Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ရဲမိသားစုဝင်တွေလိုင်းခန်းမှာမနေဘဲ အိမ်ဌားနေလာကြ

မန္တလေးမြို့မှာအာဏာသိမ်းစစ်ကောင်စီရဲ့ပြည်ထဲရေးဝန်ကြီးဌာန လက် အောက်ခံရဲတပ်ဖွဲ့ရဲ့မိသားစုဝင်တွေဟာဝန်ထမ်းလိုင်းခန်းတွေကို စွန့်

မန္တလေးတိုင်းရဲတပ်ဖွဲ့မှုးရုံးကို ၂၀၁၈ ခုနှစ်အတွင်းတွေ့ရပုံ ဓာတ်ပုံ - Google Map

ဖေဖော်ဝါရီ – ၂၀ ၊၂၀၂၆ ၊ဆိုင်းမင်း/People’s Spring

မန္တလေးမြို့မှာအာဏာသိမ်းစစ်ကောင်စီရဲ့ပြည်ထဲရေးဝန်ကြီးဌာန လက် အောက်ခံရဲတပ်ဖွဲ့ရဲ့မိသားစုဝင်တွေဟာဝန်ထမ်းလိုင်းခန်းတွေကို စွန့်ခွာပြီးလူနေရပ်ကွက်တွေမှာဌားရမ်းနေထိုင်လာကြတယ််လို့ ရဲအသိုင်းအဝိုင်းကနေသိရပါတယ်။

ရဲစခန်းဝင်းထဲမှာရဲတပ်ဖွဲ့ဝင်တွေအတွက်ပေးထားတဲ့လိုင်းခန်းတွေမှာ မနေကြဘဲ ရဲစခန်းအနီးကရပ်ကွက်တွေမှာ ဌားရမ်းနေထိုင်လာကြတာလို့ အိမ်ခြံမြေဌားရမ်းတာဝန်ဆောင်မှုပေးနေသူတစ်ဦးက လည်းပြောပါတယ်။

“ရပ်ကွက်ထဲလာငှားရင် ရဲမိသားစုတွေ၊တချို့ဆို သိတောင်မသိလိုက်ရဘူး ရဲဆိုတာကို၊နေတာကြာလာမှ သိကြရတာ”လို့ မဟာအောင်မြေမြို့နယ်ရှိ အိမ်ခြံမြေအကျိုးတော်ဆောင်တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အခုလိုလိုင်းခန်းကိုစွန့်ခွာပြီးဌားရမ်းနေထိုင်မှုတွေဟာမန္တလေးမှာ ရဲစခန်းတွေ တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ အတွေ့ များလာတာလို့ သိရပါတယ်။

တဖက်မှာလည်း ရဲစခန်းဝန်းထဲက လိုင်းခန်းမှာ နေထိုင်သူနည်းပါးလာချိန်မှာကျန်ရှိနေဆဲတပ်ဖွဲ့ဝင်မိသားစုဝင်အချို့ကို ကင်းစောင့်ခိုင်းတာမျိုးရှိတယ်လို့ ရဲမိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“အခုက ဝန်ထမ်းမဟုတ်လည်း မိန်းမသားကအစ ကင်းစောင့်ခိုင်းတယ် ”လို့ အဲဒီ ရဲမိသားစုနဲ့ နီးစပ်သူကိုဆိုပါတယ်။

မန္တလေးမြို့ပေါ်မှာရဲစခန်းတွေ ၊လုံခြုံရေးဂိတ်တွေ ၊စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေ ပစ်မှတ်ထားတိုက်ခိုက်ခံရမှုကြဲသွားပေမယ့်ရဲတပ်ဖွဲ့ မိသားစုတွေက ပြင်ပမှာသာ ငှားရမ်းနေထိုင်နေကြဆဲပါ။

ပြီးခဲ့တဲ့ဇန်နဝါရီလကုန်ပိုင်းကတော့အာဏာသိမ်းစစ်ကောင်စီခေါင်း ဆောင်မန္တလေးနန်းတွင်းရှိအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဆီရောက်နေချိန် ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခဲ့တယ်လို့ သတင်းထွက်ခဲ့ပေမယ့် စစ်ကောင်စီဘက်က ငြင်းဆိုခဲ့ပါတယ်။

မန္တလေးမြို့ကိုတော့ စစ်ကောင်စီတပ်က အပြည့်အဝထိန်းချုပ်ထားပြီး မြို့ရဲ့ မြောက်ဘက်ခြမ်းက မတ္တရာ နဲ့ စဉ့်ကူးမြို့တွေကိုလည်း ပြန်လည်သိမ်းယူထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook