Connect with us

Hi, what are you looking for?

သတင်း

ဂျပန်ရွေးကောက်ပွဲ စတင်၊ ဝန်ကြီးချုပ် တကအိချိ အောင်ပွဲခံနိုင်ဖွယ်ရှိနေ

ဂျပန်မှာ ကြားဖြတ်ရွေးကောက်ပွဲ စတင်ကျင်းပနေပြီဖြစ်ပြီး ဝန်ကြီးချုပ် စနအဲ တကအိချိ ဦးဆောင်တဲ့ အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီက ထိရောက်တဲ့ အောင်ပွဲမျိုး ယူဆောင်ပြီး လွှတ်တော်ကို ပိုမိုထိန်းချုပ်လာနိုင်ဖွယ် ရှိနေပါတယ်။

ဂျပန်မှာ ကြားဖြတ်ရွေးကောက်ပွဲ စတင်ကျင်းပနေပြီဖြစ်ပြီး ဝန်ကြီးချုပ် စနအဲ တကအိချိ ဦးဆောင်တဲ့ အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီက ထိရောက်တဲ့ အောင်ပွဲမျိုး ယူဆောင်ပြီး လွှတ်တော်ကို ပိုမိုထိန်းချုပ်လာနိုင်ဖွယ် ရှိနေပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့ ရွေးကောက်ပွဲမှာတော့ တကအိချိ ဦးဆောင်နေတဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP)ဟာ အောက်လွှတ်တော် အမတ်နေရာ စုစုပေါင်း ၄၆၅ ခုစာရဲ့ ထက်ဝက်ကျော်ဖြစ်တဲ့ ၂၃၃ နေရာကို သက်တောင့်သက်သာ ရရှိနိုင်လိမ့်မယ်လို့ လူထုအမြင် စစ်တမ်းတွေကို အခြေခံပြီး ဂျပန် နိုင်ငံရေး စောင့်ကြည့် လေ့လာသူတွေက သုံးသပ်ထားပါတယ်။

တကယ်လို့ ညွန့်ပေါင်း အစိုးရ အဖွဲ့ဝင် အစဉ်အလာ မဟာမိတ် နိုင်ငံရေး ပါတီတစ်ခုရဲ့ မဲတွေနဲ့ပါ ပေါင်းလိုက်ရင် LDPဟာ လွှတ်တော်အမတ် နေရာပေါင်း ၃၁၀ လောက်ထိကို ထိန်းချုပ်သွားနိုင်ခြေ ရှိကြောင်း ခန့်မှန်းမှုတွေလည်း ထွက်ပေါ်နေပါတယ်။

LDPဟာ လက်ရှိမှာလည်း အာဏာရပါတီ ဖြစ်နေတဲ့တိုင် အောက်လွှတ်တော် အမတ်နေရာပေါင်း ၁၉၉ ခုကိုသာ ထိန်းချုပ်ထားနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ကြားဖြတ် ရွေးကောက်ပွဲအပြီး အမတ်နေရာ ၂၃၃ ခုကျော်ကို ရရှိမယ်ဆိုရင် တကအိချိရဲ့ အစိုးရဟာ မူဝါဒရေးရာ ကဏ္ဍတွေမှာ ပိုပြီး လွတ်လွတ်လပ်လပ် လှုပ်ရှား ကိုင်တွယ်လို့ ရလာမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တကယ်လို့ ခန့်မှန်းထားတဲ့အတိုင်း LDPနဲ့ ညွန့်ပေါင်းအစိုးရ မဟာမိတ်က အမတ်နေရာ ၃၁၀ ထိ ရရှိမယ် ဆိုရင်တော့ ၂၀၁၇ နောက်ပိုင်း ပါတီရဲ့ အကြီးမားဆုံး ရွေးကောက်ပွဲ အောင်ပွဲရလဒ် ဖြစ်လာနိုင်ပါတယ်။ အဲဒီတုန်းက တကအိချိရဲ့ ဆရာရင်းဖြစ်တဲ့ ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးက နိုင်ငံကို ဦးဆောင်နေခဲ့တာပါ။

လေ့လာသူတွေကတော့ တကအိချိ ပြတ်ပြတ်သားသား အနိုင်ရတဲ့ ရွေးကောက်ပွဲ ရလဒ်ဟာ တရုတ်ကို ပိုပြီး မျက်မုန်းကျိုးစေဖွယ် ရှိသလို စီးပွားရေး စျေးကွက်ထဲမှာလည်း သက်ရောက် ရိုက်ခတ်မှုတွေ ဖြစ်လာနိုင်တယ်လို့ ထောက်ပြထားပါတယ်။

ဖေဖော်ဝါရီ ၈ ရက် မနက်ပိုင်းမှာ မဲရုံတွေ စဖွင့်နေပြီဖြစ်ပြီး အေးမြတဲ့ ရာသီဥတုထဲမှာ ပြည်သူတွေက စပြီး မဲပေးနေကြပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲနေ့ထိ ဘယ်ပါတီကို မဲပေးရမှန်း မဆုံးဖြတ်ရသေးသူတွေလည်း ရှိနေဆဲလို့ ဆိုပါတယ်။

ဂျပန် ပြည်သူတွေဟာ ကိုယ့်အနာဂတ်ကို ကိုယ့်လက်နဲ့ ကိုယ်တိုင် တည်ဆောက်ဖို့ လိုတယ်လို့ ရွေးကောက်ပွဲအတွက် မဲဆွယ်မှုတွေမှာ တကအိချိက ပြောကြားခဲ့ပါတယ်။ LDPဟာ အဲဒီ လမ်းကြောင်းကို ဦးဆောင်မယ်လို့လည်း ဂျပန်နိုင်ငံ သမိုင်းမှာ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်က ဆိုပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင် တစ်ရက်အလိုမှာ တကအိချိက ဂျပန်ကို ရွှေ့ပြောင်း အခြေချသူတွေ ဝင်ရောက်မှုတွေကို ပိုမို တင်းကျပ်သွားမယ့် သဘောထားကိုလည်း ထုတ်ပြောခဲ့ပါတယ်။ အခုကတည်းက ရွှေ့ပြောင်း အခြေချမှုဆိုင်ရာ စိစစ်မှုတွေကို အတိုင်းအတာ တစ်ခုထိ စတင် တင်းကျပ်နေကြောင်း၊ ဒါမှသာ အကြမ်းဖက်သမားတွေနဲ့ စက်မှုလုပ်ငန်းဆိုင်ရာ သူလျှိုတွေ အလွယ်တကူ မဝင်ရောက်နိုင်မှာဖြစ်ကြောင်း သူက ပြောပါတယ်။

နောက်ပြီး နိုင်ငံခြားသားတွေက အခွန်တွေ၊ ကျန်းမာရေး အာမခံကြေးတွေကို မှန်မှန်ကန်ကန် ပေးဆောင်နေရဲ့လား ဆိုတာတွေကိုပါ သေချာ စစ်ဆေးဖို့ လိုတယ်လို့ တကအိချိက ဆိုပါတယ်။

တကအိချိဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ဝန်ကြီးချုပ် ဖြစ်လာပြီး သိပ်မကြာခင်မှာပဲ တရုတ်ကသာ ထိုင်ဝမ်ကျွန်းကို စစ်တိုက်ရင် ဂျပန်ကလည်း ထိုင်ဝမ်ကိုကူဖို့ စစ်တပ်တွေ စေလွှတ်နိုင်ကြောင်း ထုတ်ပြောခဲ့တဲ့အတွက် တရုတ်ရဲ့ ခါးသီးတင်းမာတဲ့ ဝေဖန် ရှုတ်ချမှုတွေ ကြုံတွေ့ခဲ့ပါတယ်။ အဲဒီကိစ္စကြောင့် အာရှတိုက်ရဲ့ စီးပွားရေးအင်အား အတောင့်တင်းဆုံး နိုင်ငံကြီး နှစ်ခုကြားက ဆက်ဆံရေးမှာ ပြဿနာတွေ ဖြစ်လာပေမယ့် တကအိချိအပေါ် ပြည်တွင်းထောက်ခံမှုကတော့ ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရပါတယ်။

ကိုးကား: AFP
ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယရဲ့ ဘောလိဝုဒ် ရုပ်ရှင်ကြယ်ပွင့် မင်းသား ဂျိုးဆက် ဗီဂျေးဟာ တမီလ်နာဒူ ပြည်နယ်ရဲ့ ဝန်ကြီးချုပ် ရာထူးကို တရားဝင် စတင် ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အီရန်မှာ အပစ်အခတ် ရပ်စဲမယ့် သဘောတူညီချက်ဟာ လက်ဘနွန် အပါအဝင် အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံးကို အကျုံးဝင်စေမယ်လို့ ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘက်ဇ် ရှရစ်ဖ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်ကို ခိုင်မာ တောင့်တင်းပြီး ကြွယ်ဝတဲ့ နိုင်ငံတစ်ခု ဖြစ်လာအောင် ဦးဆောင်သွားမယ်လို့ ဝန်ကြီးချုပ် စနအဲ တကအိချိက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် စနအဲ တကအိချိရဲ့ ပါတီဟာ သမိုင်းဝင် အပြတ်သားဆုံး ရလဒ်မျိုးနဲ့ အောင်ပွဲခံခဲ့ကြောင်း သိရပါတယ်။