Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်နဂါးစစ်တပ်နဲ့​ပူးပေါင်းပြီး နာရီပိုင်းအကြာမှာ PDFဆီလက်နက်ချတဲ့BNRAတပ်ဖွဲ့ဝင်တွေရှိ‌တဲ့နေရာကိုစစ်တပ်ဗုံးကြဲ၊တစ်ဦးသေဆုံး

ဗိုလ်နဂါးကစစ်တပ်နဲ့ ပူး​ပေါင်းပြီး နာရီပိုင်းအကြာမှာ PDF ထံလက်နက်ချခဲ့တဲ့ BNRA တပ်ဖွဲ့ဝင်တွေရှိ‌တဲ့နေရာကို စစ်တပ်က ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် BNRA တပ်ဖွဲ့ဝင်တဦးသေဆုံးခဲ့တယ်လို့ ​ဒေသခံ နဲ့​တော်လှန်​​ရေးရဲ​ဘော်အချို့က​ပြောပါတယ်။

BNRA တပ်ဖွဲ့ဝင်အချို့ ကိုစစ်သင်တန်းဆင်းပွဲ တခုမှာ​တွေ့ရစဥ်။ဓါတ်ပုံ-BNRA

​​ဖေ​ဖော်ဝါရီ-၁၉၊၂၀၂၆။အိမ်သွင်/People’s Spring

ဗိုလ်နဂါးကစစ်တပ်နဲ့ ပူး​ပေါင်းပြီး နာရီပိုင်းအကြာမှာ PDF ထံလက်နက်ချခဲ့တဲ့ BNRA တပ်ဖွဲ့ဝင်တွေရှိ‌တဲ့နေရာကို စစ်တပ်က ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် BNRA တပ်ဖွဲ့ဝင်တဦးသေဆုံးခဲ့တယ်လို့ ​ဒေသခံ နဲ့​တော်လှန်​​ရေးရဲ​ဘော်အချို့က​ပြောပါတယ်။

“BNRAအဖွဲ့ဝင်တွေလက်နက်ချလို့ယာယီထိန်း
သိမ်းထားတဲ့နေရာကိုတည့်တည့်ကြဲတာ။ အဲ့ဒီနေရာကို နဂါးသိတယ်။ ဒဏ်ရာရသူတချို့ရှိတယ်။ တစ်ယောက်ကတော့ ဆုံးသွားတယ်” လို ပုလဲမြို့ခံတစ်ဦးကပြောပါတယ်။

​ဖေ​ဖော်ဝါရီ ၁၈ ရက်နေ့ညနေပိုင်းကဗိုလ်နဂါးကို စစ်တပ်က ရဟတ်ယာဉ်နဲ့ ခေါ်ထုတ်သွားပြီး နာရီအနည်းငယ်အကြာမှာ ဗုံးကြဲတာလို့​ဒေသခံနဲ့ ​တော်လှန်​ရေးရဲ​ဘော်အချို့က​ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပုလဲမြို့နယ်ထဲမှာရှိတဲ့ ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်ဖွဲ့စခန်းအချို့ကို ယင်းမာပင်ခရိုင်က PDF တပ်ရင်းတွေကဖေဖော်ဝါရီလ၁၇ရက်မနက်ပိုင်းမှာ စီးနင်းတိုက်ခိုက်ခဲ့တာပါ။မနက် ၇နာရီခန့်ကနေ မနက် ၁၁ နာရီခန့်အထိတိုက်ပွဲဖြစ်ခဲ့ပြီး အဲဒီနောက်ပိုင်းပစ်ခတ်မှုတွေငြိမ်သက်သွားတယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ပုပ္ပါရွာ နဲ့ ဇီးတော
ရွာကြားကို မနက် ၁၀နာရီခန့်မှာ တစ်ကြိမ်၊ နေ့ခင်း ၂နာရီခန့်မှာတစ်ကြိမ် စစ်တပ်က ဂျိင်ရိုကော့ပတာနဲ့ ဗုံးကြဲခဲ့ပါတယ်။ PDF တွေရဲ့ တည်နေရာကို ဗိုလ်နဂါးက စစ်တပ်ထံ သတင်းပေးပြီး ဗုံးကြဲခိုင်းတာလို့သတင်း​တွေထွက်ပေါ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၈ နေ့မနက်ပိုင်းမှာ ဗိုလ်နဂါးရှိမယ်ထင်တဲ့နေရာကို PDFတွေက ပိတ်ဆို့ထားစဉ်မှာပဲ ပုလဲမြို့အနီးက သေတ္တရာရွာကို ဝင်လာတဲ့စစ်တပ် စစ်ကြောင်းရဲ့ အကူအညီနဲ့ ဗိုလ်နဂါးက ထွက်ပြေးသွားခဲ့ပါတယ်။ ဗိုလ်နဂါးအပါအဝင်သူ့နောက်
လိုက်အချို့ကို စစ်ကောင်စီက ရဟတ်ယာဉ်နှစ်စီးနဲ့ ခေါ်ထုတ်သွားတာဖြစ်ပါတယ်။

BNRA တပ်ဖွဲ့ဝင်​တွေဟာPDFနဲ့ ပကဖထံ လက်
နက်ချပူးပေါင်းလာသူ တွေလည်း ရှိပါတယ်။ စုစုပေါင်း အင်အား၁၅၀ခန့် လက်နက်ချတာ၊ အလင်းဝင်တာရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်
ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဗိုလ်နဂါးကစစ်တပ်နဲ့ပေါင်းသွားပြီဖြစ်လို့ ယင်းမာပင်ခရိုင်ထဲက ဒေသခံပြည်သူတွေနဲ့တော်လှန်ရေးအင်အားစုတွေ လေကြောင်းအန္တရာယ်ပိုမိုသတိပြုကြဖို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်း
ဆောင် ဦးဇော်ထက်ကသတိပေးထားပါတယ်။

အရင်ကလည်းယင်းမာပင် ခရိုင်အတွင်းက တပ်
ရင်းတပ်ဖွဲ့တွေရဲ့တပ်စခန်းတွေ၊ပအဖဂိတ်စခန်းတွေကိုလေကြောင်းတိုက်ခိုက်မှုခံရခြင်းမှာ တော်
လှန်ရေး သမားအမည်ခံနဂါးရဲ့ သတင်းပေးပို့မှုကြောင့်လို့ ဦးဇော်ထက်ကလူမှုကွန်ရက်မှာရေး
ထားထားပါတယ်။ ဒါ​ပေမယ့် အဲဒီအချက်အလက်အ​ပေါ် People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါဘူး ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။