Connect with us

Hi, what are you looking for?

သတင်း

Sky Villa ကွန်ဒိုတည်ဆောက်ရေးကုမ္ပဏီပိုင်ရှင်ကိုလူသေစေမှုနဲ့အမှုဖွင့်

မန္တလေးမြို့မှာ ပြိုကျပျက်စီးပြီး လူ ၂၀၀ ကျော်သေဆုံးခဲ့ရတဲ့ Sky Villa ကွန်ဒို ကိုတည်ဆောက်ခဲ့တဲ့ NTL Construction ပိုင်ရှင် ဦးနိုင်ထွန်းလင်းကို လူသေစေမှုနဲ့စစ်ကောင်စီက အမှုဖွင့်ထားတယ်လို့ မန္တလေး ရဲတပ်ဖွဲ့ နဲ့နီးစပ်သူသတင်းရင်းမြစ်က ပြောပါတယ်။

ဖေဖော်ဝါရီ – ၁၂ ၊၂၀၂၆ ၊ဆိုင်းမင်း/People’s Spring

မန္တလေးမြို့မှာ ပြိုကျပျက်စီးပြီး လူ ၂၀၀ ကျော်သေဆုံးခဲ့ရတဲ့ Sky Villa ကွန်ဒို ကိုတည်ဆောက်ခဲ့တဲ့ NTL Construction ပိုင်ရှင် ဦးနိုင်ထွန်းလင်းကို လူသေစေမှုနဲ့စစ်ကောင်စီက အမှုဖွင့်ထားတယ်လို့ မန္တလေး ရဲတပ်ဖွဲ့ နဲ့နီးစပ်သူသတင်းရင်းမြစ်က ပြောပါတယ်။

ဦးနိုင်ထွန်းလင်းကို ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)နဲ့ မန္တလေး အမှတ် (၁) နယ်မြေရဲစခန်မှာအမှုဖွင့်ထားတာလို့ အဲဒီ သတင်းရင်းမြစ်က အသိပေးပါတယ်။

ငလျင်ကြီးလှုပ်ခတ်ပြီးတစ်နှစ်ပြည့်ခါနီးမှာမှတည်ဆောက်ရေး လုပ်ငန်း ခွင်ပေါ့လျော့မှုကြောင့် လူသေဆုံးရတယ်ဆိုပြီး အမှုဖွင့်တာလို့လည်းသိရပါတယ်။

Public Service Announcement

Public Service Announcement

အမှုဖွင့်ထားတဲ့ ပုဒ်မ ၃၀၄ (က) က ထောင်ဒဏ် ၇ နှစ်အထိ ချနိုင်ပြီး လူသေဆုံးမှာကိုသိရက်နဲ့ ပေါ့ဆမှုဆိုရင်တော့ ၁၀ နှစ်အထိချနိုင်တာပါ။

ပြီးခဲ့တဲ့နှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်တဲ့ ငလျင်ကြီးကြောင့် မန္တလေးမြို့က အထပ် ၁၁ ထပ်စီမြင့်တဲ့ Sky Villa ကွန်ဒို အဆောက်အဦးလေးခု မှာ သုံးခုက လုံးဝပြိုကျပျက်စီးသွားခဲ့တာပါ။

ကွန်ဒိုအဆောက်အဦးမှာစုစုပေါင်း လူလေးရာကျော်နေထိုင်ပြီး မီးသတ်ရဲ့ စာရင်းအရ သေဆုံးသူ ၂၀၆ ဦးရှိခဲ့ပါတယ်။

ကွန်ဒိုကိုရောင်းချချိန်ကငလျင်ဒဏ်ခံဖောင်းဒေးရှင်းထည့်သွင်းတည် ဆောက်ထားတယ်လို့ ကြော်ငြာပြီး ရောင်းချခဲ့ပေမယ့် ငလျင်ကြီးလှုပ်ခတ်ချိန်မှာ ဆိုးဆိုးရွားရွား ပြိုကျပျက်စီးသွားတာကြောင့်အဆောက်အဦးတည်ဆောက်ရေးအပေါ် ဝေဖန်မှုတွေ အပြင်းအထန်ရှိခဲ့တာပါ။

ပြီးခဲ့တဲစက်တင်ဘာလအတွင်းမှာတော့ သေဆုံးသူတွေကို လျော်ကြေးပေးတဲ့ပွဲမှာ NTL Construction ကုမ္ပဏီ ပိုင်ရှင်ရဲ့ ဇနီးဖြစ်သူက သေဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်းကြောင်း တောင်းပန်စကားဆိုခဲ့ပါတယ်။

Sky Villa ကွန်ဒိုပြိုကျမှုမှာ သေဆုံးသူတွေကို တစ်ဦး ငွေကျပ်သိန်းတစ်ရာလျော်ကြေးပေးရာမှာဆုံးပါးသွားသူ၂၀၆ဦးအနက် ၁၄၈ဦးသာ လာရောက်ထုတ်ယူခဲ့တယ်လို့ NTL ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – MFSD

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။