Connect with us

Hi, what are you looking for?

သတင်း

လေယာဥ်ဆီစက်ရုံနဲ့ ကပစ(၂)တိုက်ခံရပြီးနောက် စစ်တပ် စစ်ကြောင်းထိုးလာ

လေယာဥ်ဆီထုတ်တဲ့စက်ရုံနဲ့ အမှတ်(၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂)တိုက်ခံရပြီးနောက် စစ်တပ်က စစ်ကြောင်းထိုးလာတယ်လို့ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။

လေယာဥ်ဆီထုတ်တဲ့စက်ရုံနဲ့ အမှတ်(၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂)တိုက်ခံရပြီးနောက် စစ်တပ်က စစ်ကြောင်းထိုးလာတယ်လို့ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။

ဖေဖော်ဝါရီ-၂၈၊၂၀၂၆ ​​ဇေအောင်/People’s Spring

လေယာဥ်ဆီထုတ်တဲ့စက်ရုံနဲ့ အမှတ်(၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂)တိုက်ခံရပြီးနောက် စစ်တပ်က စစ်ကြောင်းထိုးလာတယ်လို့ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။

နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုမှာ အရေးပါပြီး လေယာဥ်ဆီထုတ်လုပ်၊ ဖြန့်ဝေနေတဲ့ မန်းသမ္ဘရာကန် ရေနံချက်စက်ရုံနဲ့ စစ်ကောင်စီရဲ့ ရေသောက်မြစ်တစ်ခုဖြစ်တဲ့ ကပစ(၂)ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ဖေဖော်ဝါရီ ၂၇ ရက် မနက်၁ နာရီဝန်းကျင်မှာ ကာကွယ်ရေးအဖွဲ့တွေက ပစ် ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“စကစဘက်က စစ်ကြောင်းထိုး နယ်မြေရှင်းတာမျိုးတော့ လုပ်နေတယ်။အသေးစိတ်ကိုတော့ မြေပြင်နဲ့ ဆက်သွယ်နေဆဲပဲ”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သမ္ဘရာကန်ကျေးရွာဟာ အထက်မင်းလှမြို့နယ်ရဲ့ အနောက်ခြမ်းမှာရှိပြီး သရက်-မင်းလှ လမ်းပိုင်းဘေး ပန်းတော်ပြင်၊မလွန်၊ညောင်ပင်ကျင်းနဲ့ သက်ကယ်ကျင်းရွာတွေ အနီးရှိပါတယ်။

ရှေ့တိုက်ဒုံးတွေက သမ္ဘရာကန်စက်ရုံဝင်းအတွင်း၃လုံးကျရောက်ပြီး ဝန်ထမ်းလိုင်းခန်းနဲ့ စက်ရုံပတ်ဝန်းကျင်ထိမှန်ခဲ့တယ်လို့ အကြမ်းဖက်တိုက်ဖျက်ရေးအထူးတပ်ဖွဲ့(SOS) က ထုတ်ပြန်ထားပါတယ်။

အလားတူပဲ ကပစ(၂)လည်း ရှော့တိုက်ဒုံးတစ်လုံး ပေါက်ကွဲဲပြီး ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

ရှော့တိုက်ဒုံးပေါက်ကွဲမှုတွေနဲ့ စစ်တပ်စက်ရုံ နှစ်ခု ထိခိုက်မှုတွေကိုတော့ လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။

“တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဥ်ကိုသိရတယ်။အသေးစိတ် အချက်အလက်ကို စုံစမ်းဆဲ”လို့ သရက်ခရိုင် ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

သရက်ခရိုင်ထဲက အထက်မင်းလှမြို့နယ်မှာ ကပစ(၂)အပြင် ကပစ(၁၀)နဲ့(၁၃)လည်း ရှိပါတယ်။

အဲဒါအပြင် သရက်ခရိုင်က သရက်၊မင်းတုန်း၊ဆင်ပေါင်ဝဲ၊အောင်လံ၊ကံမနဲ့ အထက်မင်းလှ မြို့နယ်တွေမှာ စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ ခုနစ်ခုအထိ ရှိပါတယ်။

ဒါကြောင့် စစ်ရေးအချက်အလက် မှတ်တမ်းတင်စောင့်ကြည့်သူတွေက သရက်ခရိုင်ဟာ စစ်တပ်ရဲ့ နှလုံးသားနဲ့ စစ်ဗျူဟာအရ စစ်ရဲ့အသက်အိမ်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေက သရက်၊မင်းတုန်း၊ကံမ နဲ့ ဆင်ပေါင်ဝဲ မြို့နယ်တွေက စစ်တပ်စစ်ကြောင်းတွေ ၊စခန်းနဲ့ကာကင်း တွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ပြီး လက်နက်ခဲယမ်းတချို့သိမ်းဆည်းနိုင်ခဲ့တာ ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တံတားဦးလေတပ်တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က စစ်ကြောင်းတွေ နွားထိုးကြီးမြို့နယ်အတွင်းဝင် ရောက်ကာ နွားထိုး- မြင်းခြံလမ်းပိုင်းက ကျေးရွာတချို့ကို ဝင်ရောက် တပ်စွဲပြီး အိမ်ထောင်စုစာရင်း ကောက်ယူနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

လေယာဉ်နဲ့ကြဲချတဲ့ ဗုံးတွေထုတ်လုပ်နေတဲ့ ဆိပ်ဖြူမြို့နယ်က အဓိကလမ်းပိုင်းတွေကို စစ်တပ်က စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းတစ်လျှောက် စစ်တပ်စစ်ကြောင်းထိုးနေပြီးတော်လှန်ရေးတပ်တွေနဲ့ စစ်ဆိုင်ထားတယ်လို့ ဗျူဟာအမှတ်(၂၃) ပဲခူးတိုင်းစစ်ဌာန တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Trending

Facebook