Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ဒေသ KIA တပ်မဟာ(၉) ဌာနချုပ်ကို စစ်တပ် ဗုံးကြဲ

ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၉) ဌာနချုပ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဖေဖော်ဝါရီ ၂၁ရက် မနက်ပိုင်းမှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီရဲ့ တိုက်လေယာဥ် ၂စင်း ၂၀၁၉ ခုနှစ်က မကွေး လေတပ်မှာ စစ်ရေး လေ့ကျင့်စဥ်။ ဓါတ်ပုံ-AFP

▪️မြစ်ကြီးနားမှာ လက်နက်ကြီးကျလို့ အရပ်သားထိခိုက်မှုရှိ

ဖေဖော်ဝါရီ ၂၁၊ ၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၉) ဌာနချုပ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဖေဖော်ဝါရီ ၂၁ရက် မနက်ပိုင်းမှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၁ရက် မနက် ၉နာရီခွဲကျော် အချိန် မှာ စစ်ကောင်စီတိုက်လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကြောင့် အထိအခိုက်မရှိဘူးလို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီက ကချင်ဒေသကို လေကြောင်း စစ်ဆင်ရေးတွေ ပိုလုပ်လာနိုင်လို့ ပြည်သူတွေ ပိုသတိထားဖို့ လိုအပ်တယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် မနေ့ညပိုင်းက မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်အချို့ စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၃ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ပြောပြပါတယ်။

မနေ့ည ဖေဖော်ဝါရီ ၂၀ရက် ည ၈နာရီခွဲလောက် မှာ မြစ်ကြီးနားလေဆိပ်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ ခရီးသည်တင်လေယာဉ် ပျက်စီးမှု အချို့ရှိခဲ့ပါတယ်။ လူထိခိုက်သေဆုံးတာတော့ မရှိပါဘူး။

အဲဒီတိုက်ခိုက်မှုကို KIA နဲ့ PDFက လုပ်ဆောင်ခဲ့တာလို့ စစ်ကောင်စီက ဝါဒဖြန့်ကာ ပြင်းထန်စွာ တုန့်ပြန်မယ်လို့ အသိပေးထားပေမယ့် ကချင်စစ်ရေး သတင်းရင်းမြစ်တွေနဲ့ KIA သတင်းရင်းမြစ်အချို့က KIA/PDF အနေနဲ့ အရပ်သားပြည်သူ စီးတဲ့ လေယာဉ်ကို တိုက်ခိုက်မှာ မဟုတ်ဘဲ စစ်တပ်က ကိုယ်တိုင်ဖန်တီးပြီး KIA/PDF အပေါ် အထင်အမြင်မှားအောင် လုပ်ဆောင်တာလို့ တုံ့ပြန်ပါတယ်။

စစ်ကောင်စီဟာ မနေ့ညပိုင်းကလည်း KIO/KIA ဌာနချုပ် လိုင်ဇာမြို့ပေါ် လေယာဉ်ပြန်ဝဲပြီး မြို့ မြောက်ဘက် တောင်ကုန်းက KIA တပ်စခန်းကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။