Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော် အာဟာရသုခဈေးမီးလောင်၊ ၁နာရီကျော်ကြာတဲ့အထိ မီးမငြိမ်းသေး

နေပြည်တော် ပျဉ်းမနားမြို့နယ်က အာဟာရသုခဈေးမှာ မီးလောင်မှုဖြစ်နေပြီး ၁နာရီကျော်ကြာတဲ့အထိမီးငြှိမ်းသတ်နေရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ-၂၅၊၂၀၂၆။နေ့သစ်/People’s Spring

နေပြည်တော် ပျဉ်းမနားမြို့နယ်က အာဟာရသုခဈေးမှာ မီးလောင်မှုဖြစ်နေပြီး ၁နာရီကျော်ကြာတဲ့အထိမီးငြှိမ်းသတ်နေရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်ည ၈နာရီခွဲကျော်မှာ မီးလောင်မှုစတင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ၁၀နာရီခန့်အချိန်ထိ မီးငြှိမ်းသတ်နေရဆဲဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“မီးမငြိမ်းသေးပါဘူး။ လောင်တာများတယ်။ အလယ်ကြောကုန်ပြီ” လို့ ‌ဒေသခံတစ်ဦးက ည ၉နာရီ ၄၀ မှာ လူထုနွေဦးရဲ့ မေးမြန်းမှုကိုပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆန်ဆိုင်၊ ကုန်စုံဆိုင် ၊ အလှကုန်ဆိုင် ၊ ပဲကြော်ဆိုင် ၊အဝတ်အထည်ဆိုင်တွေ မီးလောင်သွားတယ်လို့ ဆိုပါတယ်။

မီးသတ်တပ်ဖွဲ့ကတော့ ဒီမီးလောင်မှုကို Level 2 အဆင့်မီးငြှိမ်းသတ်ယာဉ်တွေနဲ့ ငြှိမ်းသတ်နေပြီး ည ၉နာရီခွဲမှာ မီးငြိမ်းတယ်လို့ ထုတ်ပြန်ထားပါတယ်။

“မီးက ၈ နာရီခွဲကျော်ထဲက လောင်တာ တစ်နာရီလောက်ကြာတယ်။ မီးက တော်တော်များတယ်။ ပျဉ်းမနားဘူတာဘက်ကလူတွေတောင် မီးခိုးလုံးတွေကို မြင်ရတယ်။ စျေးရုံထဲ ဆိုင်ခန်းတွေက ကပ်နေတာဆိုတော့ အကုန်မီးကူးပြီး လောင်ကုန်တာပါ။ အလယ်တန်းဆိုင်ခန်းတစ်ခုက စလောင်တယ်လို့ သိရပါတယ်” လို့ ပျဉ်းမနားမြို့ခံတစ်ဦးက ပြောပါတယ်။

အာဟာရသုခဈေး မီးလောင်မှုမှာ လူထိခိုက်မှု မရှိသော်လည်း စျေးရုံအလယ်တန်း ဆိုင်ခန်းအများစု မီးလောင်ပြာကျခဲ့ပြီး ပစ္စည်းတွေပျက်ဆီးဆုံးရှုံးမှု များပြားနိုင်ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ ပြည်သူတစ်ဦးက ပြောပါတယ်။

အာဟာရသုခဈေးဟာ ကင်မွန်းတန်းကျေးရွာမှာရှ်ိပြီး ပျဉ်းမနားမြို့နယ်ရဲ့ အဓိက ဈေးကြီးဖြစ်ပါတယ်။ ဂိုထောင်တွေအများဆုံးရှ်ိပြီး ဒီနေ့ည မီးလောင်မှုမှာ ဆုံးရှုံးပျက်စီးမှုအသေးစိတ်ကို မသိရသေးပါဘူး။

ယမန်နေ့ (ဖေဖော်ဝါရီ ၂၄)ကလည်း ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် စက်မှုဇုန်အပိုင်း (၅)၊ ဗညားဒလလမ်းရှိ ဖွဲစက်ရုံ နဲ့ မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ- ကန်ဇွန်းမ လမ်းဘေး၊ ဖူးသိမ့်ဆီဆိုင်တို့မှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။

သတင်း

တာချီလိတ်မှာ မယ်ဆိုင်ချောင်းရေလျှံ

သတင်း

နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ တပ်မိသားစုဝင် ၁ဦး ပေါ်တာဆွဲခံရလို့ မိခင်ကိုယ်တိုင် လူမှုကွန်ရက်ကနေ အကူအညီတောင်းနေပါတယ်။

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။