Connect with us

Hi, what are you looking for?

သတင်း

ညောင်ဦးနယ် င့ါသရောက်ရဲစခန်းအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ပစ်ခတ်ခံရ

မန္တလေးတိုင်း​၊ ညောင်ဦးမြို့နယ် ၊ ငါ့သရောက်န​ယ်မြေရဲစခန်းကနေ စျေးထွက်ဝယ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ကို ရဲစခန်း အနီးမှာတင် မနေ့ (ဖေဖော်ဝါရီ ၈ရက်) နေ့လယ်ပိုင်းက စောင့်ကြိုပစ်ခတ်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးအဖွဲ့ ဖြစ်တဲ့ 21 BAGAN-People Defense Force အဖွဲ့ကသိရပါတယ်။

ဖေဖော်ဝါရီ – ၉ ၊၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း​၊ ညောင်ဦးမြို့နယ် ၊ ငါ့သရောက်န​ယ်မြေရဲစခန်းကနေ စျေးထွက်ဝယ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ကို ရဲစခန်း အနီးမှာတင် မနေ့ (ဖေဖော်ဝါရီ ၈ရက်) နေ့လယ်ပိုင်းက စောင့်ကြိုပစ်ခတ်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးအဖွဲ့ ဖြစ်တဲ့ 21 BAGAN-People Defense Force အဖွဲ့ကသိရပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုမှာ တစ်ဦးက နေရာတင်သေဆုံးပြီး ကျန်တစ်ဦးကတော့ ဒဏ်ရာရသွားတယ်လို့ 21 BAGAN-People Defense Force အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံကဆိုပါတယ်။

ငါ့သရောက်နယ်မြေရဲစခန်းရှေ့မှာတင် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လက်နက်တွေကိုမကောက်ယူနိုင်ခဲ့ဘူးလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသွားသူနဲ့ ဒဏ်ရာရသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် တို့ကို ရဲစခန်းထဲဆွဲခေါ်ယူသွားကြတယ်လို့ 21 BAGAN-People Defense Force အဖွဲ့က အသိပေးပါတယ်။

အခုလိုပစ်ခတ်မှုဖြစ်တဲ့ င့ါသရောက်မြို့ဟာ ညောင်ဦးမြို့နယ်ထဲမှာပါဝင်ပေမယ့် ပုဂံမြို့နဲ့ တော့ ၁၂ မိုင်ခန့်ဝေးပါတယ်။

ပစ်ခတ်မှုပြီးနောက်စစ်ကောင်စီတပ်ကရဲစခန်းအနီးစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးဒေသခံတွေအနေဖြင့်ငါ့သရောက်မြို့အတွင်းကစစ်ကောင်စီတပ် တပ်စွဲရာတွေကို ဝေးဝေးကရှောင်ဖို့ အတွက် အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံ၊ညောင်ဦးမြို့နယ်က ငါ့သရောက်နယ်မြေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီးနောက် စစ်သား ၂၀ လောက်ဟာ လက်နက်တွေယူပြီးထွက်ပြေးနေတယ်လို့ ပုဂံဘီလူးတပ်လို့ခေါ်တဲ့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ အဲဒီတိုက်ပွဲမှာပါဝင်တဲ့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ ညောင်ဦးမြိုနယ် ငါ့သရောက်တိုက်နယ်မှ တောင်သာမြို့နယ်ဘက်သို့ စစ်ကြောင်းထိုး လာသည့် စစ်တပ်စစ်ကြောင်း အထိနာ၍ ဆုတ် ခွာသွားကြောင်းတောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်သည်။

သတင်း

စစ်တပ်စစ်​ကြောင်း ၅ ဦး​သေ၊ ၂ ဦးဖမ်းမိပြီး၊လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ