Connect with us

Hi, what are you looking for?

သတင်း

ဆင်ဖြူရှင်တံတားရှိ စစ်ကောင်စီတပ်ဂိတ်စခန်းအား PDFများတိုက်ခိုက်ရာ နှစ်ဖက်ထိခိုက်မှုရှိ

နိုဝင်ဘာ ၆ ရက် နံနက် ၅နာရီခန့်က စတင်ပြီး နံနက် ၉ နာရီခွဲခန့်အထိ နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

(၂၀၂၂ ဇွန်လ ၉ ရက်က ဆင်ဖြူရှင်တံတားဂိတ်စခန်း တိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ရေစကြိုပကဖ)
(၂၀၂၂ ဇွန်လ ၉ ရက်က ဆင်ဖြူရှင်တံတားဂိတ်စခန်း တိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ရေစကြိုပကဖ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ဖြူရှင်တံတားရှိ စစ်ကောင်စီ၏ဂိတ်စခန်းအား ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ရာ နှစ်ဖက်ထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၆ ရက် နံနက် ၅နာရီခန့်က စတင်ပြီး နံနက် ၉ နာရီခွဲခန့်အထိ နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှုများရှိကြောင်းနှင့် PDF ရဲဘော် လေးဦးကျဆုံးခဲ့ကြောင်း PDFအဖွဲ့နှင့်နီးစပ်သည့် ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

“ခရိုင်တပ်ရင်းတွေက ဝင်တိုက်တာလို့သိရတယ်။ ကျွန်တော်ကြားတာကတော့ ရဲဘော်လေးယောက်ကျတယ်။ တစ်ယောက်ဒဏ်ရာရတယ်။ တစ်ယောက်ကတော့ ဘော်ဒီက ပြန်မကောက်နိုင်ခဲ့ဘူး”ဟု ဒေသတွင်းPDFရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကူလာသည့် စစ်ကားတစ်စီးကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း PDF နှင့် နီးစပ်သူများက ပြောသည်။

တိုက်ပွဲနှင့်ပတ်သက်၍ သွားရောက်တိုက်ခိုက်ခဲ့သည့်အဖွဲ့များက ယနေ့အထိ ထုတ်ပြန်ခြင်းမရှိသေးပေ။

ဆင်ဖြူရှင်တံတားသည် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း ဆက်သွယ်ထားသော တံတားတစ်စင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ဇွန်လ ၉ ရက်ကလည်း အဆိုပါတံတားရှိ ဂိတ်စခန်းကို မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦး အရှင်ဖမ်းမိခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook