Connect with us

Hi, what are you looking for?

သတင်း

မြင်းမူမြို့နယ် လေကြောင်းတိုက်ခိုက်မှု သေဆုံးသူထပ်တိုး ၁၀ဦးအထိရှိလာ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ကျေးရွာ လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသူထပ်တိုးပြီး ၁၀ဦးအထိရှိလာကြောင်း မြင်းမူမြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဖေဖော်ဝါရီ-၂၅၊ ၂၀၂၆ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ကျေးရွာ လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသူထပ်တိုးပြီး ၁၀ဦးအထိရှိလာကြောင်း မြင်းမူမြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၃ရက် ည ၇နာရီဝန်းကျင်က မြင်းမူမြို့ရဲ့အရှေ့မြောက်အရပ်မှာရှိတဲ့ ရွှေကျောင်းကန်ကျေးရွာကို မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေတက်လာတဲ့ စက်တပ်လေထီး၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၃ ဦးနဲ့ ကလေး ကျားတစ်ဦး၊ မတစ်ဦး စုစုပေါင်း ပြည်သူ ၉ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

မနေ့ညနေမှာပဲ ထိခိုက်သူတွေထဲက တစ်ဦးထပ်မံသေဆုံးပြီး စုစုပေါင်းသေဆုံးသူ ၁၀ ဦးအထိ ရှိလာကြောင်း မြင်းမူမြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဒဏ်ရာရ ငါးဦးထဲမှ အမျိုးသားတစ်ဦး ထပ်မံသေဆုံးပါတယ်”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ရဲဘော်ကိုရဲမင်း (၃၁ နှစ်) ကျဆုံးခဲ့ရသလို၊ အပြစ်မဲ့ ပြည်သူများဖြစ်တဲ့ ဒေါ်ကြည်တင် (၆၅ နှစ်)၊ ဦးစိုး (၅၈ နှစ်)၊ ဦးဇော်ထွန်း (၅၀ နှစ်)၊ ဒေါ်မိုးမိုး (၅၀ နှစ်)၊ ဦးဝင်းလွင် (၄၅ နှစ်)၊ ကိုအောင်မာဝင်း (၂၈ နှစ်) နှင့် မသီတာဦး (၂၅ နှစ်) တို့ သေဆုံးခဲ့ကြောင်း၊ ဒါ့အပြင် အသက် (၁၁) နှစ်အရွယ် မပြည့်ပြည့်ဝင်းနဲ့ အသက် (၃) နှစ်အရွယ် မဇွန်ယမုံ စတဲ့ ကလေးငယ်တွေလည်း အသက်ဆုံးရှုံးခဲ့ရကြောင်း သိရပါတယ်။

ဒဏ်ရာရရှိသူတွေထဲမှာ အသက် ၃၁နှစ်အရွယ် ရဲဘော်တစ်ဦးနဲ့ ပြည်သူတွေဖြစ်တဲ့ဦးအောင်လွင် (၄၈ နှစ်)၊ ဦးဝင်းဇော် (၄၅ နှစ်)၊ ဒေါ်အေးသန်း (၄၃ နှစ်) နှင့် ကလေးငယ်များဖြစ်ကြတဲ့ မအေးမြတ်မွန် (၇ နှစ်)၊ မငွေလမင်း (၄ နှစ်) တို့ ပါဝင်ပြီး လက်ရှိတွင် လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးနေရကြောင်း သိရှိရပါတယ်။

ချသွားတဲ့နေရာဟာ စတားလင့်အင်တာနက်သုံးတဲ့နေရာနဲ့ ဆီကြိတ်စက်တစ်လုံးနေရာဖြစ်တယ်လို့ သိရပါတယ်။

မြင်းမူမြို့နယ်ဟာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတင်မကဘဲ မြေပြင်စစ်ကြောင်းထိုးကာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုတွေ ကြုံခဲ့ရတဲ့ဒေသဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။