Connect with us

Hi, what are you looking for?

သတင်း

နမခစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်အခြေစိုက် အနောက် မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အနီးမှာ စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ် တပ်ဦး (BLDF)တာဝန်ရှိသူက ပြောပါတယ်။

မုံရွာခရိုင်အတွင်း တိုက်ပွဲတစ်ခုမှာ BLDF ရဲဘော်တွေကို တွေ့ရစဥ်။ဓာတ်ပုံ - BLDF

ဖေဖော်ဝါရီ-၇၊၂၀၂၆။မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်အခြေစိုက် အနောက် မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အနီးမှာ စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ် တပ်ဦး (BLDF)တာဝန်ရှိသူက ပြောပါတယ်။

အခု ဖေဖော်ဝါရီ ၅ရက်က တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးသူ ခြောက်ဦးထက်မနည်းရှိပြီး လက်နက်အချို့သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ နမခကနေ ထွက်လာတဲ့စစ်ကြောင်းကိုတိုက်တာ။နမခနဲ့နီးတော့ နေရာကိုအသေးစိတ် ဖော်ပြလို့မရဘူး။တိုက်ခိုက်မှုအပြီးမှာ နမခကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်” လို့ အထက်ပါတာဝန်ရှိသူကတိုက်ပွဲ ဖြစ်စဥ်ကို ရှင်းပြပါတယ်။

စစ်တပ်စစ်ကြောင်းထံက MA 1နဲ့ MA 11တို့သိမ်းဆည်းရရှိတယ်လို့လည်း အသိပေးပါတယ်။

“ စစ်တပ်စစ်ကြောင်းက တိုက်ခံရပြီး နမခ ထဲ ပြန်ဝင်သွားတယ်” လို့ BLDF ရဲဘော်တစ်ဦးက ပြောပါတယ်။

အဲဒီစစ်တပ် စစ်ကြောင်းကို Black Falcon၊ ပြည်သူ့လွတ်မြောက်ရေးတပ် မတော် (PLA)၊ မုံရွာခရိုင် တပ်ရင်း (၂၄) တပ်ခွဲ (၃)၊ ကနောင်မင်းသားကြီး၊ သွေးသောက်ညီကို၊ တိုက်နယ် (၅) ပလဖ နဲ့ နယ်မြေခံအမေ့သားတပ်ဖွဲ့ တွေ စုပေါင်းပြီး စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ BLDFက သီးခြားထုတ်ပြန်ထားပါတယ်။

စစ်တပ်က မုံရွာမြို့နယ်က အဓိကလမ်းပိုင်းတွေမှာ ပြီးခဲ့တဲ့နှစ်ကတည်းက စစ်ကြောင်းထိုး အထိုင်ချတပ်စွဲခဲ့တာအပြင် မုံရွာမြို့နယ်အနီးက ချောင်းဦးမြို့နယ်ကိုလည်း စစ်ကြောင်းထိုးအင်အားဖြည့်တာ တွေရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်ပိုင်းစစ်ဌာနချုပ်(နမခ)ကနေ စစ်ကိုင်းတိုင်းက မြို့နယ်အချို့မှာ ထိုးစစ်ဆင်နေတဲ့ စစ်တပ်စစ်ကြောင်းက အရာရှိတချို့ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ဆေးရုံတင်ထားရကာ သေဆုံးသူတွေလည်းရှိတယ်လို့ လူထုနွေဦးရဲ့ နမခတပ်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နဲ့ တစ်မိုင်ကျော်သာဝေးတဲ့ တိုက်ပွဲမှာ စစ်တပ်ရဲ့ ဗိုလ်အဆင့်ရှိသူတစ်ဦးအပါ အဝင် ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးပြီး ​သေနတ် နှစ်လက်သိမ်းဆည်းရရှိတယ်လို့ Black Falcon တပ်ဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook