Connect with us

Hi, what are you looking for?

သတင်း

ဆင်ဖြူရှင်တံတားမှာ စစ်အုပ်စု ငွေတောင်းကြမ်းနေ

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားတဲ့ ဆင်ဖြူရှင်တံတားမှာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်က ခရီးသွားကားတွေကို ငွေတောင်းကြမ်းနေပြီး ကားတစ်စီး ကျပ်သိန်းချီပေးနေရတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။

ဆင်ဖြူရှင်တံတားထိပ်က စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ၂၀၂၂ ခုနှစ်က တော်လှန်ရေးအဖွဲ့များ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့စဥ်။ ဓာတ်ပုံ- CJ

မတ် ၁၊၂၀၂၆။ဇေအောင်/People’s Spring

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားတဲ့ ဆင်ဖြူရှင်တံတားမှာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်က ခရီးသွားကားတွေကို ငွေတောင်းကြမ်းနေပြီး ကားတစ်စီး ကျပ်သိန်းချီပေးနေရတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။

မကွေးတိုင်း၊ ရေစကြို​မြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကို ဆက်သွယ်ထားတဲ့ ချင်းတွင်းမြစ်ကူးတံတားဖြစ်တဲ့ ဆင်ဖြူရှင်တံတားတံတားအဝင် စစ်ဆေးရေးဂိတ်မှာ စစ်အုပ်စုက ကားတစ်စီးကို ကျပ် တစ်သိန်း၊ တံတားအထွက် ရဲဂိတ်မှာ ကျပ် ခုနစ်သောင်း တောင်းယူနေပြီး ငွေပေးမှ ဖြတ်သန်းခွင့်ပြုကြောင်း ခရီးသွားပြည်သူတွေက ပြောပါတယ်။

ဆင်ဖြူရှင်တံတားကို တွေ့ရစဥ်။ ဓာတ်ပုံ- CJ

“ တံတားအရှေ့ဘက်နဲ့ အနောက်ဘက်မှာ ဂိတ်နှစ်ခုရှိတယ်။ အနောက်ဘက်ဂိတ်က ပိုက်ဆံတောင်းကြမ်းပါတယ်၊ ရစ်တယ်၊ လုပ်စားနေကြတာ။ ပျူနဲ့စခတွေ၊ အရှေ့ဘက်ဂိတ်ကတော့ ပြဿနာသိပ်မရှာပါဘူး။” လို့ ရေစကြိုသတင်းအချက်အလက် ကော်မတီရဲ့တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်ခရိုင်တွင်းမှာ စစ်ကောင်စီတပ်စစ်ကြောင်းတွေရှိနေလို့ ပြည်သူတွေဟာ ဆင်ဖြူရှင်တံတားဘက်ကနေ လှည့်ပတ်သွားနေရပြီး စစ်အုပ်စု ငွေတောင်းကြမ်းလို့ အဆင်မပြေဖြစ်နေရကြောင်း ခရီးသွားပြည်သူတွေက ပြောပါတယ်။

ဆင်ဖြူရှင်တံတားက စစ်ကောင်စီတပ်ဂိတ်ကို လွန်ခဲ့တဲ့ ၂၀၂၂ ဇွန်လ ၉ ရက်မှာ တော်လှန်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးပြီး စစ်အု​ပ်စုဝင်တွေ ထိခိုက်သေဆုံးခဲ့ဖူးပါတယ်။

တိုက်ခိုက်ခံရပြီး ဆင်ဖြူရှင်တံတား စစ်ဆေးရေးဂိတ်ကို ကာလအတန်ကြာပိတ်ထားခဲ့ပြီးနောက် ယခုအခါ ဂိတ်ပြန်ဖွင့်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုဝင်ဘာ ၆ ရက် နံနက် ၅နာရီခန့်က စတင်ပြီး နံနက် ၉ နာရီခွဲခန့်အထိ နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

သတင်း

စစ်ကောင်စီလက်ပါးစေများကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်၍ ကျန်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုနှင့် အမြန်ဆုံးပူးပေါင်းကြရန်လည်း PDFရဲဘော် တိုက်တွန်းသည်။