Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်ချုပ်မွေးနေ့အမှတ်တရ လှုပ်ရှားမှုတွေ စစ်ကိုင်းတိုင်းမှာ ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၁၁၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၁၃)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

ဖေဖော်ဝါရီ-၁၃၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၁၁၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၁၃)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ လူထုတိုက်ပွဲဦးဆောင်ကော်မတီဟာ တော်လှန်ပြည်သူတွေနဲ့ အတူ ပူးပေါင်းပြီး လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၁၁၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဟောပြောပွဲနဲ့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ ၅ နှစ်ပြည့် အထိမ်းအမှတ် ကျောင်းသားလူထုချီတက်ပွဲကို ပြုလုပ်ခဲ့ကြပါတယ်။

ရွှေဘိုမြို့နယ်မှာလည်း သပိတ်ကော်မတီဝင်တွေက ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းအား အောက်မေ့သတိရစွာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ့လှုပ်ရှားမှုမှာ ဗိုလ်ချုပ်တည်ထောင်ခဲ့သော တပ်မတော်နဲ့ စစ်ပညာဟာ ပြည်သူတွေကို သတ် ဖြတ်ဖို့ မဟုတ်ကြောင်း၊ တိုင်းပြည်သည် စစ်တပ်အတွက် မဟုတ်ကြောင်း ကျောင်းသားလူငယ်တွေက ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ “စုစည်းပါဝင် တော်လှန်ရေးအရှိန်တင်” စာသားကိုင်ဆောင်ဆန္ဒပြခဲ့ပြီး ဖမ်းဆီးထားသောနိုင်ငံ့ခေါင်းဆောင်တွေနဲ့နိုင်ငံရေးအကျဉ်းသားတွေ အားလုံးချက်ချင်းလွှတ်ဖို့ ကြွေးကြော်ချီတက်ခဲ့ကြပါတယ်။

ဆားလင်းကြီးမြို့နယ်မှာလည်း အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီမှ ဆားလင်းကြီးနဲ့အရာတော်မြို့နယ်အတွင်းရှိ စာသင်ကျောင်းမှ ကျောင်းသား၊သူတွေနဲ့ တော်လှန်ရေးတပ်ရင်း၊ တပ်ဖွဲ့တွေကို ပဲပြုတ်၊ နံပြားအချပ်(၁၁၁၀)ကို ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ်အနေနဲ့ လှူဒါန်းခဲ့ပါတယ်။

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း ဖက်ဒရယ်မျှော်ရည်G2Gသပိတ်စစ်ကြောင်းမှ ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ဗိုလ်ချုပ်ရဲ့ ပြောစကားတွေကို အသိပညာပေးဟောပြောခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook