ဧပြီ-၃၀၊၂၀၂၅။ရှိန်း၊ရဲခေါင်/People’s Spring
မန္တလေးတိုင်း၊ငါ့သရောက်မြို့နယ်ရဲစခန်းကနေ ညောင်ဦး၊မြင်းခြံ၊တောင်သာဘက်ကို စစ်ကြောင်းထိုးဖို့ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ၂ ရက်ဆက် တိုက်ခိုက်ရာမှာရဲတပ်ကြပ်တဦးအပါအဝင်၅ဦး သေဆုံးပြီးနှစ်ဦးအရှင်ဖမ်းမိခဲ့တယ်လို့ ပုပ္ပါးပျောက်ကြားတပ်ဖွဲ့ (Popa Guerilla Force-PGF)တာဝန်ရှိသူကပြောတယ်။
“ပထမဆုံးက ကျွန် တော်တို့(PGF) နဲ့ 21 ပုဂံအဖွဲ့တို့ရဲ့ ရှေ့ပြေးကင်းတပ်စိတ်နဲ့အရင်တိုက်ပွဲဖြစ်တယ်။တနာရီခွဲလောက်ကြာတော့လက်နက်ခဲယမ်းမရှိ တော့တာမို့ နောက်ဆုတ် ပေးလိုက်ရတယ်။အဲဒီအချိန် ပုဂံဘီလူးနဲ့တခြားမဟာမိတ်တပ်တွေ ရောက်လာပြီးထပ်ဖြစ်ကြ သေးတယ်။ပြီးတော့ လေယာဉ်ပစ်ကူ ကြောင့်နောက်ဆုတ်ခဲ့ရတယ်”လို့ ပုပ္ပါး ပျောက်ကြားတပ်ဖွဲ့ (Popa Guerilla Force-PGF)အဖွဲ့ ဒုတာဝန်ခံ ရဲဘော် ဗျတ္တကပြောပါတယ်။
ဧပြီလ၂၆ရက်နေ့က ငါ့သရောက်မြို့နယ်ရဲစခန်းကထွက်လာတဲ့ စစ်သား ၊ရဲ နဲ့ ပျူစောထီးအင်အား ၁၂၀ ခန့်ပါစစ်ကြောင်းဟာ တောပြား ကျေးရွာနဲ့တံတားကျေးရွာကို ဝင်ရောက်တပ်စွဲခဲ့ပါတယ်။အဲဒီကနေ ဧပြီ ၂၇ရက် နံနက်မှာ တောင်ခမောက် ကျေးရွာကို စစ်ကြောင်းထိုးလာရာလမ်းပိုင်းမှာ တော်လှန်ရေးပူး ပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

Public Service Announcement
အဲဒီနောက် စစ်ကောင်စီတပ်စစ်ကြောင်းက တောင်ခ မောက်ရွာအတွင်းက နေအိမ်တွေကို မီးရှိူ့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။
“စခ စစ်ကြောင်းက ငါ့သရောက်ဘက်ကို ပြန်ရောက်သွားတယ်။ဖရိုဖရဲနဲ့ကို ဆုတ်သွားရတာ။မိထားတာ ညောင်ဦးခရိုင် ပစနှစ် ယောက်” လို့ PGF (Popa)ဒုတာဝန်ခံ ရဲဘော် ဗျတ္တက တိုက်ပွဲ ဖြစ်ခဲ့မှုကို လူထုနွေဦးကို ရှင်းပြပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ဒေသတွင်း အင်အားပြ စစ်ကြောင်းထိုးလာခြင်းဖြစ်တယ်လို့လည်း ၎င်းက သုံးသပ်ပါတယ်။
ဧပြီလ၂၈ ရက်နေ့မှာလ်း ကျောက်ပတောင်းမြို့နယ်၊ ထောက်ရှရွာကို စစ်တပ်က ဆက်ပြီးစစ်ကြောင်းထိုးလာတာမှာ Popa Guerilla Force(PGF)တပ်ဖွဲ့ နဲ့ မဟာမိတ်တွေက မနက် ၉နာရီဝန်းကျင်မှညနေ၄နာရီဝန်းကျင်အထိတစ်နေကုန်နီးပါး ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်၊ စစ်ကောင်စီစစ်ကြောင်းအထိနာတဲ့အတွက် လေကြောင်းမှ မွန်းလွဲ ၂ နာရီဝန်းကျင်တွင်သုံးကြိမ်၊၄နာရီဝန်းကျင်ခန့်တွင်လျှင် သုံးကြိမ်ပစ်ကူပေးသွားခဲ့တယ်လို့သိရပါတယ်။
ဒီနှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ စစ်သုံ့ပန်းနှစ်ဦး အရှင်ဖမ်းမိခဲ့ပြီးတော့ ရဲတပ်ကြပ်အပါအဝင်စစ်ကောင်စီတပ်မှအလောင်း ၅လောင်းရရှိခဲ့တယ်လို့ ကိုဗျတ္တကပြောပါတယ်။ဒါ့အပြင်စစ်ကြောင်းမှာ ထိခိုက်ဒဏ်ရာရသူ၄၃ဦးလည်းရှိပြီး အရာခံဗိုလ်တဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့လည်းဆိုပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီစစ်ကြောင်းထံမှM.22 ၂ လက် ၊ Equipment- ၁ခု ၊ လက်ပစ်ဗုံး- ၃လုံး၊ စကားပြောစက်-၄ လုံး ၊ 7.62ကျည် ၈၀ တောင်နဲ့ အခြားဆက်စပ်ပစ္စည်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ PGF ကထုတ်ပြန်ပါတယ်။တိုက်ပွဲရုပ်သံမှတ်တမ်းကို People’s Spring ရဲ့တယ်လီဂရန် https://t.me/PeopleSpring/75951 မှာကြည့်ရှုနိုင်ပါတယ် ။
“စစ်ကြောင်းက ငါ့သရောက်ဘက်ကိုပြန်ရောက်သွားတယ်။ဖရိုဖရဲနဲ့ကို ဆုတ်သွားရတာ။မိထားတာ ညောင်ဦးခရိုင် ပစနှစ်ယောက်”လို့ ရဲဘော် ကပြောပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဒေသတွင်း အင်အားပြ စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့သူက သုံးသပ်ပါတယ် ။
အခုတိုက်ပွဲဟာ နွေဦးတော်လှန်ရေးကာလအတွင်းကျောက်ပန်းတောင်းမြို့နယ်မှာအပြင်းထန်ဆုံးနဲ့ပထမဆုံးတိုက်ပွဲကြီးဖြစ်တယ်လို့ဒေသခံတချို့ကပြောပါတယ် ။
ဒီနှစ်ရက်တာတိုက်ပွဲကို Popa Guerilla Force(PGF)တပ်ဖွဲ့ ၊ပုဂံပြည်ဘီလူးတပ်၊ (21) Bagan မြင်းခြံခရိုင်တပ်ရင်း၃ ၊ ညောင်ဦးခရိုင်တပ်ရင်း ၄၊ဒေါင်းရင်သွေးတပ်ဖွဲ့ ၊ ညောင်ဦးခရိုင် ပကဖ၊မိုးမခပြောက်ကျားတပ်ဖွဲ့ ၊ဂဠုန်ပြောက်ကျားတပ်၊ရန်ကြီးအောင်တပ်၊မန်းဘခိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Scorpions People Defend Force တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။





















































