Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမြို့နယ်ကို စစ်တပ် စစ်ကြောင်းထိုးကျေးရွာတွေ မီးရှို့နေ

မန္တလေးတိုင်း၊နွားထိုးကြီးမြို့မြောက်ဘက်မှာစစ်တပ်က စစ်ကြောင်းတွေ ဆက်တိုက်ထိုးပြီး ရွာလုံးကျွတ်မီးရှို့ ဖမ်းဆီးခံရတဲ့အမျိုးသမီးငယ်တွေကို အဓမ္မပြုကျင့်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ကျွန်းဒေါင့်ရွာဘုန်းကြီးကျောင်းကို ၂၀၁၅ ဧပြီ ၁၄ရက်က စစ်တပ်ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရသည့် ပျက်စီးမှုများ။ ဓာတ်ပုံ - နွားထိုးကြီး Journal

ဖေဖော်ဝါရီ-၈၊၂၀၂၆၊ရှိန်း/ People’s Spring

မန္တလေးတိုင်း၊နွားထိုးကြီးမြို့မြောက်ဘက်မှာစစ်တပ်က စစ်ကြောင်းတွေ ဆက်တိုက်ထိုးပြီး ရွာလုံးကျွတ်မီးရှို့ ဖမ်းဆီးခံရတဲ့အမျိုးသမီးငယ်တွေကို အဓမ္မပြုကျင့်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

နွားထိုးကြီးမြို့နယ်က နွားထိုးကြီး- မြင်းခြံလမ်းပိုင်းကို စစ်တပ်က ပြန်လည်ရယူသွားပြီးတဲ့ နောက် ဒီဇင်ဘာလကုန်လောက်ကစတင်ကာ စစ်တပ်က စစ်ကြောင်းတွေထိုးတာလို့သိရပါတယ်။

ယခုရက်ပိုင်းအတွင်း နွားထိုးကြီးမြို့ရဲ့ မြောက်ဘက်က ကျေးရွာတွေကို ဆက်တိုက်စစ် ကြောင်းထိုးမီးရှို့ နေတာလို့ ဒေသခံ တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖေ‌ဖော်ဝါရီလ၆ရက်က မြဝတီကျေးရွာကို စစ်တပ်က ဝင်ရောက်မီးရှို့ခဲ့ပြီး ၇ရက်နေ့မှာ ကျွန်းဒေါင့်နဲ့ ဝက်လူးကျေးရွာတို့ကို ထပ်မံမီးရှို့သွားတယ်လို့ သိရပါတယ်။

“မြောက်ခြမ်းမှာ PDFတပ်ရင်းမှူး တယောက်နေတယ်ဆိုပြီး စစ်ကြောင်းထိုးဆက်တိုက်မီးရှို့ နေတာ။စစ်ရှောင် ကအရမ်းကိုများတယ်။‌မိန်းမပျို‌ လေး တွေ မပြေးနိုင်လို့ မိလို့ မတရားပြုကျင့်ခံရတာ‌ တွေလည်းရှိတယ်”လို့ ဒေသခံတဦး ကပြောပါတယ်။

လက်ရှိအဲဒီမြောက်ခြမ်းက မြဝတီ၊ဆေးခင်းကြီး၊ရွာသာအေး၊ဇီ၊ကျွန်းထောင့် ၊ဝက်လူး၊အောင် မြေစံ၊ပဲချက်၊မကျီးကုန်း၊အောင်ချမ်းသာစတဲ့ ကျေးရွာတွေက ပြည်သူတွေ ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၇ရက် ညပိုင်းကလည်း နွားထိုးကြီး မြို့နယ်အနောက်တောင်ခြမ်းက ကျေးရွာကို စစ်တပ်က Paramoter (စက်တပ် လေထီး)နဲ့ သုံးကြိမ်ဗုံးကြဲခဲ့တာမို့ နေအိမ်တလုံးမီး လောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

(မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ကျွန်းဒေါင့်ရွာဘုန်းကြီးကျောင်းကို ၂၀၁၅ ဧပြီ ၁၄ရက်က စစ်တပ်ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရသည့် ပျက်စီးမှုများ။ ဓာတ်ပုံ – နွားထိုးကြီး Journal)

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်က စစ်တပ်အထိုင်စခန်းနေရာတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ဦး သေဆုံးပြီး ဒရုန်း ၁စီး သိမ်းရခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးဖို့ ပြုလုပ်နေပြီး ဖျက်ဆီးသူတွေကို ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ မြင်းခြံခရိုင်အမှတ်(၄-၁၀)တပ်ရင်းမှူးက သတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။