲ့တွေဆီ ဝင်ငွေ မစီးဆင်းအောင် ပေါ့”လို့ ကရင်နီ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် ညှာတာမှုကင်းမဲ့စွာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေက စစ်ရာဇဝတ်မှုကျူးလွန်နေတာဖြစ်ပြီး ကုလသမဂ္ဂနဲ့အာဆီယံအပါအဝင် နိုင်င​ေတကာအစိုးရတွေအနေနဲ့ အရေးယူပေးဖို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က တိုက်တွန်းထားပါတယ်။

ဒီကနေ့ မနကပိုင်းမှာလည်း စစ်ကိုင်းတိုင်းက ဒီပဲယင်းနဲ့ တန့်ဆည်မြို့နယ်တွေကို စစ်တပ်က လေ ကြောင်းတိုက်ခိုက်ခဲ့လို့ ကိုရင်တစ်ပါးနဲ့ အရပ်သားခြောက်ဦး ထက်မနည်း သေဆုံးပြီး ထိခိုက်သူတွေ အများအပြားရှိပါတယ်။

(ပြီးခဲ့တဲ့နှစ် ၂၀၂၅က မော်ချီးဒေသကို လေကြောင်းတိုက်ခိုက်အပြီး မြင်ကွင်း။ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။