Connect with us

Hi, what are you looking for?

သတင်း

ကောင်းမှုတော်ထီးတင်ပွဲ စစ်ခေါင်းဆောင်လာမယ်ဆိုလို့ စစ်တပ်က ရွာတွေစစ်ကြောင်းထိုးနယ်မြေရှင်း

စစ်ကိုင်းမြို့၊ ကောင်းမှုတော်စေတီ စိန်ဖူးတော်တင်ပွဲကို စစ်ခေါင်းဆောင်လာမယ်ဆိုလို့ စစ်တပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနယ်မြေရှင်းလင်းနေတယ်လို့ ဒေသခံများက ပြောပါတယ်။

(ကောင်းမှုတော်စေတီ စိန်ဖူးတော်တင်ပွဲလှည့်လည်နေစဥ်။ ဓာတ်ပုံ − CJ)

ဖေဖော်ဝါရီ−၂၈၊ ၂၀၂၆။ဇေအောင်၊ရှိန်း/People’s Spring

စစ်ကိုင်းမြို့၊ ကောင်းမှုတော်စေတီ စိန်ဖူးတော်တင်ပွဲကို စစ်ခေါင်းဆောင်လာမယ်ဆိုလို့ စစ်တပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနယ်မြေရှင်းလင်းနေတယ်လို့ ဒေသခံများက ပြောပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းမှာ စစ်ကိုင်းတက္ကသိုလ်အတွင်းက ထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ကောင်းမှုတော်ဘုရားနဲ့မနီးမဝေးမှာရှိတဲ့ စစ်ကိုင်းတက္ကသိုလ်အနောက်ဘက် မုံရွာ-မန္တလေးကားလမ်းဘေးတလျှောက်က ကျေးရွာတွေကို နယ်မြေရှင်းလင်းရေးလုပ်ကာ စစ်ကြောင်းဝင်နေကြောင်း လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

“အဲ့ကို မင်းအောင်လှိုင် လာမယ်ပြောတယ်။ အဲ့ဒါကြောင့် နယ်မြေရှင်းလင်းရေး လုပ်တဲ့သဘောပေါ့”လို့ ၎င်းတာဝန်ရှိသူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ ဖေဖော်ဝါရီ၂၇ ရက်မှာ မန္တလေးမြို့ဘက်ကနေ စစ်ကိုင်းမြို့ တပ်မ(၃၃)အတွင်းကို ဖောကား တွေနဲ့ အင်အားဖြည့်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ မန္တလေးမြို့ကနေ ရေကြောင်းကတဆင့် မင်းကွန်းကျေးရွာဘက်ကို သင်္ဘော ၃စီးနဲ့ အင်အား ၂၀၀ လောက် ပို့ထားတယ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တော်လှန်ရေးတပ်တွေက ပြောပါတယ်။

လက်ရှိ စစ်ကိုင်းမြို့အနီး မင်းကွန်းရွာမှာ အင်အား၂၀၀ ခန့်၊ ရေခါးရွာမှာ အင်အား၂၀၀ခန့်၊ကြွယ်လူးရွာမှာ အင်အား၅၀ခန့်၊ ပေါက်လှကျွန်းရွာမှာ ၅၀ခန့်၊ညောင်ကုန်းရွာမှာ ၈၀ခန့်၊ ညောင်ပင်ဇင်/မြင်း မွေးမှာ ၈၀ခန့်၊ တအိမ်တည်းရွာမှာ ၁၀၀ခန့်‌‌၊ရေမျက်ရွာမှာ ၁၀၀ ခန့်၊ဆင်မြေနဲ့မိုးကြိုးကျေးရွာမှာ ၂၀၀ ခန့် စုစုပေါင်း စစ်ကိုင်းမြို့နယ်မှာ အင်အား ၁၀၀၀ ကျော်ဖြန့်ထားပြီး စစ်ကြောင်းတွေက ကျေးရွာတွေပတ် မွှေနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အုန်းတော တကရ(၆၀၀၅)တပ်ရင်းကလည်း စစ်ကိုင်းမြို့နယ် ဆည်တောလမ်းဆုံကို Suicide Drone တစ်စီးနဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်ထားသလို စစ်ကိုင်းမြို့နယ်အနောက်ခြမ်းကိုလည်း တပ်မ(၃၃)က စစ်ကားတွေဆက်တိုက်ထွက် နေတယ်လို့ သိရပါတယ်။

ကောင်းမှုတော်စေတီကို အာဏာသိမ်းစစ်ခေါင်းဆောင်လာမယ်မလာဘူးဆိုတာကို သီးခြားအတည်ပြုလို့ မရသေးပါဘူး။

ဒါ့အပြင် စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားတဲ့ ငါးထပ်ကြီးဘုရားဘက်ကနေလည်း အနောက်ဘက်ဒေသကို အင်အား၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းဝင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့မနက်ပိုင်းက စစ်ကိုင်းမြို့မှာ သီတဂူဆရာတော်ဦးဆောင်ပြီး ကောင်းမှုတော်စေတီ စိန်ဖူးတော် တင်လှူပွဲအတွက် ဝင်းခင်းအခမ်းအနားတွေနဲ့ လှည့်လည်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့တောင်ဘက်ဖလူးတောင်ခြေမှာစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အာဏာသိမ်းစစ်တပ်ရဲ့ပူးပေါင်းစစ်ကြောင်းနဲ့ KNU တပ်မဟာ(၆) ပူးပေါင်းတပ်ဖွဲ့တို့ကြားပြီးခဲ့တဲ့ဇူလိုင် ၂၆ ရက်ကတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ ထောက်ရှာပင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေတယ်လို့ အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းမြို့နယ်ကနေ ရခိုင်ရိုးမဆီ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က တပ်သားတချို့ဟာ လက်နက်ယူပြီး ထွက်ပြေးအလင်းဝင်လာတယ်လို့ ‌ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။