Connect with us

Hi, what are you looking for?

သတင်း

ရုရှား-ယူကရိန်းစစ်ပွဲ ဇွန်လမှာရပ်တန့်သွားစေဖို့ အမေရိကန် တောင်းဆိုထား

ရုရှားနဲ့ယူကရိန်းကြားက စစ်ပွဲကို ဇွန်လ နောက်ဆုံးထားပြီး ရပ်ဆိုင်းစေဖို့ အမေရိကန်က တောင်းဆိုထားကြောင်း သိရပါတယ်။

​ဖေ​ဖော်ဝါရီ-၈၊၂၀၂၆။People’s Spring

ရုရှားနဲ့ယူကရိန်းကြားက စစ်ပွဲကို ဇွန်လ နောက်ဆုံးထားပြီး ရပ်ဆိုင်းစေဖို့ အမေရိကန်က တောင်းဆိုထားကြောင်း သိရပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက လက်ရှိမှာ ၄ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်တဲ့စစ်ပွဲကို ကြားဝင်ညှိနှိုင်း အဆုံးသတ်ပေးဖို့ အမေရိကန် အစိုးရရဲ့ အားထုတ်မှုတွေက ပိုပြီးလေးနက်ပြင်းထန်လာနေတယ်လို့ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမေရိကန် အစိုးရဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ သွေးချောင်းအစီးဆုံး ဖြစ်လာတဲ့ စစ်ပွဲကြီးကို ရပ်တန့်နိုင်ဖို့ အင်တိုက်အားတိုက် ကြိုးစားပေးနေပြီး တိုတက်မှုတွေလည်း ရှိလာနေပေမယ့်ရုရှားနဲ့ယူကရိန်းတို့ဟာ နယ်ခြေ ခွဲခြမ်းရေးနဲ့ ပတ်သက်ပြီး
ညှိမရသေးဘဲ ဖြစ်နေပါတယ်။

Public Service Announcement

Public Service Announcement

လောလောဆယ် ယူကရိန်းပိုင်နက် ၂၀ ရာခိုင်နှုန်းလောက်ကို သိမ်းပိုက်ထားတဲ့ ရုရှားကစစ်ရပ်စဲရေး သဘောတူညီမှုအတွက် ယူကရိန်း အရှေ့ပိုင်းမှာရှိတဲ့ ကျယ်ပြန့်တဲ့ ဒွန်းညက်စ်ခ်ဒေသကြီးတစ်ခုလုံးကိုတောင်းဆိုထားပါတယ်။ တကယ်လို့ ဆွေးနွေးမှုတွေ အဆင်မပြေဘူး ဆိုရင်တောင် အဲဒီဒေသကို စစ်ရေးအရတိုက်ခိုက်သိမ်းယူဖို့စိတ်ပိုင်းဖြတ်ထားကြောင်း ရုရှားက ခြိမ်း​ခြောက်ထားပါတယ်။

ဇီလန်စကီးက အမေရိကန်ဟာရုရှားနဲ့ ယူကရိန်း ကိုယ်စားလှယ် အဖွဲ့တွေကို အမေရိကန်မှာ တွေ့ဆုံ ဆွေးနွေးဖို့ ဖိတ်ကြားထားကြောင်း၊ အဲဒီကိစ္စဟာ တစ်ပတ်အတွင်း မီယာမီမှာဖြစ်လာနိုင်ခြေရှိကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ပြီးတော့ အမေရိကန်ဖက်ကကိစ္စအားလုံးကိုဇွန်လနောက်ဆုံးထားပြီး အပြီးသတ်စေဖို့ တောင်းဆိုထားကြောင်းလည်း သူက ဆိုပါတယ်။

အမေရိကန်ဟာ ဇန်နဝါရီလကစလို့ ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့မှာ ရုရှားနဲ့ ယူကရိန်းကိုယ်စားလှယ်တွေ နှစ်ကျော့ တွေ့ဆုံဆွေးနွေးဖြစ်အောင် ကြားဝင်ညှိနှိုင်းပေးခဲ့ပြီး ဖြစ်ပါတယ်။အဲဒီ ဆွေးနွေးမှုတွေကနေ နှစ်ဖက်သုံ့ပန်းတွေလဲလှယ်ဖြစ်ခဲ့ကြပေမယ့် စစ်ရပ်စဲရေး ကိစ္စတွေကတော့ ဆက်ပြီး တိုးတက်မလာဘဲကြန့်ကြာနေပါတယ်။နှစ်ဖက်စလုံးက ဆွေးနွေးမှုတွေဟာ အရမ်းခက်ခဲတယ်လို့ အသီးသီး မှတ်ချက်ပေးထားပါတယ်။

ဇီလန်စကီးဟာ နယ်မြေထိန်းချုပ်ရေးနဲ့ ပတ်သက်ရင် သူ့နိုင်ငံကရုရှားထက်ပိုပြီးနစ်နာစေတဲ့ အချိုးအစား မမျှတမှုကို စိတ်ပျက်ကြောင်း အကြိမ်ကြိမ် ထုတ်ပြောဖူးပါတယ်။ယူကရိန်းဟာလက်ရှိရှေ့တန်း စစ်မြေပြင်က တိုက်ခိုက်မှုတွေ အားလုံးကို နှစ်ဖက်စလုံးက ရပ်တန့်ထားဖို့လည်း အဆိုပြုခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားကတော့ ယာယီ အပစ်ရပ်ရေး ဖြစ်နိုင်ခြေတွေကို ငြင်းပယ်ထားပြီး တိကျတဲ့ စစ်ရပ်စဲရေး သဘောတူညီမှုမျိုးကိုပဲ လက်ခံမယ်လို့ တုံ့ပြန်ထားပါတယ်။

အမေရိကန်အစိုးရကဒွန်းညက်စ်ခ်ဒေသမှာယူကရိန်းက လက်ကျန် ထိန်းချုပ်ထားဆဲနယ်မြေ အနည်းအကျဉ်းကို လက်လွှတ်ပေးပြီး ဘယ်နိုင်ငံရဲ့ စစ်တပ်မှ ထိန်းချုပ်မထားတဲ့လွတ်လပ် စီးပွားရေးဇုန်အဖြစ် သတ်မှတ်ဖို့လည်း ယူကရိန်းကို တွန်းအားပေးနေပါတယ်။

ဇီလန်စကီးကတော့ အဲဒီ စိတ်ကူးကို လက်ခံပြီး လွတ်လပ် စီးပွားရေးဇုန် ဖော်ထုတ်ခဲ့ရင်တောင် ယူကရိန်းအတွက် မျှတပြီး ယုံကြည်စိတ်ချရလောက်တဲ့ စည်းမျဉ်းတွေ လိုအပ်မယ်လို့ ပြောကြားထားပါတယ်။ရုရှားနဲ့ ယူကရိန်းတို့ဟာ လောလောဆယ် ရုရှားကထိန်းချုပ်ထားတဲ့ဇာပေါ့ရစ်ဇီရာနျူကလီး
ယား ဓာတ်အားပေးစက်ရုံ ထိန်းချုပ်ခွင့်နဲ့ပတ်
သက်လို့လည်း ညှိမရ ဖြစ်နေဆဲလို့ သိရပါတယ်။

ကိုးကား-AFP
ဓါတ်ပုံ-AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သီရိလင်္ကာ ကမ်းလွန် ပင်လယ်ပြင်မှာ အီရန် စစ်သင်္ဘောတစ်စီး နစ်မြုပ်မှုဟာ အမေရိကန် လက်ချက်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲမှာ ပထမဆုံး အကျအဆုံးတွေ ကြုံခဲ့တာဟာ ဒရုန်းတိုက်ခိုက်မှု တစ်ခုကြောင့်လို့ အမေရိကန်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံကရတဲ့ ယူ​ရေနီယံနမူနာကိုပြပြီး ​ရောင်းချဖို့ကြိုးစားခဲ့

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်းမိန်းကလေးကျောင်းတစ်ခုမှာလူအများအပြား သေဆုံးစေခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း အဖြေရှာနိုင်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။