Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်မှာ စစ်တပ်စစ်ကြောင်းတိုက်ခိုက်ရာ သုံးဦးသေ၊ သေနတ် တစ်လက်သိမ်းရတယ်လို့ ULF စစ်ကြောင်းပြော

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ဘန့်ဘွေးကျေးရွာကထွက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်း တိုက်ခိုက်ရာ သုံးဦးသေဆုံးပြီး လက်နက်တစ်လက် သိမ်းရတယ်လို့ ယင်းမာပင်မြို့နယ်ပကဖ လက်ရုံးတပ် ULF စစ်ကြောင်း တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

(တိုက်ပွဲအတွင်း သိမ်းရတဲ့ စစ်တပ်ထံက သေနတ်။ ဓာတ်ပုံ - ULF စစ်ကြောင်း)

ဖေဖော်ဝါရီ -၂၀၊ ၂၀၂၆။ မိုမို/Peoples Spring

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ဘန့်ဘွေးကျေးရွာကထွက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်း တိုက်ခိုက်ရာ သုံးဦးသေဆုံးပြီး လက်နက်တစ်လက် သိမ်းရတယ်လို့ ယင်းမာပင်မြို့နယ်ပကဖ လက်ရုံးတပ် ULF စစ်ကြောင်း တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့အတွက် ၂ရက် ကြာစောင့်ဆိုင်းခဲ့ပြီး အခု ဖေဖော်ဝါရီ ၁၅ရက် မနက် ၃နာရီခွဲကနေ ၄နာရီဝန်းကျင်အထိ တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“အလောင်း၊လက်နက်ရတယ်။သုံးဦးသေပါတယ် ဒဏ်ရာရများပါတယ်”လို့ ULF စစ်ကြောင်း တာဝန်ရှိသူက စစ်ကောင်စီတပ်သားတွေ သေဆုံးမှုအပေါ် ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က ဘန့်ဘွေးကျေးရွာစခန်းကနေ လက်နက်ကြီးပစ်ကူပေးကြောင့် တိုက်ပွဲဖြစ်ပွားချိန်မှာ အခင်းဖြစ်ပွားရာနေရာကို မရှင်းလင်းနိုင်ခဲ့တာကြောင့် ပြန်ဆုတ်ခဲ့ရတယ်လို့လည်း အသိပေးပါတယ်။

ဒါ့အပြင် ခရီးသွားပြည်သူကားတွေ တားဆီးပြီး ဖမ်းစီးငွေညှစ်တာတွေ အနီးအနား ကျေးရွာတွေကို လှည့်လည်ရိက္ခာယူတာတွေ နေ့စဥ်ပြုလုပ်လာတာကြောင့် ULF စစ်ကြောင်း ၊ကနီမြို့နယ် ပကဖ လက်ရုံးတပ် ၊ ကနီ 9+ စစ်ကြောင်း ၊YMB Column (ယင်းမာပင်မြို့နယ် စစ်ကြောင်း)တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပျူစောထီးတွေများတဲ့ ဘန့်ဘွေးကျေးရွာမှာ စစ်တပ်က ၂၀၂၂ကတည်းက တပ်စွဲခဲ့တာဖြစ်ပါတယ်။ အနောက်မြောက်ပိုင်းစစ်ဌာနချုပ် (နမခ)ကတပ်တချို့ အခြေစိုက်ပြီး အင်အား ၆၀ ထက် မနည်းရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာစစ်တပ်စစ်ကြောင်းအထိနာပြီး လက်နက်ခဲယမ်းတွေ ရတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။